ရထားစောင့်နေတဲ့အချိန် ဒန်းစီးပြီးဖုန်းအားသွင်းနိုင်မယ့် Chiba ခရိုင်ရဲ့‌ပြောင်းလဲမှု

ရထားစီးနေချိန်မှာလည်း ဘာမှလုပ်စရာမရှိအားနေပေမဲ့၊ ပိုပြီးအားလပ်ချိန်ရတာကတော့ ရထားစောင့်နေတဲ့အချိန်ဖြစ်ပါတယ်။
တိုကျိုရဲ့ Yamanote လိုင်းက မိနစ်အနည်းငယ်တိုင်းရထားရောက်လာတာကြောင့် သိပ်ကြာကြာမစောင့်ရပေမဲ့၊ အခြားလိုင်းတွေမှာတော့ နေ့ခင်းဘက်အသွားအလာရှုပ်ထွေးမှုမရှိတဲ့အချိန်ဆို ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိစောင့်ရပါတယ်။

 


အဲ့ဒီလိုအချိန်မှာ အသုံးပြုတတ်ကြတာကတော့ စမတ်ဖုန်း…
အင်တာနက်ဖွင့်ပြီး ရုပ်ရှင်ကြည့်တာတို့.. Manga ဖတ်တာတို့… ဂိမ်းဆော့တာတို့…
ဒါပေမဲ့ သတိမထားမိတဲ့အချိန်တွင်းမှာပဲ ဘက်ထရီအားကုန်သွားတယ်..

ရထားစီးနေတဲ့အချိန်အတွင်းမှာလည်း စမတ်ဖုန်းကိုသုံးချင်တယ်။
အဲ့ဒီလိုလူမျိုးအတွက် ဒီလိုလေးဆိုရင်ရော?

 


https://www.itmedia.co.jp/news/articles/2105/26/news143.html#l_lif2105250039view_1.jpg&_ga=2.95181403.693522815.1622071612-1760227508.1620266942

 

Chiba စီရင်စုရဲ့ Kashiwa မြို့လယ်၊ Kashiwa ဘူတာမှာ ပြီးခဲ့တဲ့မေလ ၂၉ ရက်နေ့ကနေစပြီး ဒန်းတွေကိုစီစဥ်ထားပေးခဲ့ပါတယ်။
ယခင်ကတော့ အနီးအနားရှိနတ်ကွန်းမှာထားပေးခဲ့ပေမဲ့ နေရာပြောင်းဖို့အကြံပြုချက်ရပြီး၊ ၂၉ ရက်နေ့မှာ ဘူတာကိုရောက်လာပါတယ်။

ဂျပန်နိုင်ငံရဲ့ပန်းခြံမှာ အမြဲတွေ့ရတတ်တဲ့ ဒန်း

ပုံမှန်အားဖြင့် ဒီလိုမျိုးကလေးတွေဆော့ကစားဖို့ပြုလုပ်ထားတဲ့ ဆော့စရာတစ်ခုဖြစ်ပါတယ်။
အဲ့ဒီအတွက် ပြုလုပ်ရာမှာလည်းအားလုံးကို အရွယ်အစားအသေးပဲလုပ်တယ်။
ကျွန်တော်တို့လို အကောင်ကြီးလာတဲ့လူကြီးတွေအတွက်တော့ ဝင်ဆော့ဖို့တော်တော်လေးခက်သွားပြီး..
ဒါပေမဲ့ လူကြီးတွေအတွက်ဗားရှင်းကတော့ ဒုတိယပုံအတိုင်းပါပဲ…
ကလေးဘဝကိုပြန်ရောက်သွားသလိုမျိုးကစားနိုင်တယ်..
ဒါတင်မကသေးတာက အံ့သြဖွယ်အချက်ကတော့…

ဒီဒန်းကိုလွှဲတိုင်းမှာ လျှပ်စစ်ဓါတ်ကိုထုတ်ပေးတယ် !!!

နောက်ပြီး စမတ်ဖုန်းအတွက်အားသွင်းနိုင်တာကြောင့် ပျော်ပျော်ကြီးအားသွင်းပြီး၊ အဲ့ဒီနောက် ရထားပေါ်မှာဖုန်းအားအပြည့်နဲ့ပြန်ဆော့နိုင်ပြီး…

ဒန်းကို ၁ မိနစ်ခန့်ကြာအောင်လွှဲတိုင်း ဖုန်းအား ၃ ရာခိုင်နှုန်းတက်လာပါတယ်။
ဒါဆို မိနစ် ၄၀ ခန့်လေ့ကျင့်ခန်းလုပ်ခြင်းဟာ စမတ်ဖုန်းဘက်ထရီအား ၁၀၀ ရာခိုင်နှုန်းနဲ့ညီမျှတာပဲပေါ့…
ပုံမှန်ဖုန်းအားဘယ်လောက်ကို အသုံးပြုနေသလဲဆိုတာ သိလာပါလိမ့်မယ်။

ကစားနေရင်းနဲ့ လျှပ်စစ်ဓါတ်ကိုထုတ်နိုင်တယ်။
ဒါဟာနည်းနည်းတော့ ပျော်စရာကောင်းမယ့်ပုံပါပဲ…

အသွားအလာများတဲ့မြို့ထဲမှာ ဒီလိုဒန်းကိုထားပေးမယ့်ဆို ကောင်းမှာပဲနော်….

စကားမစပ် ဂျပန်တစ်နိုင်ငံလုံးမှာဒန်းပေါင်း ၇၀,၀၀၀ ခန့်ရှိပါတယ်။
ဒါကိုကလေးငယ်များဟာ နေ့တိုင်းနီးပါးပြုံးပျော်စွာနဲ့ စီးနေကြပေမဲ့၊ ဒါကိုလျှပ်စစ်စွင်းအင်အဖြစ်အသုံးပြုနိုင်ရင် လျှပ်စစ်ဓါတ်ထုတ်ပေးတဲ့အရာတစ်ခုဖြစ်လာနိုင်မလား?
ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်စွာ အကျိုးပြုနိုင်မယ့်စွမ်းအင်ကို စတင်အာရုံစိုက်လာနေစဥ်မှာပဲ ဒီလိုပျော်စရာကောင်းတဲ့ စွမ်းအင်ထုတ်လုပ်မှုဆိုရင်တော့ လှိုက်လှိုက်လှဲလှဲကြိုဆိုချင်စရာပဲနော် ….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: