အိမ်မှာပဲဆာကူရာတွေကိုကြည့်ရအောင် !!!!!!

ဆာကူရာကိုနိုင်ငံခြားသားအများစုကြည့်ချင်နေကြပေမဲ့ သူ့ရဲ့ပွင့်ချိန်ကိုတော့ မြင်တွေ့ဖို့ခက်ခဲပါတယ်။
နွေဦး‌ရောက်လာပြီဆိုတာနဲ့ ဆာကူရာဟာပွင့်လာတတ်ပေမဲ့၊ ဂျပန်နွေဦးရဲ့အပူချိန်ဟာ တစ်သတ်မှတ်တည်းတော့ ရှိမနေတတ်ပါဘူး။ ရုတ်တရက်ကြီးနွေးလာတယ်လို့ စိတ်ထဲကနေပြောရုံရှိသေး နောက်နေ့ကျဆောင်းရာသီလို အေးစိမ့်နေတာမျိုး…
ဘယ်တော့များပွင့်လာမလဲ တိကျတဲ့အချိန်ကိုမသိရသလို၊ ပွင့်လာပြီဆိုရင်လည်း ၁ ပတ်လောက်ပဲခံပြီး ကြွေကျသွားပါတော့တယ်။

သို့သော် နွေဦးရဲ့ကောင်းကင်အောက်မှာပွင့်နေပြီး အမြင်တွေကိုဝေဝါးမတတ်လှပလွန်းနိုင်တဲ့ ပန်းနုရောင်ဆာကူရာရဲ့အလှနဲ့ ကြွေကျတဲ့အချိန်မှာ လေပြည်လေညင်းတွေနဲ့အတူ လူးလွန့်နေတဲ့ပွင့်ဖက်လေးတွေက စိတ်ကိုလှုပ်ရှားစေပါတယ်။

 

https://caede/kyoto.com/京都の中で1番早咲きの桜スポットは?/

ဂျပန်လူမျိုးကနှစ်တိုင်လိုလို ဆာကူရာတွေကိုသွားကြည့်ကြပေမဲ့ ဆာကူရာပွင့်ချိန်ရောက်ပြီးဆိုမရိုးနိုင်ဘဲ သွားကြည့်ချင်ကြစမြဲပါ…
သို့ပေမဲ့ စိတ်မကောင်းစရာကတော့ ဒီနှစ်ကြုံတွေ့လိုက်ရတဲ့ကိုရိုနာဗိုင်းရပ်စ်နဲ့ဆာကူရာတွေပွင့်လာတဲ့အချိန်ကတိုက်ဆိုင်သွားပြီး၊ ပန်းကြည့်ခွင့်မရလိုက်တဲ့လူတွေအများကြီးရှိနေမှာ အသေအချာပါပဲ။

ဒီလိုအထီးကျန်ဖို့ကောင်းတဲ့နွေဦးမှာ ကုမ္ပဏီတစ်ခုကသတင်းကောင်းတစ်ခုပါးလိုက်ပါတယ်။
အဲ့ဒါကတော့ ဂျပန်တစ်နိုင်ငံလုံးရဲ့ရာသီဥတုသတင်းအချက်အလက်ကိုပေးနေတဲ့ Weathernews ဆိုတဲ့
ကုမ္ပဏီက အမှန်တကယ်ဆာကူရာတွေကိုကြည့်နေသလိုမျိုးခံစားရစေမယ့် ပုံရိပ်ယောင်တစ်ချို့ကိုပေးလိုက်ပါတယ်။
အဲ့ဒါကတော့ virtual お花見Ohanamiပါ။


https://weathernews.jp/s/sakura/vr/

ပုံတွေကတော့ အရင်နှစ်တွေကရိုက်ခဲ့တာဖြစ်လို့ လာကြည့်ကြတဲ့ဧည့်သည်တွေကိုအများကြီးတွေ့ရမှာပါ။
သင်ကိုယ်တိုင်လည်းအဲ့ဒီထဲကတစ်ယောက် ဆိုတဲ့ခံစားမှုမျိုးကိုပေးစွမ်းနိုင်ပါတယ်။

 

စမတ်ဖုန်းအသုံးပြုနေမယ်ဆိုရင် Youtube မှာရှာကြည့်ပါ။
ဖုန်းကိုဘယ်ညာလှည့်ကြည့်ရင်လည်း လူတွေလှုပ်ရှားသွားလာနေတာကို တွေ့ရမှာပါ။

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက date version
ချစ်စရာကောင်းတဲ့ သတင်းတင်ဆက်တဲ့သူနဲ့အတူ ဆာကူရာတွေအောက်မှာdate လုပ်မယ်..
ဒီလိုဆိုရင် ဒါလေးကိုလည်းကြည့်ကြည့်ပါ….
Chidorigafuchi Park မှာလှေစီးပြီး ပန်းတွေကြည့်ရအောင်

ကဲ ဘယ်လိုလဲ?
စိတ်ထဲကနေ နွေဦးရဲ့ပျော်ရွှင်ဖွယ်ရသတွေကိုခံစားရပြီလာ?

Weathernews မှာဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ ဆာကူရာတွေပွင့်တဲ့နာမည်ကြီးနေရာတွေကိုသွားပြီးရိုက်ခဲ့တဲ့ video တွေကိုတင်ပေးနေပါတယ်။

https://weathernews.jp/s/sakura/vr/

အရင်ကဆာကူရာတွေသွားကြည့်နေကြရှိပေမဲ့ ဗိုင်းရပ်စ်ကြောင့်မသွားလိုက်ရသူတွေနဲ့အတူ ရပ်ဝေးမှာရှိနေတဲ့သူတွေလည်း お花見VR နဲ့ပျော်ရွှင်နိုင်ပါပြီ။
ကိုရိုနာဗိုင်းရပ်စ်အခြေအနေက တည်ငြိမ်သွားမယ်ဆိုရင်တော့၊ နောက်နှစ်နွေဦးမှာဆာကူရာကို ကိုယ်တိုင်ကိုယ်ကျသွားကြည့်ကြရအောင်နော် !!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: