ဒေါသတကြီး အော်ဟစ်ဆူပူခဲ့တဲ့ အကြောင်းအရင်း

တိုကျိုမြို့ရဲ့ ရှိဘုယဘူတာမှာ

တစ်နေကုန်လုံး အန္တရာယ်မရှိသလောက် အလုပ်အကိုင်၊ လည်ပတ်သွားလာ၊ ရောင်းဝယ်ဖောက်ကားနေတဲ့သူတွေနဲ့ ပြည့်နေတဲ့မြို့ကြီးမှာ ရုတ်တရက် အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။

 

မင်း….ဘာလုပ်လိုက်တာလဲ !!!

 

အသက်ငယ်ငယ်နဲ့ရဲတစ်ယောက်က အသံကျယ်ကြီးနဲ့အော်လိုက်ပါတယ်။

https://grapee.jp/692271

အဲ့လောက်လည်းစိတ်မဆိုးပါနဲ့ !

လို့သတိပေးလိုက်တာကို ဘေးမှာရှိတဲ့ရဲက ဂရုမစိုက်ဘဲ တစ်ဘက်ကယောကျ်ားလေးကို ဖမ်းဆွဲလိုက်ပါတယ်။

အဲ့ဒီကောင်လေးက ဘာလုပ်လိုက်လို့လဲ ?

ဘာကြောင့်အဲ့ဒီရဲသားက အဲ့လောက်ထိစိတ်ဆိုးနေရတာလဲ ?

အကြောင်းအရင်းကတော့ ကောင်လေးလုပ်လိုက်တဲ့ အပြုအမူကြောင့်ဖြစ်ပါတယ်။

အဲ့ဒီကောင်လေးက ဘယ်ကမှန်းမသိ ဖြတ်သွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ဗိုက်ကိုတိုက်မိခဲ့လို့ဖြစ်ပါတယ်။

ဒီလိုလုပ်တာကို ခွင့်မလွှတ်နိုင်ပါဘူး။

ရဲတစ်ယောက်က ဒီလိုစိတ်ဒေါသကြောင့် အော်ဟစ်လိုက်တာမကောင်းဘူးဆိုပေမယ့် ဒီလိုနွေးထွေးကြင်နာတဲ့ စိတ်ရှိတဲ့ရဲသားလေးကို ပတ်ဝန်းကျင်ကနေ လက်ခုတ်သြဘာသံတွေနဲ့ ဂုဏ်ပြုခဲ့ပါတယ်။

လတ်တလော ဂျပန်နိုင်ငံရဲတွေနဲ့ ပတ်သက်ပြီး သတင်းကောင်းတွေဟာ တော်တော်လေးကိုရှားပါးနေခဲ့ပါတယ်။

ဒီလိုပုံစံမျိုးနဲ့ မြို့ထဲကမိန်းကလေးတွေကို ကာကွယ်ပေးနေတာပဲလို့တွေးမိပြီး ဒီလို တရားမျှတမှုကိုကိုင်ဆောင်ထားတဲ့ ရဲသားတွေ ဂျပန်နိုင်ငံမှာရော မြန်မာနိုင်ငံမှာရော တိုးပွားလာမယ်ဆို တကယ်ကောင်းတဲ့ အချက်ဖြစ်ပါတယ်။

ထိခိုက်ခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ဗိုက်ထဲကကလေးလေး ဘေးကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: