မကြာသေးခင်ကမှထွက်လာတဲ့ Happy Rainbow Ramen အသစ် …( ၁ ရက်ကို ၅ ပွဲပဲရောင်းချတယ်တဲ့..!!! )

သင်ဟာ Ramen နှစ်သက်သူတစ်ယောက်လာ ?
ဒါဆိုရင်တော့ ဒီ Happy Rainbow Ramen ကိုစားကြည့်ချင်မှာသေချာနေပါပြီ။
ကြည့်ရတာတော့ အရောင် ၇ ရောင်နဲ့ ၁ ခွက်လုံးကိုစိုပြေနေတာပဲနော်…။
ဒါပေမဲ့ သူအရသာကရော ကောင်းပါ့မလား? သိချင်နေတဲ့ စာဖတ်ပရိသတ်တို့အတွက် ဒီ Ramen အကြောင်းလေးကိုမိတ်ဆက်ပေးလိုက်ပါတယ်။

 

https://soranews24.com/

 

ဒီ Happy Rainbow Ramen က ကျန်ခဲ့တဲ့ ဒီဇင်ဘာ (၈) ရက်နေ့ကမှထွက်ခဲ့တာဖြစ်ပါတယ်။ ဂျပန် Dosanko ramen နဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီ Snaplace တို့ပူးပေါင်းပြီး ဒီအရောင် ၇ မျိုးပါတဲ့ Ramen ကိုဖန်တီးထားတာဖြစ်ပါတယ်။

အရသာပိုင်းမှာတော့ Hokkaido နဲ့ Nagano တို့ရဲ့မတူညီတဲ့ miso အရသာ ၂ မျိုးကိုပေါင်းထားပြီး curry နဲ့ရောလိုက်ပါတယ်။
နောက်ပြီး ဒီအ‌ရောင် ၇ မျိုးက တကယ်က ချိစ့်နဲ့ဒိန်ခဲပေါင်းစပ်ထားတဲ့ဆော့ ဖြစ်ပါတယ်။
ဒါကြောင့် Happy Rainbow Ramen လို့ပြောရင် အရသာ ၄ မျိုးရမှာပါ။

 

https://soranews24.com/

ဒါနဲ့ ဒီ Ramen ကိုကြည့်လိုက်ရင် ပြူးပြူးပြဲပြဲကြီးလိုမြင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအရောင်လေးတွေတစ်ခုချင်းစီတိုင်းကိုမရောသွားဖို့နဲ့ ပုံစံမပျက်ရှိနေဖို့ အောက်မှာကင်ပြီးလှီးထားတဲ့ဝက်သားပြားတစ်ခုစီရှိနေလို့ပဲဖြစ်ပါတယ်။ ကဲ.. ၁ ပွဲတည်းနဲ့တော်တော်လေးဗိုက်ပြည့်သွားမှာနော်….

 

https://soranews24.com/

ဒါပေမဲ့အရမ်းအံ့သြဖို့ကောင်းတာက.. ဒီ Happy Rainbow Ramen ကို တစ်ရက်မှာ ၅ ပွဲသာရောင်းချတယ်တဲ့…
စပြီးရောင်းချတဲ့အချိန်ကတော့ နေ့လည် ၂ နာရီပါ။ အချို့ဆိုစားရဖို့အတွက် နာရီဝက်လောက်ဆိုင်ရှေ့မှာကြိုစောင့်နေကြသူတွေတောင်ရှိပါတယ်။

 

https://soranews24.com/

ဒါကြောင့် JAPO ရဲ့ချစ်ပရိသတ်တို့လည်းစားချင်တယ်ဆိုရင်တော့ ဆိုင်ကိုလမ်းညွှန်ပေးလိုက်ပါမယ်။
Happy Rainbow Ramen ကို Dosanko Ramen ဆိုင်တွေမှာရနိုင်တယ်။

 

https://soranews24.com/

 

Tokyo (Dosanko Otemachi, Misozen Marunouchi, Dosanko Shin Kiba),
Chiba (Dosanko Yachiyodai),
Yamagata (Dosanko x Toritestu Tamahoidaimae) နဲ့
Aichi (Dosanko Shimomaezu)
ဈေးနှုန်းကတော့ ယန်း ၁၂၈၀ လို့သတ်မှတ်ထားပါတယ်။

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: