(၁၆) ရက်နေ့ တိုကျိုကူးစက်မှု ၁၈၀ ဦးရှိ

(၁၆) ရက်နေ့ အတွက် တိုကျိုးမှာကူးစက်မှုအသစ် ၁၈၀ ဦးပါ။ ၇ ရက်ကြာပြီးနောက် ၂၀၀ အောက်ပြန်ကျသွားပါတယ်။

https://news.tv-asahi.co.jp/news_society/articles/000198588.html

ကူးစက်သူတွေထဲမှာ အသက် ၁၀ နှစ်ကနေ အသက် ၈၀ နှစ်အထိ အမျိုးသားအမျိုးသမီး ၁၈၀ ဦးဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်
အသက် ၂၀ နှစ် = ၃၉ ဦး
အသက် ၃၀ နှစ် = ၃၄ ဦး
အသက် ၄၀ နှစ် = ၃၀ ဦး
အသက် ၅၀ နှစ် = ၂၈ ဦး
ရောဂါပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်နှင့်အထက် = ၂၅ ဦး တို့အသီးသီးဖြစ်ပြီး၊ လက်ရှိအရေးကြီးလူနာ ၄၀ ဦးရှိထားပါတယ်။
တိုကျိုမှာစုစုပေါင်းကူးစက်ထားသူဦးရေကတော့ ၃၄,၉၃၂ ဦးတို့ဖြစ်ပါတယ်။

https://news.tv-asahi.co.jp/news_society/articles/000198546.html

မနေ့က ၁၅ ရက်နေ့က တစ်နိုင်ငံလုံးကူးစက်မှု ၁၄၄၀ ဦးတောင်ရှိခဲ့ပါတယ်။
အိုဆာကာမှာ ၂၆၆ ဦးကူးစက်မှုအသစ်ရှိပြီး တစ်နိုင်ငံလုံးမှာအများဆုံးဖြစ်သွားပါတယ်။ ဟိုကိုင်းဒိုးနဲ့တိုကျိုမှာတော့ မနေ့က အယောက် ၂၀၀ ကျော်သာရှိခဲ့ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: