အပြာရောင် Ramen ကို စားကြည့်ကြရအောင်!

တိုကျိုမြို့ရဲ့ Shibuya လို့ခေါ်တဲ့နေရာမှာ တစ်နိုင်ငံလုံးရဲ့ Ramen ချစ်တဲ့လူ၊ Instagram မဟုတ်ရင် Facebook သုံးနေတဲ့လူတွေ ကိုဆွဲဆောင်နေတဲ့ Ramen ဆိုင်ရှိပါတယ်။

အဲဒီဆိုင်ရဲ့နာမည်က「吉法師(KIPPOSHI)」ဖြစ်ပါတယ်။

ハチ公口( Hachikoguchi ) ဘူတာရုံကနေလမ်းလျှောက်သွားရင် ၇ မိနစ်ပဲကြာပါမယ်။

Shibuya ရဲ့အလယ်မှာတည်ရှိလို့ သွားလွယ်တယ်နော်။

https://i1.wp.com/ramental.net/wp-content/uploads/2019/04/IMG_7612.jpg?resize=728%2C546

 

ဆိုင်ထဲကိုဝင်ကြည့်လိုက်ရင် Ramen ဆိုင်လို့မထင်ရလောက်အောင် လှတဲ့စတိုင်ဖြစ်နေပါတယ်။

http://www.kipposhi.tokyo/images/SHOP_07.png

 

ဒီဆိုင်ရဲ့ concept ကတော့ 「美味しさ以上の何かを御提供します」(We offer a wonderful experience and deliciousness.) ဖြစ်ပါတယ်။

ဘယ်လို Ramen ကိုစားလို့ရသလဲ? မစောင့်နိုင်တော့ဘူးနော်!

ဒီဆိုင်မန်နေဂျာက Ramen ဆိုင်တင်မကဘဲ တရုတ်၊ အီတလီ၊ အာရှ စတဲ့အစားအစာဆိုင်အမျိုးမျိုးမှာ အကြာကြီးလေ့လာခဲ့ပါတယ်။

အဲဒီအချိန်မှာရတဲ့အတွေ့အကြုံ၊ ဗဟုသုတ နဲ့  sense ကိုအသုံးချပြီး Original Ramen ကိုဖန်တီးနေပါတယ်။

သူ့ Ramen က သေချာပေါက်အရသာရှိပါတယ်။

ပြီးတော့ Ramen ရဲ့ပုံကတော့ အရမ်းထူးဆန်းလို့ နာမည်ကြီးနေပါတယ်။

 

ဒီဆိုင်ကိုကိုယ်စားပြုတဲ့ menu ကတော့『鶏清湯(とりちんたん) 青』( Torichintan Ao) ဖြစ်ပါတယ်။

နာမည်မှာ “ အပြာရောင်( 青 )” ပါပေမဲ့ ဒီ Ramen ကဘယ်လိုမျိုးလဲ…?

 

မှာကြည့်လိုက်ရင်…

https://i1.wp.com/ramental.net/wp-content/uploads/2019/04/P1100758.jpg?resize=728%2C546

 

တကယ်အပြာရောင် Ramen ကထွက်လာပါတယ်!

အရမ်းလှတဲ့အပြာရောင်မို့လို့ စားရမှာနှမြောစရာကောင်းတယ်နော်။

အရသာက အရမ်းမငန်လို့ စားလို့ကောင်းပါတယ်။

https://i0.wp.com/ramental.net/wp-content/uploads/2019/04/P1100763.jpg?resize=728%2C546

 

အရည်အရသာနဲ့ ကြက်သွန်မြိတ်၊ ကြက်ဥရဲ့လိုက်ဖက်မှုကောင်းလို့ အရည်ပါမကျန် အကုန်သောက်ပစ်ချင်စရာပါပဲ။

https://i0.wp.com/ramental.net/wp-content/uploads/2019/04/P1100761.jpg?resize=728%2C546

 

ဒီအရည်အရောင်ကို ဘယ်လိုဖန်တီးနေသလဲဆိုတော့ တရုတ်အစားအစာချက်နည်းကိုအသုံးချပြီး ဖန်တီးနေတယ်တဲ့။

မန်နေဂျာက အကြာကြီးလေ့လာပြီးရတဲ့ဗဟုသုတနဲ့ ဒီအရောင်ကိုဖန်တီးနိုင်တယ်နော်။

စကားမစပ် ဒီအပြာရောင် Ramen ရဲ့ ဈေးနှုန်းက ယန်း ၉၀၀ ( ၁၂၅၀၀ ကျပ်လောက် ) ဖြစ်ပါတယ်။

ဒီ Ramen ကို စားချင်လာပြီလား?

ဒီဆိုင်မှာအပြာရောင် Ramen တင်မကဘဲ ထူးဆန်းတဲ့ menu အမျိုးမျိုးရှိပါတယ်။

https://i0.wp.com/ramental.net/wp-content/uploads/2019/04/P1100757.jpg?resize=728%2C546

 

ဓါတ်ပုံတွေပဲတင်လိုက်မယ်နော်။

http://www.kipposhi.tokyo/images/menu/shio_1.png

http://www.kipposhi.tokyo/images/menu/red_1.png

 

 

ပုံမှန် Ramen ကိုစားလို့ငြီးငွေ့လာတဲ့လူ၊ Facebook မှာ ထူးဆန်းတဲ့ဓါတ်ပုံတင်ပြီး like အများကြီးရချင်တဲ့လူရှိရင် ဒီဆိုင်ကိုသွားကြည့်လိုက်ပါနော်။

 

 

「吉法師(KIPPOSHI)」

Website : http://www.kipposhi.tokyo/index.html

လိပ်စာ : 1tyoume 11-5 Dainesu1bandatesibuya102, Jinnan, Shibuya Ku, Tokyo To, 150-0041, Japan

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: