၂၄ ရက်နေ့ည၉နာရီအချိန်၊ အသက် ၂၂ နှစ်အရွယ်ကောင်လေးတစ်ဦး မျက်နှာကိုအက်စစ်ဖြင့်ပက်ခံလိုက်ရ!! တရားခံမှာထွက်ပြေးလျှက်ရှိ!

တိုကျို Minato-ku ရှိShirokane Takanawaမြေအောက်ရထားဘူတာမှာ အမျိုးသားတစ်ယောက်ဟာ ကောင်လေးတစ်ဦးရဲ့မျက်နှာကို
အက်စစ်လိုအရည်တစ်မျိုးနဲ့ ပက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ မြို့တော်ရဲဌာနကထိုအမျိုးသားရဲ့ပုံကို cctvမှတ်တမ်းအားဖြင့်ကြေညာပြီးလိုက်လံရှာဖွေလျှက်ရှိပါတယ်။

https://news.tv-asahi.co.jp/news_society/articles/000226624.html

၂၄ ရက်နေ့ ဂျပန်အချိန်ည၉နာရီလောက်မှာ၊ Minato ရပ်ကွက်ရဲ့ တိုကျိုShirokane Takanawaမြေအောက်ရထားဘူတာရဲ့စက်လှေကားမှာ
အမျိုးသားတစ်ဦးက ကုမ္ပဏီဝန်ထမ်းအသက် ၂၂ နှစ်သာရှိသေးတဲ့ကောင်လေးတစ်ဦးကို ရုတ်တရက်အက်စစ်လိုထင်ရတဲ့အရည်နဲ့ပက်ပြီးထွက်ပြေးခဲ့ပါတယ်။
ကောင်လေးရဲ့မျက်နှာနဲ့ကျောပြင်မှာအက်စစ်လောင်သွားခဲ့ပြီး၊ ထိုအနီးအနားမှာရှိနေခဲ့တဲ့ အသက် (၃၄)နှစ်အမျိုးသမီးဟာလည်း ထိုအက်စစ်အရည်ပေါ်ချော်လဲကျပြီး၊ ခြေထောက်အပူလောင်သွားခဲ့ပါတယ်။

“ ကောင်လေးကတကယ့်ကို မျက်နှာတစ်ခုပက်တီးစည်းလိုက်ရပြီးအရမ်းနာကျင်တဲ့အခြေအနေနဲ့ သယ်ဆောင်သွားကြတယ်” လို့မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်တဲ့နေရာကနေထွက်ပြေးသွားတဲ့အမျိုးသားရဲ့ရုပ်ပုံကို cctvမှတ်တမ်းဖြင့်ထုတ်ပြန်ကြေညာထားပါတယ်။
အမျိုးသားဟာ အသက် ၃၀ ကနေ ၅၀ ဝန်းကျင်လို့မြင်ရပြီး၊ အရပ်အမြင့်မှာ ၁၇၅ စင်တီမီတာခန့်ရှိကာ၊ အမည်းရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး
ညာဘက်လက်မှာလက်အိတ်အဖြူနဲ့အတူ ပုလင်းလိုမျိုးအရာကိုကိုင်ထားတာလည်း တွေ့ရပါတယ်။

အားလုံးလည်းကရုစိုက်ကြပါနော် …

source:ANN

 

Japo Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: