YAMAHA ရဲ့ မော်ဒယ်အသစ် Electric Scooter ရဲ့ ပြီးပြည့်စုံမှုကတော့ အမိုက်စားပဲ

လျှပ်စစ်ကားတွေဟာ ကမ္ဘာတစ်ဝှမ်းမှာတိုးတက်လာပါတယ်။ ဒါပေမဲ့ မော်တော်ဘိုက်တွေကတော့ နောက်ကျကျန်နေခဲ့တယ်။
အကြောင်းအရင်းက ဘတ်ထရီပြဿနာကြောင့်ပဲဖြစ်ပါတယ်။

မော်တော်ဘိုက်ကို လျှပ်စစ်အဖြစ်ပြောင်းလဲလိုက်ရင် တစ်စီးလုံးအတွက်သုံးရတဲ့ဘတ်ထရီပမာဏဟာ ပိုပြီးများများစားစားလိုအပ်လာသလို၊  ဟန်ချက်ညီဖို့ခက်ခဲသွားပါတယ်။
HONDA က PCX ဆိုတဲ့ လျှပ်စစ်ဗားရှင်းမော်တော်ဘိုကို ထုတ်လိုက်ပေမဲ့၊ သွားနိုင်တဲ့ခရီးအကွာအဝေးကတော့ တိုသွားပါတယ်။
ဘတ်ထရီကိုပိုပြီးကြီးတာသုံးလိုက်ရင်တော့ ဝိတ်များပြီး ဘတ်ထရီသုံးစွဲမှုလည်း တိုးလာမယ်။
ဒါကြောင့်ပဲ လက်တွေ့အသုံးပြုဖို့ ခက်ခဲနေခဲ့တဲ့ လျှပ်စစ်မော်တော်ဘိုက်ဟာ နောက်ဆုံးမှာ အမိုက်ဆုံးပုံစံနဲ့ ထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ဒါကတော့ ဒီမှာပါ။

https://www.gizmodo.jp/2022/01/yamaha-scooter-ev-gogoro.html

တစ်စီးလုံးအနက်ရောင်ချည်းပဲမို့ ရုပ်ရှင်ထဲက ဂန်းစတားကြီးအလားမြင်ရပေမဲ့၊ YAMAHA ရဲ့ထိုင်ဝမ်ကုမ္ပဏီခွဲက အသစ်ကြေငြာလိုက်တဲ့ EMF ဆိုတဲ့ မော်တော်ဘိုက်ဖြစ်ပါတယ်။
သူ့ရဲ့ Long-stroke ရှေ့ထိန်းစနစ်ကြီးက EASY RAIDER ရုပ်ရှင်ထဲက မော်တော်ဆိုင်ကယ်ကို သတိရသွားစေပါတယ်။
ဒီအပြင်တာယာကလည်း ထူပါတယ်။

EMF ဆိုတဲ့နာမည်အရှည်ကောက်က Electro Motive Fighter
Fighter ပါ။ မိုက်ပါတယ်။

‌ဈေးနှုန်းမှာ ထိုင်ဝမ်ဒေါ်လာ NT $99,800
ဂျပန်ယန်းနဲ့ဆို ယန်း ၄၁ သောင်းလောက်။
ဈေးတော်တော်ကြီးပါတယ်။ မော်ဒယ်အသစ်ကို စီးရမှာဆိုတော့လည်း ကောင်းပါတယ်။
ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြရင်တော့ ဈေးကျသွားမှာပါ။

ဒီမော်တော်ဘိုက်ရဲ့ မိုက်တဲ့အချက်က အားသွင်းတဲ့ပုံစံပါ။ အဓိကပြောချင်တဲ့အချက်ပေါ့…
မြို့ထဲက အားသွင်းတဲ့ဆိုင်မှာ ဘတ်ထရီကိုလဲလိုက်ရုံပါပဲ။

လျှပ်စစ်မော်တော်ဘိုက်ဟာ ချက်ချင်းဘတ်ထရီကုန်တတ်ပြီး၊ ဘတ်ထရီကုန်ရင်လည်း အကြာကြီးအားသွင်းရပေမဲ့၊ ဒါဆိုရင်တော့ ဘတ်ထရီလဲလိုက်ရုံနဲ့တင် ချက်ချင်းစီးနိုင်ပါတယ်။
ဓါတ်ဆီဖြည့်တဲ့သဘောမျိုးနဲ့ အားသွင်းနိုင်တယ်။
ဒါပေမဲ့ ဘက်ထရီ စွမ်းဆောင်ရည် ပြဿနာကြောင့်၊ ဓါတ်ဆီသုံးကားတွေထက် ဆိုင်ကိုမကြာခဏ လာနေရမယ်လို့ ထင်ပါတယ်။

အစားထိုးဘတ်ထရီကိုတော့ Gogoro ကုမ္ပဏီနဲ့ချိတ်ဆက်ထားတဲ့အတွက်၊ သူတို့ရဲ့သတ်မှတ်ထားတဲ့ ဝန်ဆောင်မှုပေးတဲ့နေရာမှာ ရောင်းချပေးပါတယ်။ အဲ့ဒါကလည်း ထိုင်ဝမ်မှာပဲရမှာပါ။
Gogoro က ဘာလင်၊ ပါရီနဲ့ ဂျပန်မှာဆို အိုကီနာဝါရှိ Ishigaki ကျွန်းမှာပါ လာဖွင့်ထားလို့၊ နေရာအစုံတော့မရှိပေမဲ့၊ ထိုင်ဝမ်အပြင် ဒီလိုနိုင်ငံတွေမှာလည်း အသုံးပြုနိုင်ပုံရပါတယ်။
နိုင်ငံတစ်ဝှမ်းမှာ ကျယ်ပြန့်သွားရင်တော့ အဆင်ပြေပြီပေါ့…

တရုတ်နိုင်ငံမှာတော့ ကားဘတ်ထရီအစားထိုးခြင်းတောင် ရှိနေပေမဲ့၊ ဒီတစ်ခေါက်တော့ မော်တော်ဘိုက်မှာ ဘတ်ထရီကိုအစားထိုးသုံးတော့မယ်။ အားသွင်းတာကို ထိုင်စောင့်နေရမှာထက်စာရင် ဒီလိုအစားထိုးဘတ်ထရီစနစ်က ပိုပြီးအဆင်ပြေတယ်လို့ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: