အုရှိခုဗုဒ္ဓရုပ်ပွားတော် (牛久大仏) ရဲ့ အရွယ်အစားက ဘယ်လောက်တောင်ကြီးတာလဲ။

အိဘရခိခရိုင်မှာ အလွန်ပဲကြီးမားတဲ့ ဗုဒ္ဓရုပ်ပွားတော်ရှိပါတယ်။
အုရှိခုဗုဒ္ဓရုပ်ပွားတော်ပါ။

ဓာတ်ပုံ https://www.jalan.net/kankou/spt_08219ag2132081984/

ဒီရုပ်ပွားတော်ရဲ့အရွယ်အစားကြီးမားမှုအကြောင်းကို လူတွေသိပ်မသိကြသေးပါဘူး။

ရုပ်ပွားတော်ရဲ့အမြင့်က မီတာ ၁၂၀ ရှိပါတယ်။
ကမ္ဘာမှာရှိတဲ့ ရပ်တော်မူရုပ်ပွားတော်တွေထဲမှာ တတိယအကြီးဆုံးပဲဖြစ်ပါတယ်။
ကြေးနဲ့လုပ်ထားတဲ့ ရုပ်ပွားတော်တွေထဲမှာတော့ ကမ္ဘာ့အကြီးဆုံးဖြစ်ပါတယ်။
ဂရင်းနစ်မှတ်တမ်းလည်းဝင်ထားပါတယ်။

အလေးချိန်က တန်ပေါင်း ၄၀၀၀ ရှိပါတယ်။

အထဲဝင်လိုက်မယ်ဆိုရင် သမိုင်းနဲ့သက်ဆိုင်တာတွေ ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုဖော်ပြထားတဲ့ ပစ္စည်းတွေအမြောက်အများကို လေ့လာနိုင်ပါတယ်။

မီတာ ၁၂၀ ဆိုတာ ဘယ်လောက်မြင့်တာလဲဆိုတာ
ဒီအတိုင်းဆိုသိပ်ပြီးမသိနိုင်ပါဘူး။

ဒီလိုဆိုရင် နာမည်ကြီးတဲ့ အရာတွေနဲ့ နှိုင်းယှဉ်လေ့လာကြည့်ကြရအောင်။

ဓာတ်ပုံ http://mag.japaaan.com/archives/20697

နယူးယောက်မြို့ရဲ့ အထင်ကရရုပ်ထုဖြစ်တဲ့ လေဘာတီရုပ်ထုဟာ သူ့ရဲ့အောက်ခြေမှာ ဆောက်လုပ်ထားတဲ့အရာအပါအဝင် မီတာ ၉၀ ရှိပါတယ်။
ဒီရုပ်တုနဲ့ယှဉ်မယ်ဆိုရင်တော့ တော်တော်လေးသေးပါတယ်။
ဂျပန်ရဲ့ နာမည်ကြီးကာတွန်းဇာတ်ကောင်ဖြစ်တဲ့ Evangelion စက်ရုပ်ဟာ မီတာ ၈၀ ရှိပါတယ်။
ဒီပုံထဲမှာမြင်ရမှာပါ။ ဒီစက်ရုပ်ရဲ့ဘေးမှာ ဂျပန်ရဲ့ ဟီးရိုး အာထရာမန်းရှိပါတယ်။ သူ့ရဲ့ဘေးမှာ ဂန်ဒမ်စက်ရုပ်ရှိပါတယ်။
ဒါလေးတွေနဲ့ယှဉ်လိုက်မယ်ဆိုရင် ဂျပန်ရဲ့ ဘုရားကျောင်းတွထဲမှာရှိတဲ့ ရုပ်ပွားတော်တွေ ထဲမှာ အကြီးဆုံးလို့ဆိုတဲ့ နာရရဲ့ ရုပ်ပွားတော်ကတော့ မမြင်ရလောက်အောင်သေးသွားပါတယ်။

အုရှိခုရုပ်ပွားတော်ရဲ့ အရွယ်အစားက ဒီဟာတေမှနဲ့ယှဉ်လို့မရအောင် ကြီးမားပါတယ်။

ဒီရုပ်ပွားတော်ရဲ့ အရွယ်အစားနဲ့ နှိုင်းယှဉ်လို့ရတာက ရုပ်ရှင်ထဲမှာခဏခဏကြည့်ဖူးကြတဲ့ တိုကျိုမြို့ကိုလိုက်ဖျက်ဆီးနေတဲ့ ဂေါ်ဇီလာဖြစ်ပါတယ်။ ပုံကိုကြည့်လိုက်ပါဦး။

http://netatama.net/archives/9319643.html

ဒီလိုကြီးမားလွန်းလှတဲ့ ရုပ်ပွားတော်ဟာ တိုကျိုမြို့နဲ့ သိပ်မကွာဝေးတဲ့ အိဘရခိခရိုင်မှာရှိပါတယ်။

JR ရထားရဲ့ ဂျောဘန်းလိုင်းနဲ့ အုရှိခုဘူတာအထိသွားပြီး အဲ့ဘူတာကနေ ဘတ်စ်ကား ၂၅ မိနစ်လောက် ဆက်စီးရင်ရောက်ပါပြီ။
ဒီလိုကြီးမားလှတဲ့ ရုပ်ပွားတော်ဆီသွားပြီး ဆုတောင်းမှုတွေလုပ်ကြရအောင်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: