ဆောက်လုပ်ရေးလုပ်ငန်းခွင်၌အုတ်တံတိုင်းပြိုကျ၍ အလုပ်သမားတစ်ဦးသေဆုံး !!!!!

(29) ရက်နေ့နံနက်ပိုင်း တိုကျိုမြို့ Itabashi ရပ်ကွက်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ကွန်ကရစ်နံရံပြိုကျမှုဖြစ်သွားပါတယ်။
ဆောက်လုပ်ရေးအမျိုးသားတစ်ဦးအပေါ်ပိကျသွားပြီး ကယ်ဆယ်ခဲ့ပေမဲ့ အသက်ဆုံးရှုံးသွားပါတယ်။

 

 

မြို့နယ်ရဲတပ်ဖွဲ့ရဲ့အဆိုအရ၊ နံနက် ၁၁ နာရီခွဲကျော်လောက်၊ Itabashi ရပ်ကွက်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ “ နံရံပြိုကျမှုဖြစ်သွားခဲ့တယ်” လို့သတင်းရရှိပါတယ်။
နေအိမ်ဆောက်လုပ်မှုအတွက် ကွန်ကရစ်နံရံကိုပြန်လည်အားဖြည့်ဖို့လုပ်တဲ့အခါ ရုတ်တရက်နံရံပြိုကျလာပြီး အနီးမှာရှိတဲ့အမျိုးသားတစ်ဦးအပေါ် ပြိုကျသွားတာပါ။
အမျိုးသားကိုမွန်းလွှဲလောက်မှာကယ်ဆယ်ခဲ့ပေမဲ့ ထိုမတော်တဆဖြစ်တဲ့နေရာမှာတင် သေဆုံးသွားကြောင်းအတည်ပြုခဲ့ရပါတယ်။
နောက်ထပ် ဒီအမျိုးသားကိုစက်ယန္တရားသုံးပြီးကယ်ဖို့လုပ်ခဲ့တဲ့ ဆောက်လုပ်ရေးအမျိုးသားတစ်ဦးကလည်း ဦးခေါင်းအနည်းငယ်ထိမိပြီး ဆေးရုံပို့လိုက်ရကြောင်း ဂျပန်သတင်းဌာနဖော်ပြချက်အရသိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: