လာမယ့်နှစ် “ Sapporo နှင်းပွဲတော်” မကျင်းပဖြစ်တော့ပါ။

ဂျပန်ရဲ့ဆောင်းရာသီကို တစ်ကျော့ပြန်ရောက်ပြီဆိုတာနဲ့ Sapporo မှာနှင်းပွဲတော်ကို နှစ်စဥ်နှစ်တိုင်းကျင်းပပါတယ်။ ထုထည်ကြီးမားသော နှင်းများဖြင့်ခမ်းနားထည်ဝါသော အဆောက်အအုံပုံစံများ၊ လူပုံသဏ္ဍာန်များနှင့် အမျိုးမျိုးသောရုပ်ပုံများထုလုပ်ပြီး ပြိုင်ပွဲသဖွယ်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ ညဘက်တွင်မူ ရောင်စုံမီးများဖြင့် ထွန်းညှိအလှဆင်ကြပြီး အချို့နေရာများတွင် နှင်းလျှောစီးနိုင်သည့်နေရာကိုပါ ဖွင့်လှစ်ပေးပါတယ်။

သို့သော် ယခုနှစ်မှာဂျပန်ဟာလည်း ကိုရိုနာရဲ့ရိုက်ခက်မှုကိုအလူးအလဲခံ တွန်းလှန်နေရသည့်အတွက်၊ လာမယ့်နှစ် Sapporo မှာနှင်းပွဲတော်မလုပ်ဖြစ်တော့ကြောင်း တရားဝင်ကြေငြာလိုက်ပါတယ်။
ဟော့ကိုင်းဒိုးရဲ့ နေ့စဥ်သေဆုံးမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကြည့်ရင် ထိပ်ဆုံးမှာရှိနေပါတယ်။ ဒီလို coronavirus ကူးစက်ပြန့်နှံ့လာခြင်းကြောင့် လူတွေလာရောက်စုဝေးကြမယ့်ဒီပွဲကို ရပ်ဆိုင်းလိုက်ပါတယ်။ သို့သော် online ဖြင့်ကျင်းပနိုင်ဖို့စီစဥ်သွားမယ်လို့သိရပါတယ်။
နှစ် ၇၀ ဆယ်ကျော်တိုင်အစဥ်အလာမပျက်ကျင်းပလာတဲ့ Sapporo နှင်းပွဲတော်ကို အမှန်တကယ်ရပ်ဆိုင်းလိုက်ရပါပြီ။

 

https://www3.nhk.or.jp/news/html/20201214/k10012764011000.html?utm_int=all_side_ranking-social_005

 

“ Sapporo နှင်းပွဲတော်” ကိုတော့နှစ်စဥ် ၁ လပိုင်းကနေ ၂ လပိုင်းအထိဖွင့်လှစ်ကျင်းပခဲ့ပြီး ခန့်မှန်းချေ လူပေါင်း ၂ သန်းခန့်လာရောက်လည်ပတ်ကြတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ခဲ့ပေမဲ့၊ လက်ရှိကိုရိုနာပြန့်နှံ့မှုကြောင့် ပွဲတော်ကျင်းပတဲ့ကော်မတီဟာ လာမယ့်နှစ်မှာတော့ နှင်းရုပ်တုကြီးများကိုမထုလုပ်တော့ဘဲ၊ သေးငယ်တဲ့နှင်းရုပ်တုများဖြင့်သာ ပမာဏကိုချုပ်ပြီး ကျင်းပဖို့စဥ်းစားမယ်လို့သိရပါတယ်။

သို့သော် ကူးစက်ပြန့်နှံ့မှုဟာကျယ်ပြန့်အုံးမှာပါ။ ဒါပေမဲ့ အချိန်တိုအတွင်းလူများစွာရဲ့လှုပ်ရှားမှုကိုအားပေးတဲ့အနေနဲ့ ပွဲတော်ကျင်းပတဲ့ကော်မတီဟာ online ဖြင့်ကျင်းပသွားမယ်လို့ ယနေ့ ၁၄ ရက်နေ့မှာ တရားဝင်ကြေငြာလိုက်ပါတယ်။

 

https://www.city.sapporo.jp/kikaku/creativecity/event/201902/20190205_culturetourism_sf.html

 

ကော်မတီဟာ နှစ်စဥ်ကျင်းပခဲ့တဲ့နှင်းပွဲတော်ကို အစားထိုး “ Online Sapporo နှင်းပွဲတော်” ခေါင်းစဥ်နဲ့ Sapporo နှင်းပွဲတော်အလှကိုမိတ်ဆက်ပေးမယ်ဗီဒီယိုကို ပထမဆုံးအကြိမ်အဖြစ်ဖန်တီးပြီး၊ Homepage နဲ့ မြို့တွင်းလမ်းဆုံနေရာအနှံ့မှာပြသမည့်အပြင်၊ နှင်းကိုအဓိကထားပြီးဓါတ်ပုံတွေတောင်းပြီး၊ ပြိုင်ပွဲသဘောမျိုးကျင်းပပေမယ်လို့လည်းသိရပါတယ်။

Sapporo နှင်းပွဲတော်အစဥ်အလာဟာ လွန်ခဲ့သောနှစ် ၇၀ မတိုင်ခင် Shōwa ၂၅ ခုနှစ် (၁၉၅၀ ခုနှစ်) လောက်ကစပြီးကျင်းပခဲ့ရာ၊ တစ်ကြိမ်မှရပ်ဆိုင်းလိုက်ရတယ်ဆိုတာမရှိခဲ့ပါဘူး။ သို့သော်လာမယ့်နှစ်ကတော့ ပထမဆုံးအကြိမ်အဖြစ်ပွဲတော်ကို ရပ်ဆိုင်းလိုက်ရတော့မှာပဲဖြစ်ပါတယ်။

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: