ခရီးလည်းထွက်ရင်း အရသာအရှိဆုံးမနက်စာကိုစားနိုင်မယ့်ဟိုတယ်များ!!!
ခရီးသွားတဲ့အခါမှာ အားအင်အပြည့်၊ပျော်ပျော်ရွှင်ရွှင်နဲ့သွားရောက်လည်ပတ်ဖို့အတွက်ကတော့ မနက်ကတည်းက ဒေါင်ဒေါင်မီကျန်းမာနေဖို့ လိုအပ်ပါတယ်နော် …
ဒီအတွက်အရေးအကြီးဆုံးကတော့ အာဟာရရှိတဲ့မနက်စာပါ
“ အရမ်းအရသာရှိတဲ့မနက်စာ” လို့ဟိုးလေးတစ်ကျော်ဖြစ်နေတဲ့ ဟိုတယ်တွေကတော့
၁။ ホテルクラビーサッポロ(北海道札幌市)Hotel Clubby Sapporo (Sapporo, Hokkaido)
https://www.tripadvisor.jp/Hotel Review-g298560-d1082462-Reviews-Hotel Clubby Sapporo-Sapporo Hokkaido.html
https://clubby-sapporo.jp/breakfast/
အရသာရှိတဲ့မနက်စာအတွက် ရှာဖွေကြံဆပြီး၊ မနက်စာအတွက် မီနူးတွေအရမ်းကောင်းတဲ့စားသောက်ဆိုင်အနေနဲ့ နှစ်တိုင်းအရွေးချယ်ခံရပါတယ်။
ပါဝင်ပစ္စည်းတွေကလည်း အိုအီရှိဟိုခိုင်းဒိုးလို့ခေါ်တဲ့ အရသာရောအာဟာရရောရှိတဲ့အစားအစာတွေနဲ့ပြုလုပ်ထားပြီး၊ ဖုတ်ထားတဲ့ပေါင်မုန့်ကလည်း ၁၀၀ ရာခိုင်နှုန်း ဟိုခိုင်းဒိုးကထွက်တဲ့ဂျုံနဲ့လုပ်ထားတာပါတဲ့။
ဒီနေရာမှာ ဟိုကိုင်းဒိုးဟင်းလျာရော၊ ဂျပန်စတိုင်၊ အနောက်တိုင်းစတိုင် စတဲ့ပုံစံအမျိုးမျိုးနဲ့ရရှိနိုင်ပါတယ်။
ဒီလိုမျိုးဟင်းလျာတွေနဲ့မနက်စာကိုစားလိုက်ရရင်ဖြင့် တစ်နေ့တာလုံးကျန်းမာနေမှာအသေအချာပါပဲဗျာ..
၂။ ホテルピエナ神戸(兵庫県神戸市)Hotel Piena Kobe (Kobe City, Hyogo Prefecture)
https://www.piena.co.jp/breakfast/images/img_breakfast_01.jpg
https://kobe-journal.com/images/img_sweets_buffet.jpg
ဒီဟိုတယ်ကတော့ ဂျပန်မှာနံပတ်တစ် မနက်စာကိုအဓိကထားတဲ့ဟိုတယ်ပဲဖြစ်ပါတယ်။
မနက်ကနေစပြီး ပြင်သစ်ဟင်းလျာတွေကိုတည်ခင်းထားပါတယ်။ သွားတဲ့အကြိမ်တိုင်းမရိုးရအောင် မီနူးတွေကိုလည်း အမြဲတမ်းအသစ်လုပ်ပါတယ်တဲ့။ breakfast ကတည်းက roast beef ကျွေးတဲ့ဟိုတယ်က သိပ်ပြီးမရှိပါဘူးနော် ..
ဒီဟိုတယ်ထဲမှာရှိတဲ့ လူကြိုက်များတဲ့ကိတ်ဆိုင်ကလုပ်တဲ့ desserts တွေကလည်း အရမ်းကိုနာမည်ကြီးပါတယ်။
၃။ ラビスタ函館ベイ(北海道口函館市)La Vista Hakodate Bay (Hokkaido Exit Hakodate City)
https://cdn.jalan.jp/jalan/images/pict2L/Y4/Y313464/Y313464AX1.jpg
北海道 လို့ပြောလိုက်ရင် ပင်လယ်စာကအဓိကပေါ့
ဒီဟိုတယ်မှာကတော့ ပန်းကန်လုံးထဲမှာကိုယ်ကြိုက်တဲ့ပင်လယ်စာအစုံထည့်နိုင်တဲ့ ပုံစံပေါ့။
ကင်းမွန်၊ ဆော်လမွန်ငါးဥ၊ red shrimp၊ ဆော်လမွန် အစရှိသဖြင့်ပေါ့ ရာသီအလိုက်ငါးတွေကို လတ်လတ်ဆက်ဆက်စားနိုင်တယ်။
ထမင်းနည်းနည်းနဲ့ ဆော်လမွန်ငါးဥအပြည့်နဲ့ဆို ရှယ်ပဲ …
၄။ ベッセルインサッポロ中島公園(北海道札幌市)Vessel Inn Sapporo Nakajima Park (Sapporo, Hokkaido)
https://www.jalan.net/yad382870/
https://travel-hack.jp/wp-content/uploads/2019/07/vessel-campana-susukino_breakfast_201905_50-1024×768.jpg
နောက်ထပ် ဟိုကိုင်းဒိုးမှာtop ten ထဲကတစ်ခု။
ဒါလည်းပဲ ကိုယ်တိုင် seafood bowl လေးလုပ်နိုင်တဲ့ပုံစံပေါ့
အလျှံပယ်ရှိတဲ့ seafood တွေကိုစားလိုက်ရအောင်
မနက်စာတစ်ခုပဲစားမယ်ဆိုရင်တော့ ယန်း ၂၇၀၀ ဖြစ်ပါတယ်။
အနီးအနားမှာရှိတဲ့ဟိုတယ်တစ်ခုခုမှာတည်းပြီး၊ ဒီမှာမနက်စာလာစားတာမျိုးလည်း ရမယ်လို့တော့ထင်တယ်။
၅။ 函館国際ホテル(北海道函館し)Hakodate Kokusai Hote
https://kentaraga.exblog.jp/24088034/
ဟာ ဒီတစ်ခါလည်း ဟိုကိုင်းဒိုးမှာရှိနေတဲ့ ဟိုတယ်တစ်ခုနဲ့မိတ်ဆက်ပေးအုံးမှာပါ။ သူလည်း seafood bowl ပဲပေါ့။
ထမင်းမပါဘဲနဲ့၊ ဆော်လမွန်ငါးဥရဲ့အပေါ်မှာ ဆော်လမွန်ငါးအသားလွှာတွေကိုတင်ပြီး စားဖို့အတွက်ပြင်ဆင်ပေးထားပါတယ်။
ကဲ ဒါနဲ့တင် နေ့လည်စာတောင်မစားနိုင်တော့သလောက်ကိုဖြစ်သွားမှာပါ…
စျေးလည်းမကြီးဘူး၊ အတွင်းပိုင်းအပြင်အဆင်တွေကလည်းအရမ်းမိုက်တယ်။
Facilities တွေလည်းကောင်းလို့ ဒီဟိုတယ်တွေကိုရွေးချယ်ကြသလို၊ မနက်စာတစ်ခုတည်းနဲ့တင် အချို့တော်တော်လေး သဘောကျကြတဲ့သူတွေရှိပါတယ်။
အရသာရှိတာလေးတွေကိုစားပြီး၊ ကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်ကြပါစေ!!!!!!
Kengo Abe