ခြေရာခံလိုက်နိုင်မယ့် credit card ပေါ်လာပြီ။ (ကဒ်နဲ့ ပိုက်ဆံအိတ်ကျပျောက်သွားလည်း အဆင်ပြေမလား?)

Credit card တွေဟာ သွားလေရာငွေသားကိုင်ဆောင်စရာမလိုဘဲ ငွေပေးချေနိုင်တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဒီကဒ်တွေကိုအသုံးမပြုတော့တာများလာခဲ့ပါတယ်။
Credit card ကို iPhone မှာ register လုပ်ထားပြီး ပိုက်ဆံအိတ်မထုတ်ရဘဲ ငွေချေတဲ့ iD ပုံစံဝန်ဆောင်မှု ကျယ်ပြန့်လာပါတယ်။

ကျွန်တော်ကတော့ Apple Watch မှာကဒ်ကို register လုပ်ထားလို့၊ iPhone တောင်ထုတ်စရာမလိုဘဲ OK နေတယ်။ ဒီလိုတောင်အဆင်ပြေတဲ့ခေတ်ကိုရောက်နေပါပြီ။

ဒါပေမဲ့ အဆင်ပြေတယ်လို့သာဆိုပါတယ် အလုပ်မဖြစ်တဲ့အခြေအနေနဲ့ ဒီ iD ကိုသုံးလို့မရတဲ့ဆိုင်တွေလည်းရှိတာကြောင့်၊ ငွေသားနဲ့ credit card ကိုအမြဲတမ်း ပိုက်ဆံအိတ်ထဲထည့်ပြီး သွားလာနေရတယ်။
သွားလေရာယူသွားတာတောင်မှ အသုံးပြုရမယ့်နေရာရှားလာလို့၊ ပိုက်ဆံအိတ်ကို ပြန်လည့်ရှာနေရတဲ့ပြဿနာကလည်း တစ်ဖန်ပေါ်လာပြန်တယ်။
ပိုက်ဆံအိတ်ထဲမှာတော့ ငွေသားအပြင် ကဒ်ကိုလည်းထည့်ထားသေးလို့ ကျပျောက်တာတို့ ခါးပိုက်နှိုက်ခံရတာတို့ဆို ဒုက္ခရောက်ပြီပဲ …

ဒါပေမဲ့ ဒီလိုဒုက္ခတွေကိုဖြေရှင်းပေးမယ့် ဝန်ဆောင်မှုတစ်ခုအစပြုလာပါပြီ။
အဲ့ဒါကတော့ ဒီကဒ်ပါ။

 

https://www.itmedia.co.jp/news/articles/2112/16/news143.html

Mitsui Sumitomo ကဒ် Tile ပဲဖြစ်ပါတယ်။

ပုံမှန် VISA ကဒ်တွေလိုလည်း အသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့ အံ့သြစရာကောင်းတဲ့အချက်က၊ ရုပ်ပိုင်းဆိုင်ရာ ခလုတ်နဲ့စပီကာကို အတွင်းမှာတပ်ဆင်ထားတာပဲဖြစ်ပါတယ်။

ပိုက်ဆံအိတ်ပျောက်သွားတဲ့အချိန်မှာ iPhone အပလီကေးရှင်းကနေ ညွှန်ကြားချက်ပေးလိုက်တာနဲ့၊ ကဒ်ရဲ့စပီကာကနေ အသံမြည်လာပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် ကဒ်ကခလုတ်ကိုနှိပ်လိုက်ရင် iPhone မှာအသံမြည်လာပါတယ်။ ဒါကြောင့် iPhone ပျောက်တဲ့အချိန်ဆိုလည်း အဆင်ပြေနေပြန်တယ်။

Apple ရဲ့ Air Tag ကလည်းအဆင်ပြေပေမဲ့၊ အရွယ်အစားအားဖြင့်ကြီးလို့ ပိုက်ဆံအိတ်ထဲထည့်ဖို့ ခက်ခဲပါတယ်။ ဒါကတော့ ကဒ်အရွယ်အစားအတိုင်းပဲမို့လို့၊ အလုပ်မရှုပ်စေရုံမျှမက အမြဲတမ်းထည့်ထားတဲ့ကဒ်အဖြစ် အစားထိုးလိုက်တာပဲမို့လို၊ ပိုက်ဆံအိတ်ထဲမှာ နေရာအများကြီးလည်း မယူပါဘူး။

အထူမှာ 0.76mm
ပုံမှန်ကဒ်တွေထက်တော့ နည်းနည်းလေး ပိုထူသယောင်ရှိတယ်။
ဒါပေမဲ့ သိပ်ပြီးပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူး။

ဘတ်ထရီကို ကဒ်ထဲမှာ တပ်ဆင်ထားပါတယ်။ တစ်ခါအားသွင်းပြီးရင် ခန့်မှန်းချေ ၆ လလောက်သုံးနိုင်တယ်လို့ သိရပါတယ်။ အားသွင်းတာကတော့ သီးသန့်စက်နဲ့အားသွင်းရပါတယ်။

ဘတ်ထရီကုန်သွားပြီဆိုရင်တောင်မှ credit card အဖြစ်နဲ့ ဆက်ပြီးသုံးနိုင်ပါတယ်။

ကဒ်ပျောက်သွားပြီ! ကဒ်ထည့်ထားတဲ့ပိုက်ဆံအိတ် ရှာမတွေ့တော့ဘူး!
အဲ့ဒီလိုအချိန်ဆို တကယ်ခေါင်းပူရတယ်နော် …
ဒါပေမဲ့ အဲ့ဒီလိုစိတ်မအေးစရာကို အတိတ်မှာချန်ခဲ့ရတော့မယ်ခေတ်ကို ရောက်ပြီလို့ ပြောရပါတော့မယ်….

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: