Do not stop the camera! ဆိုတဲ့ Zombie ကားကို Covid ကာလအတွင်းပြန်ရိုက်ကူးနေပြီ !!!

မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ရဲ့သက်ရောက်မှုကြောင့် အပြင်ထွက်တာကိုထိန်းချုပ်ပါဆိုတာကြီးက အနုပညာလောကမှာလည်း သက်ရောက်မှုရှိနေပါတယ်။ တီဗွီတို့ ရုပ်ရှင်တို့ရိုက်မယ်ဆိုရင်လည်း လူစုလူဝေးလိုဖြစ်နေတဲ့အတွက်လည်း အန္တရာယ်ရှိပါတယ်။

ဒါဆို အပြင်မထွက်ရမယ့်အတူတူတော့ အိမ်မှာရုပ်ရှင်ရိုက်ကြည့်ရင်ရော?

 

စာဖတ်သူတို့အားလုံး ရုပ်ရှင်ရိုက်ကွင်းတစ်ခုကိုမြင်ယောင်ကြည့်လိုက်ပါ….
အပြင်မှာမမြင်ဖူးတဲ့သူတွေလည်း ဘာပဲပြောပြောပုံဖော်ကြည့်လို့ရပါတယ်။
ကဲ. ရိုက်ကွင်းတစ်ခုမှာဆိုရင် သရုပ်ဆောင်တဲ့အခန်းကဏ္ဍတစ်ခုတည်းပဲမဟုတ်၊ မိုက်ခ်၊ အဝတ်အစား၊ နောက်ခံရှုခင်း၊ ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်၊ camera man ၊ ဒါရိုက်တာ၊ လက်ထောက်အကူ အစရှိသဖြင့် လူတွေအများကြီးစုပြီးရိုက်ကူးရတာပါ။
ဒါကြောင့်လည်း ရိုက်ကူးရေးတွေကို ရပ်ဆိုင်းထားဖို့က ကမ္ဘာတစ်ဝှမ်းမှာရှိကြတဲ့ရုပ်ရှင်အစည်းအရုံးတွေအားလုံး လိုက်နာရမယ့် စည်းကမ်းပေါ့ …

ဒီလိုအခြေအနေမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ရုပ်ရှင်တစ်ခုကို ရိုက်ကူးမယ်လို့ဆိုတဲ့ ဒါရိုက်တာတစ်ယောက်ရှိပါတယ်။ သူကတော့ 上田慎一郎(いえだ口しんいちろう)Ueda Shinichiro  ဆိုသူပဲဖြစ်ပါတဘ်။
သူရိုက်ခဲ့တဲ့ဇာတ်ကားထဲမှာတော့ ၂၀၁၇ ခုနှစ်တုန်းက ဘတ်ဂျက် ယန်းသောင်း ၃၀၀ နဲ့ရိုက်ခဲ့တဲ့ “ かめらをとめるな!”  ” Do not stop the camera!” ဆိုတဲ့ဇာတ်ကားနဲ့ ယန်း 31.2 Billion လောက်ရှာနိုင်ခဲ့ပါတယ်။
Zombie ကားပေါ့၊ ကြည့်ဖူးတဲ့သူရှိမလားတော့မသိဘူး…

 

https://pc.video.dmkt-sp.jp/ti/10022714

ဒီဒါရိုက်တာနဲ့ အဲ့ဒီအချိန်လက်တွဲခဲ့သူတွေ၊ သရုပ်ဆောင်တွေက နောက်တစ်ကြိမ်ပြန်တွေ့ဆုံပြီး ရုပ်ရှင်အသစ်တစ်ခုရိုက်ကူးဖို့ ဆုံးဖြတ်ချက်ကျခဲ့ပါတယ်။
နာမည်ကတော့ “ カメラを止めるな!リモート大作戦” “ Don’t stop the camera! Remote Operation”


https://pc.video.dmkt-sp.jp/ti/10022714

Story ကဒီလိုရိုက်မှာပါ။
ဂျပန်မှာ ပြဇာတ်ရုံတွေကလည်း refrain from going out အတွက်တောင်းဆိုခြင်းခံရပါတယ်။
အဲ့ဒီအထဲမှာမှ၊ တောင်းဆိုမှုတစ်ခုရောက်လာတယ်။

“ ဒီလထဲမှာ drama တစ်ခုကိုပြန်ရိုက်ကူးပါ” တဲ့

ဒီလိုမဖြစ်နိုင်တဲ့တောင်းဆိုမှုက အရှင်းဆုံးပြောရရင် staffတွေရော၊ သရုပ်ဆောင်တွေကပါ Covid ကာလကြီးမှာ တစ်ခါမှတောင်မျက်နှာချင်းမဆိုင်ရပဲ remote system နဲ့ရုပ်ရှင်ရိုက်ရမယ်ဆိုတော့ကား ဘယ်လိုများပါလိမ့် …
အောင်မြင်သွားတဲ့အထိ ထပ်ခါတလဲလဲကြိုးစားကြည့်ရမှာပဲ…

တကယ်ရိုက်ကူးရေးလိုမျိုး လူချင်းမဆုံရဘဲနဲ့၊ သရုပ်ဆောင်တွေကအိမ်မှာပဲ မိမိဘာသာရိုက်ရပါမယ် (ဖုန်းကိုလက်မှာကိုင်ပြီး)
ကျန်တဲ့သူတွေလည်း ထိုနည်း၄င်းပဲ။

ဇာတ်ကားက zombie ဆိုတော့ ဥပမာ

ရန်သူလာတဲ့အခန်းဆိုရင်…
လက်တစ်ဖက်ကဖုန်းကိုကိုင်ထားပြီး၊ ကျန်လက်တစ်ဖက်က ရန်သူကိုပြန်တိုက်ခိုက်နေတဲ့ပုံမျိုးပေါ့ ..
အဲ့ဒီလိုတစ်ယောက်ချင်းစီရိုက်ထားတဲ့ဗီဒီယိုကို အင်တာနက်ကနေ ဒါရိုက်တာဆီပို့ရမယ်။ ပြီးရင်တော့  edit လုပ်ပြီး video ပုံစံကိုပြန်ပြောင်းမှာပါ။

နောက်ပြီးဒါရိုက်တာပြောတာက “ အားလုံးပါဝင်နိုင်မယ့် scene အတွက်လည်း ပြင်ဆင်နေပါတယ်” တဲ့…

ဒီလိုပုံစံနဲ့ရိုက်ကူးနေတာပြီးသလောက်ရှိနေပြီး၊ ၄လပိုင်းအကုန် ၅ လပိုင်းအစလောက်မှာ လက်စသတ်အပြီးအစီးလုပ်ဖို့ရှိတယ်လို့လည်းသိရပါတယ်။
ရုပ်ရှင်ရုံတွေက ပိတ်ထားဆဲကာလဖြစ်တဲ့အတွက် ဒီတစ်ခေါက်မှာတော့ Youtube ကနေ စတင်ပြသမယ်လို့ စီစဥ်ထားပုံရပါတယ်။

တွေးထားတဲ့ရိုက်ကူးရေးအစီအစဥ်နဲ့၊ နောက်ပြီးကြည့်ရှုသူတွေဆီရောက်မယ့်အထိ အားလုံးက refrain from going out ညွှန်ကြားချက်ကို လိုက်နာထားတဲ့အတွက် ပျော်စရာကောင်းမှာပါ။

နောက်ပြီး ကမ္ဘာမှာပထမဆုံးပဲဆိုတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ် !

ကဲ…မကြာခင်ဒီကားလေးကပြီးတော့မှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရအောင် !!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: