အခန်းထဲမှာရှိရုံနဲ့ ဖုန်းအားသွင်းပြီးသားဖြစ်သွားမယ်

အဆင်ပြေစေတဲ့ စမတ်ဖုန်းတွေ နေစဥ်နေထိုင်သွားလာမှုအတွက် မရှိမဖြစ်အရာတစ်ခုဖြစ်နေပါတယ်။

ဒီလိုစမတ်ဖုန်းသုံးလို့မရတော့တဲ့အချိန်မျိုးမှာ စိတ်ထဲမှာတစ်ခုခုပဲလိုနေသလိုလို တစ်ယောက်ယောက်ကပဲဆက်သွယ်လာမလားလို့ စိုးရိမ်မှုပူပန်မှုတွေရှိနေတတ်ပါတယ်။

ဒါဟာစွဲလမ်းမှုတစ်မျိုးဖြစ်ပြီး ခုခေတ်မှာ တော်တော်များများက ဒီလိုပုံစံမျိုးဖြစ်နေတာဖြစ်ပါတယ်။

https://toyokeizai.net/articles/-/271752

စွဲလမ်းမှုတွေကို ဖြေလျှော့နိုင်ဖို့ ကြိုးစားနေတဲ့သူတွေရှိပေမယ့် အောင်မြင်ဖို့ဆိုတာမလွယ်ပါဘူး။

အထူးသဖြင့် အလုပ်နဲ့အဆက်အသွယ်ပြတ်နေမှာက ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာပါတယ်။

ဒီလိုနေထိုင်သွားလာမှုတွေကြားမှာ ဖြတ်တောက်လို့မရတဲ့ ဆက်နွယ်မှုတွေရှိနေတဲ့ စမတ်ဖုန်းတွေဖြစ်ပါတယ်။

ဘက်ထရီရဲ့ အသုံးခံနိုင်တဲ့သက်တမ်းက အချိန်အကြာကြီးမဟုတ်လို့ နေ့တိုင်းအားသွင်းနေရပါတယ်။

အရက်မူးပြီးအိမ်ကိုပြန်လာတဲ့အခါ အားသွင်းဖို့မေ့ပြီး နောက်နေ့မနက်ကို ရောက်သွားပါတယ်။

 

ဘက်ထရီကုန်နေတဲ့ဖုန်းလေးကိုတွေ့လိုက်တဲ့အခါ တော်တော်လေးတွေကို စိတ်ပျက်သွားတာမျိုးရှိပါတယ်။

ဒါပေမယ့် ဒီလိုစိတ်ပျက်စရာတွေ မရှိတော့မယ့် ခေတ်ကိုရောက်လာပြီထင်ပါတယ်။

အိမ်ပြန်လိုက်ရုံနဲ့ ဖုန်းကိုအားသွင်းထားပြီးသားဆိုတဲ့ အိမ်မက်ဆန်တဲ့ခေတ်ကြီးကို ရောက်လာတော့မှာဖြစ်ပါတယ်။

တိုကျိုတက္ကသိုလ်ရဲ့ သုတေသနအဖွဲ့အစည်းက ဒီလိုပစ္စည်းကိရိယာကို တီထွင်နေပါတယ်။

https://www3.nhk.or.jp/news/html/20190624/k10011965891000.html

ကြိုးမဲ့အားသွင်းစနစ်လို့ပြောလို့ရပါတယ်။

အခုအားသွင်းတဲ့စနစ်က အားသွင်းကြိုးကတိုနေရင် အားသွင်းတဲ့နေရာမှာ ထားပြီးမသွင်းရင် အားသွင်းလို့မရပါဘူး။

သုံးရင်းနဲ့အားသွင်းလို့မရတဲ့အပြင် မူးပြီးအိမ်ကိုပြန်လာတဲ့နေ့တွေမှာ အိတ်ထဲကနေတောင်မထုတ်ဖြစ်ဘူးဆိုတာမျိုးဆိုရင် အားသွင်းလို့မရတော့ပါဘူး။

ဒါပေမယ့် ဒါကတော့ အိမ်ထဲကိုဝင်လိုက်တာနဲ့ အားသွင်းပြီးသားဖြစ်သွားတဲ့ ကိရိယာဖြစ်ပါတယ်။

အရင်ဦးဆုံး ၃ မီတာပတ်လည်ရှိတဲ့အခန်းထဲမှာ စမ်းသပ်ခဲ့ပြီး အခန်းရဲ့ဘယ်နေရာမှာမဆို အားသွင်းနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မူးလာတယ်ဆိုရင်တောင် အေးဆေးပါပဲ။

အဲ့ဒီအခြေအနေမျိုးကိုရောက်နေမယ်ဆိုရင် အိမ်ထဲမှာဆိုပေမယ့် Outlet cable တွေလိုအပ်ပါလိမ့်မယ်။

အင်တာနက်လိုင်းတွေနဲ့ ချိတ်ဆက်တဲ့ WiFi လိုမျိုး Outlet cable တွေတော့လိုအပ်ပါတယ်။

အခန်းထဲမှာ သန့်ရှင်းနေပြီး စက်ပစ္စည်းအသစ်တွေထားဖို့ နေရာစဥ်းစားနေစရာလည်းမလိုပါဘူး။

နောက်တစ်ခုပြောရမယ်ဆိုရင် ဒီစက်ကို ဘူတာတွေနဲ့ ရုံးတွေမှာထားလိုက်မယ်ဆိုရင်တော့ မြို့ပြရဲ့လူနေမှုဘဝတွေမှာ ဖုန်းအားသွင်းဖို့ဆိုတာကို လှည့်ကြည့်နေစရာမလိုတော့ပါဘူး။

မူးနေတဲ့သူတွေအတွက်မဟုတ်တဲ့သူတွေအတွက် အရမ်းကိုကောင်းတဲ့အချက်ဖြစ်ပါတယ်။

လက်ရှိနည်းပညာအနေနဲ့လည်းပြည့်စုံနေပေမယ့် နောက်ထပ်အားသွင်းနည်းကို ပေးစွမ်းနိုင်တာမျိုးနဲ့

လူ့ခန္ဓာကိုယ်ကို ထိခိုက်စေတာမျိုးလည်းမရှိစေတာမျိုးပါ။

အဲ့ဒီ ၂ ချက်သာပြည့်စုံမယ်ဆိုရင် လက်တွေမှာစတင်ရောင်းချတော့မှာဖြစ်ပါတယ်။

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: