ခွေးပိုင်ရှင်တစ်ဦးရဲ့နွေးထွေးတဲ့စကားလေးတစ်ခွန်း

၂၀၁၉ ခုနှစ် ၄ လပိုင်း ဂျပန်နိုင်ငံရဲ့ရုပ်မြင်သံကြားကနေ ထုတ်လွင့်ခဲ့တဲ့အစီအစဥ်မှာ တရုတ်နိုင်ငံစတဲ့ တခြားနိုင်ငံတွေမှာလည်း နာမည်ကြီးတဲ့သတင်းတစ်ပုဒ်ရှိခဲ့ပါတယ်။

တီဗီအစီအစဥ်မှာမိတ်ဆက်ပေးခဲ့တဲ့ ၂၀၀၀ ခုနှစ်မှာရှိတဲ့ သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်မှာရှိတဲ့ “ ခိုရို ”ဆိုတဲ့ခွေးလေးရဲ့ အကြောင်းဖြစ်ပါတယ်။

လင်မယား ၂ ယောက်နဲ့ ခိုရိုတို့အတူတူနေထိုင်ကြရာ ဒန်းနစံဟာ အသက်အရွယ်အိုမင်းလာတာကြောင့် ၂၀၀၅ ခုနှစ်မှာ သေဆုံးသွားခဲ့ပါတယ်။

 

အဲ့ဒီအချိန်မှာ ဇနီးဖြစ်သူဟာ ၁၂ နှစ်လောက် ခိုရိုလေးနဲ့ အတူတူနေထိုင်ခဲ့ရပေမယ့် စိတ်ဝေဒနာစတင်ပြီး ခံစားခဲ့ရပါတယ်။

စိတ်ဝေဒနာဟာ အသက်ကြီးတဲ့သူတွေတော်တော်များများမှာ ဖြစ်ပွားတတ်တာကြောင့် မှတ်ဉာဏ်၊ အသိ၊ ဆုံးဖြတ်မှုတွေမှာ ချို့ယွင်းမှုတွေရှိနေတာဖြစ်ပါတယ်။

မိသားစုနဲ့နေထိုင်နေပေမယ့်လည်း ပတ်ဝန်းကျင်ကို ဒုက္ခပေးနေမိတာများပြီး ဇနီးဖြစ်သူဟာ ဒီလိုအသက်ကြီးတဲ့သူတွေထဲကတစ်ယောက်အနေနဲ့ ပါဝင်လာခဲ့ပါတယ်။

ဒါပေမယ့် ခွေးလေးခိုရိုလေးဟာ သူ့သခင်ရဲ့ဇနီးသည်နဲ့ မခွဲခွာနိုင်ခဲ့ပါဘူး။

အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးမြူခဲ့တာဟာ မိသားစုကို အထောက်အကူပြုဖို့ဆိုပေမယ့် ခိုရိုလေးလည်း စိတ်ဖောက်ပြန်သွားခဲ့ပါတယ်။

ခိုရိုလေးကတော့ အသက်ကြီးလို့တော့မဟုတ်ပါဘူး။

ခိုရိုလေးကို အိမ်မွေးတိရိစ္ဆာန်ထိန်းသိမ်းရေးမှာ အပ်နှံထားခဲ့ပြီး အချိန်တော်တော်ကြာလာတော့ ဇနီးဖြစ်သူရော ခိုရိုလေးရော အခြေအနေတွေပိုပိုဆိုးလာခဲ့ပြီး အတူတူပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ခဲ့တဲ့ မှတ်ဉာဏ်တွေကွယ်ပျောက်လာခဲ့ပါတယ်။

အဲ့ဒီမှာတီဗီအစီအစဥ်မှာ ဇနီးသည်နဲ့ ခိုရိုတို့ရဲ့ ပြန်လည်ဆုံစည်းတဲ့အစီအစဥ်ကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ခိုရိုလေးက အသက် ၁၉ နှစ်ရှိပါပြီ။

အသက်အရွယ်ကြီးနေတာကြောင့် မျက်စိတွေလည်း မှုန်ဝါးဝါးဖြစ်နေပြီး ကိုယ့်နာမည်ရော တခြားဘာမှမမှတ်မိတော့တဲ့အခြေအနေဖြစ်ပါတယ်။

ဒါပေမယ့် အနားနားကိုကပ်လိုက်တဲ့အချိန်မှာတော့ သူ့သခင်မရဲ့အနံ့ကို မှတ်မိပြီးတော့ အနားကိုကပ်ခဲ့ပါတယ်။

https://info.ninchisho.net/archives/32376

ဟုတ်ပါတယ်။ ဒီလိုအချိန်မှာခွေးလေးက မှတ်ဉာဏ်ပြန်ရလာခဲ့ပါတယ်။

ဒီလိုနဲ့ သခင်မကလည်းမှတ်ဉာဏ်တွေပြန်ရလာပြီး ဒန်းနစံ နဲ့ ခိုရို နဲ့ အတူတူပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့ အချိန်ကို ပြန်မှတ်မိခဲ့ပါတယ်။

 

မင်းနဲ့တွေ့ရတာပျော်လိုက်တာ

 

ခွေးက အိမ်မွေးတိရိစ္ဆာန်ပဲ ဘာသိမှာလဲလို့ထင်တဲ့သူတွေများပေမယ့် ဒီလိုစကားကိုကြားရတော့ မိသားစုတစ်ယောက်အနေနဲ့ ထည့်တွေးသင့်တယ်လို့မထင်ဘူးလား ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: