ခေါက်ဆွဲမပါတဲ့ ရေညှိ Ramen !!!

စာဖတ်သူတို့ Ramen ကိုကြိုက်ကြပါသလား?
Ramen ဆိုတာရှေးရှေးတုန်းက တရုတ်နိုင်ငံကနေစပြီးဆင်းသက်လာခဲ့တာပါ။ အဲ့ဒီနာမည်ကတော့ ဆွဲဆန့်ပြီးပြုလုပ်ထားတဲ့ခေါက်ဆွဲ ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။
အဲ့ဒီနာမည်အတိုင်း အရမ်းကိုအရသာရှိတဲ့soupနဲ့ ကင်းထားတဲ့ဝက်သားပြားကိုထည့်လည်းပဲ၊ အဲ့ဒီထဲမှာတော့ ခေါက်ဆွဲက အခရာကျပါတယ်။


https://schoolwith.me/columns/32779

ဒါကအသင့်စားခေါက်ဆွဲတွေမှာလည်း ဒီအတိုင်းပဲဖြစ်ပြီး၊ ပုံမှန်ခေါက်ဆွဲကထည့်ထားပေမဲ့လည်း၊ ဂျပန်မှာထူးဆန်းတဲ့ စားသောက်ကုန်တစ်ခုပေါ်လာပါပြီ။
မြန်မာမှာလည်းရောင်းချနေပြီဖြစ်တဲ့ Acecook ရဲ့ Wakame Ramen ပဲဖြစ်ပါတယ်။
သူ့ရဲ့ထုတ်ပိုးမှုပုံစံကို ကြည့်လိုက်ရင်တော့ …..


https://gigazine.net/news/20200401-acecock-wakame-men=nashi/

ဟယ်!
ラーメンRamen မဟုတ်ဘဲ၊ ラー Ra တစ်လုံးတည်းပဲရှိတယ်တော့ …

 

ဘယ်ဘက်ထောင့်မှာ အကြီးကြီးရေးထားတာကတော့
“ まさかの麺なし。麺0g”
“ ခေါက်ဆွဲမပါဘူး။ ခေါက်ဆွဲ 0g”

Ramen ဆိုပြီးခေါက်ဆွဲမပါမှတော့ Ramen လို့မခေါ်တော့ပဲ၊ Ra ဆိုပြီးတစ်လုံးတည်း ခေါ်လိုက်တာတဲ့….
ခေါက်ဆွဲမပါတဲ့အတွက် ခေါက်ဆွဲနေရာမှာ ရေညှိကို 4.5 ဆလောက်ထည့်ထားပါတယ်တဲ့…

https://gigazine.net/news/20200401-acecock-wakame-men-nashi/

မှားပြီးမဝယ်အောင်လည်း အပေါ်ဘက်မှာ” 麺なし”  (Men na shi) ခေါက်ဆွဲမပါ၊ ဆိုပြီးရေးထားပေးပါတယ်။

 

https//gigazine.net/news/20200401-acecock-wakame-men-nashi/

တကယ်လည်း အထဲမှာရေညှိပါပဲ …
wow! များသားပဲနော်….

https//gigazine.net/news/20200401-acecock-wakame-men-nashi/

ဖောက်ကြည့််လိုက်တော့ ဒီပုံစံလေးပါ…


https//gigazine.net/news/20200401-acecock-wakame-men-nashi/

Ramen ကနေ ခေါက်ဆွဲကိုဖယ်လိုက်တဲ့ Ra


ကဲကဲ ကြည့်ပါအုံး ရိုးရိုးရေညှိဟင်းချိုအတိုင်းပဲနော်…(ရယ်လျက်)
အရသာကိုတော့ မပြောတတ်ဘူး၊ ရေညှိကြိုက်တဲ့သူများဝယ်စားကြည့်နော် ….
review လေးပါရေးခဲ့..(ရယ်လျက်)

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: