လာဗင်ဒါပန်းရနံ့တို့ မွှေးကြိုင်နေတဲ့ Hokkaido !!!

ဂျပန်ရဲ့ ဒုတိယအကြီးဆုံး ကျွန်းဖြစ်တဲ့ Hokkaido ကတော့ လာဗင်ဒါပန်းတို့ပွင့်တဲ့ ရာသီမှာ အရမ်းကို နာမည်ကြီးတဲ့ ဒေသတစ်ခုပါ။
လာဗင်ဒါပန်းတွေဟာအများအားဖြင့် နွေရာသီ ဇွန်လကုန်ပိုင်းမှာ ပွင့်ကြပြီး ဆာကူရာပန်းတို့လိုမျိုး တစ်ပတ်လောက်သာ ပွင့်တဲ့ ပန်းမဟုတ်ပါဘူး။ လာဗင်ဒါပန်းကတော့ ဇူလိုင်လအစောပိုင်းကနေ သြဂုတ်လအစောပိုင်းလောက်အထိ တစ်လအကြာ ပွင့်တာဖြစ်ပါတယ်။

 

https://explore-in-hokkaido.com/image/plan/bg_01.jpg

 

လာဗင်ဒါပန်းခင်း အများစုကိုတော့ Furano လို့ခေါ်တဲ့ မြို့မှာ တွေ့မြင်နိုင်ပြီး Hokkaido ရဲ့ လာဗင်ဒါပန်းပွင့်တဲ့ ရာသီကတော့ အဲဒီမြို့လေးပေါ်မူတည်ပါတယ်။

 

Nakafurano နဲ့ Kamifurano ဆိုတဲ့ မြို့လေး ၂မြို့မှာတော့ ပန်းပွဲတော် အချို့ကို နှစ်စဉ် ဇူလိုင်လမှာ ကျင်းပလေ့ရှိပါတယ်။

 

ရောင်စုံသစ်ရွက်တွေ က ဆောင်းဦးရာသီကို ညွှန်းဆိုကြတယ်။
Sapporo နှင်းပွဲတော် က ဆောင်းရာသီကို ညွှန်းဆိုကြတယ်။
ဆာကူရာပန်းတွေ က နွေဦးကို ညွှန်းဆိုကြတယ်။
ခရမ်းရောင် လာဗင်ဒါပန်းတွေက နွေရာသီကို ညွှန်းဆိုကြတယ်။Furano မှာတော့ လာဗင်ဒါပန်းအပြင် တခြားပန်းတွေလည်း အများကြီး ရှိပါသေးတယ်။

 

https://www.google.com/url?sa=i&source=imgres&cd=&cad=rja&uact=8&ved=2ahUKEwimqLr1veDqAhUZYysKHcv4CC4QjRx6BAgBEAQ&url=https%3A%2F%2Ftheculturetrip.com%2Fasia%2Fjapan%2Farticles%2Fa-season-by-season-guide-to-things-to-do-in-furano%2F&psig=AOvVaw0wZ1I0ohttCrcSLT2KzS8d&ust=1595494391520708

 

https://www.google.com/url?sa=i&source=imgres&cd=&cad=rja&uact=8&ved=2ahUKEwiLjtmNvuDqAhUBWCsKHfUGDVcQjRx6BAgBEAQ&url=https%3A%2F%2Fwww.hisgo.com%2Fhi%2FContents%2FPackage%2FDetailPackage.aspx%3FPkgNo%3DHI1900037%26lang%3Den&psig=AOvVaw2BBeaAX7-mZYPCZ7CbsuFJ&ust=1595494442166956

 

Hokkaido ရဲ့ လာဗင်ဒါပန်းတို့တည်ရှိရာနေရာ Top 10 နေရာကို ဖော်ပြပေးလိုက်ပါတယ်။

1) Farm Tomita
2) Saika Farm
3) Choei Lavender Park & Nakafurano Flower Park
4) Flower land Kamifurano
5) Shikisai-no-Oka, Biei
6) Farm Tomita – Lavender East
7) Miyama Pass
8) Hokusei-no-oka Observatory Park
9) Hill of Zerubu & Hill of Atoms
10) Hinode Park Lavender Garden

ပန်းမျိုးတွေလည်း စုံလွန်းလို့ ပန်းချစ်သူတွေ အတွက်ကတော့ မဖြစ်မနေ သွားသင့်တဲ့ နေရာတွေပါနော်။

 

လှပတဲ့ ရှုခင်းတွေသာမက ပဲ အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ပြီး ‌ဒေသထွက်စားသောက်ကုန်တွေလည်း ရရှိနိုင်ပါတယ်။Hokkaido ကို လည်ပတ်မယ်ဆိုရင်တော့ ရထားနဲ့ လည်ပတ်ခြင်းက အကောင်းဆုံးပါပဲ။

 

https://netmobius.freetls.fastly.net/images-stn-sapporo/11-JR-Hokkaido2.jpg

 

အဲဒီကို ရောက်ဖြစ်ရင်တော့ Lavender Ice Cream လေးစားရင် လာဗင်ဒါပန်းခင်းထဲမှာ ဓာတ်ပုံတွေ အများကြီးရိုက်ခဲ့ဖို့ မမေ့နဲ့နော်။

https://www.google.com/url?sa=i&url=https%3A%2F%2Fvacationniseko.com%2Fen%2Fresort-information%2Fevents%2Flavender-season-in-furano-hokkaido-2020&psig=AOvVaw0gXh7VQ0NNxs1rl4PSzKHN&ust=1595488355363000&source=images&cd=vfe&ved=0CAIQjRxqFwoTCJDflb684OoCFQAAAAAdAAAAABAV

 

https://www.novalandtours.com/images/month_201812/201812261653366142.jpg

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: