မီးဗျို့ မီး! မီး! မဟုတ်သေးပါဘူး၊ ချက်ပြုတ်နေတာကွ !!!!!!

 

no noise, no smoke, နဲ့ no dirty ဆိုတဲ့အချက်တွေနဲ့ပြည့်နေတာက တိုကျိုမြို့ပါ။
လုံးဝမရှိဘူးလို့ပြောရင်၊ လိမ်တယ်လို့ထင်မိကြပါလိမ့်မယ်။

သို့သော် မြို့လို့ဆိုရရင် တော်တော်လေးကိုတိတ်ဆိတ်ပြီး သန့်ရှင်းတဲ့မြို့ကြီးပဲဖြစ်ပါတယ်။
အဲ့ဒီလိုမြို့ကိုလမ်းလျှောက်ထွက်တဲ့အချိန် ဒီလိုဆိုင်ကိုတွေ့ရင် သင်ဆိုဘယ်လိုလုပ်မလဲ?

 

 

https://twitter.com/fine_bento/status/1269623174137696258

ကျွန်တော်သာဆို မီးဗျို့ လို့အော်ပြီး မီးသတ်ဌာနကိုချက်ချင်းအကြောင်းကြားမိမလားမသိဘူး? ဟဟဟဟ
သို့သော်…. ဒီဆိုင်က နေ့တိုင်းဒီလိုပါပဲတဲ့….
ဟာဗျာ….ဘယ်လိုကြီးလဲနော်…..

Tokyo Edogawa ရပ်ကွက် Shinozaki အရပ်မှာ 鯖の助(さばのすけ)Saba no suke လို့ခေါ်တဲ့ထမင်းဆိုင်ရှိပါတယ်။
မီးတောက်တွေနဲ့ အသားတွေ၊ ငါးတွေကို ကင်ပါတယ်။

 

 

 

 

မီးသွေးနဲ့ သေသေချာချာလေးကင်ထားတဲ့ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဝက်ပေါင်ခြောက်နဲ့ ငါး…
အရသာကတော့ အရမ်းကောင်းနေတော့မှာပါပဲ။

မြန်မာနိုင်ငံမှာတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ မီးခိုးငွေ့တစ်ထောင်းထောင်းနဲ့ ဟင်းလျာတွေကိုပြင်ဆင်တဲ့ဆိုင်တွေအများအပြားရှိမှာဖြစ်ပေမဲ့၊ တိုကျိုမှာတော့ ရှားပါတယ်။
သို့သော် ဒီလိုကင်ထားတဲ့ဟင်းလျာတွေက ပိုစားကောင်းမယ့်ပုံပဲနော်…သူတို့ရဲ့အနံ့လေးရောပဲ…

ဈေးကလည်းတန်ပြီးအရသာကလည်းရှိတာကြောင့် Taxi နဲ့ truck driver တွေကြားမှာနာမည်ကြီးပါတယ်။ သူတို့တွေကအများဆုံးလာဝယ်စားကြတယ်ပေါ့….


ရိုးရှင်းပြီး အရမ်းအရသာရှိမယ့်ပုံပါပဲ။

ဒီဆိုင်က ပန်းခြံရဲ့ထောင့်လေးမှာရှိတာကြောင့် မီးခိုးတွေထွက်လည်း ပတ်ဝန်းကျင်အတွက်အနှောင့်အယှက်မဖြစ်စေတာက သူ့ရဲ့အားသာချက်တစ်ခုပါ။

ဒီလိုဆိုင်ရဲ့လုပ်နည်းကိုင်နည်းတွေက အရသာအရှိဆုံးပဲလို့ပြောကြပေမဲ့၊ ဒီလိုပုံစံဟင်းလျာပြင်ဆင်မှုက ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်စေတဲ့အတွက် ကိုယ်တိုင်မချက်ကြတော့ဘဲ၊ အနီးအနားပတ်ဝန်းကျင်ကလူတွေဟာ ဒီဆိုင်မှာပဲ ညစာအတွက်လာဝယ်ကြတယ်လို့ပြောပါတယ်။

စကားမစပ် ဒီဆိုင်ကိုတိုင်ကြားတာတို့၊ မီးသတ်ဌာနကနေလှမ်းပြီးသတိပေးတာတို့ လုံးဝမရှိပါဘူးတဲ့….
စာဖတ်သူတို့အားလုံးလည်း တိုကျိုကိုရောက်ဖြစ်လို့ ဒီဆိုင်ကိုတွေ့ခဲ့ရင် ကျွန်တော်လို့ပဲယောင်ပြီးတော့ မီးသတ်ဌာနကို ဖုန်းမဆက်လိုက်ပါနဲ့နော်…..ဟဟဟဟ

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: