ကလေးတွေကြောင့် အညောင်းပြေစေမယ့်တီရှပ်

နေ့တိုင်နေ့တိုင်း အလုပ်တွေမနားတမ်းလုပ်ပြီး ပင်ပန်းနေတဲ့ ဖေဖေတို့ မေမေတို့ရေ…..

အမြဲတမ်းအနှိပ်ခံဖို့ စိတ်ကူးနေကြပေမယ့်လည်း ဂျပန်နိုင်ငံမှာဆိုရင်တော့ Massage တွေက အရမ်းစျေးကြီးပါတယ်။

မိဘတွေအရမ်းပင်ပန်းနေတာကို ကလေးလေးတွေကမသိဘဲ အတူတူဆော့ပေးစေချင်တာကြောင့် မိဘတွေဟာ ပိုပိုပြီးတော့ပင်ပန်းရပါတယ်။

ဒီလိုပင်ပန်းနေတဲ့ ဖေဖေ၊ မေမေတို့အတွက် အမိုက်စားတီရှပ်ကိုလည်း တီထွင်ပေးခဲ့ပါတယ်။

https://clubt.jp/sp/product/572796_80573174.html

ဒီတီရှပ်ကိုဝတ်ပြီးတော့ လှဲလျောင်းနေရုံနဲ့ နှိပ်နှယ်ပေးတာခံရမှာဖြစ်ပါတယ်။

တကယ်တော့ ရထားကိုအရမ်းကြိုက်တဲ့ သားသားလေးတွေရှိတဲ့ မိဘတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဘာကိုဆိုလိုလဲဆိုတာကို နားမလည်လောက်ဘူးလို့ထင်ပါတယ်။

ဒီတီရှပ်ရဲ့နောက်ကျောမှာ ဒီလိုပုံစံမျိုးဖြစ်ပါတယ်။

https://clubt.jp/sp/product/572796_80573174.html

မီးရထားလမ်းတွေအပြည့်ပဲနော်။

https://twitter.com/kenkawakenkenke/status/1102206021802459136/photo/1?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1102206021802459136&ref_url=https%3A%2F%2Fcorobuzz.com%2Farchives%2F133789

 

ရထားကြိုက်တဲ့သားသားလေးတွေရှိမယ်ဆိုရင် မှောက်လှဲပေးလိုက်ပြီး ကျောပေါ်မှာဆော့ခိုင်းလိုက်ပါ။

ကလေးတွေလက်တွေ့ဘယ်လိုဆော့လဲဆိုတာကို ကြည့်လိုက်ပါဦးနော်။

ကဲ……..နှိပ်ပြီးသားပဲနော်…..

နောက်ပြီးတော့ ကလေးတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ကစားပြီးပြီးဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်မသွားဘူးလား ?

ဒါဆိုရင် ပင်ပန်းလာတဲ့ဖေဖေနဲ့မေမေအတွက် အကောင်းဆုံးတီရှပ်လေးပေါ့နော်…..

မြန်မာနိုင်ငံမှာ ကလေးလေးတွေက ရထားမကြိုက်ဘူးဆိုရင်တောင်မှ ကားကြိုက်တဲ့ကလေးတွေများတယ်ဆိုတော့ ကားလမ်းနဲ့ရှပ်အင်္ကျီတွေထုပ်လိုက်ရင်မကောင်းဘူးလား ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: