ဂျပန်နိုင်ငံရဲ့ ပြန်ဆပ်စရာမလိုတဲ့ ငွေချေးနည်းအသစ်? ဒါက တရားရောဝင်ရဲ့လား?

ကိုရိုနာကြောင့် အခက်အခဲဖြစ်ရချိန် ချေးငွေတွေ တိုးလာတဲ့သူတွေအများကြီးရှိမယ်လို့ထင်ပါတယ်။
ချေးရတာတော့ လွယ်ပေမယ့် ပြန်ပေးဖို့တော့ ခက်ခဲကြရပါတယ်။
အဲ့ဒီလိုစိုးရိမ်မှုတွေကို ဖြေဖျောက်ပေးလို့ဆိုရမယ့် ချေးငွေဝန်ဆောင်မှုအသစ်ဟာ အစပေါ်လာပြီဖြစ်ပါတယ်။

အဲ့ဒါကတော့
လစဥ် ယန်း ၁ သိန်းအထိ ချေးငွေရယူနိုင်
အတိုးသာပြန်ဆပ်ရန်လို


တအားရက်ရောနေသလိုပဲနော်။ ဟုတ်ရောဟုတ်ပါ့မလား?
တကယ်ပါ။
ပြည်တွင်းဘဏ် Yamaguchi Bank နဲ့ စားသုံးသူဘဏ္ဍာရေးလုပ်ငန်း AIFUL တို့ ပြုလုပ်နေတဲ့ ငွေချေးပလန်ဟာ ဒီလိုဆောင်ပုဒ်နဲ့ ဝန်ဆောင်မှုစတင်ဖို့လုပ်နေတယ်လို့ဆိုပါတယ်။

ချေးငွေကို ပြန်ပေးစရာမလိုဘူးဆိုပေမယ့် ဒီလိုဆိုရင် ဘဏ်ဘက်ကရော အရှုံးမပေါ်ဘူးလားလို့တွေးသူတွေ ရှိမယ်လို့ထင်ပါတယ်။
တစ်ကယ်တော့ ချေးငွေဝန်ဆောင်မှုမှာ အာမခံလည်းအတူတွဲပါနေပါတယ်။
ချေးငွေကို ငွေချေးထားတဲ့သူရဲ့ “အသက်အာမခံ” နဲ့ ပေးချေရမှာဖြစ်ပါတယ်။

ချေးငွေရယူနည်းအပေါ် မူတည်ပြီး အတော်လေးအန္တရာယ်များတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။
အတိုးငွေပြန်ပေးရုံပဲလို့ပြောပေမယ့် ပထမလမှာ ယန်း ၁ သိန်းချေးပြီး အဲ့ဒီအတွက်အတိုးပါပေါင်းပြီး နောက်လမှာ ယန်း ၁ သိန်းထပ်ချေးရင် တတိယလမှာ အတိုးနှုန်းကို ယန်း ၂ သိန်းစာ ပေးရမှာဖြစ်ပါတယ်။
ဒီလိုလစဥ်ချေးယူရင်းနဲ့ အတိုးက ယန်း ၁ သိန်းကျော်သွားရင် ထပ်ချေးထားတဲ့ပိုက်ဆံနဲ့တောင် အတိုးဆပ်နိုင်တော့မှာမဟုတ်ပါဘူး။
အဲ့ဒီအချိန်မှာ သေဆုံးသွားရင်တော့ အသက်အာမခံကြောင့် ချေးငွေတွေ အကုန်ဆပ်ပြီးသားဖြစ်မှာပါ။
အကန့်အသတ်မရှိ ငွေချေးရတာမကောင်းပေမယ့် “ ငွေအတွက် သေရမယ်” ဆိုတဲ့ပုံစံကြောင့် ကြောက်စိတ်ဖြစ်မိတာက ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူးလို့ထင်ပါတယ်။

အသက်နဲ့လောင်းကြေးထပ်ပြီး ငွေချေးရသလိုဖြစ်နေတယ်ဆိုပြီးတော့လည်း ဂျပန်နိုင်ငံမှာ ငြင်းခုံနေကြပါတယ်။

ဒီဝန်ဆောင်မှုနဲ့ ယာကူဇာဆီကနေ ငွေချေးတဲ့ Loan shark တွေဟာ အခက်အခဲဖြစ်နေသူကို ကူညီပေးတဲ့ ငွေချေးဝန်ဆောင်မှုဆိုပေမယ့် စနစ်တကျမတွေးထားရင် ကိုယ့်ဘဝပါ ပျက်စီးပြီး နောက်ဆုံးမှာ သေဖို့ကလွဲပြီး ရွေးစရာမရှိတော့ပဲဖြစ်ပါလိမ့်မယ်။
နားထောင်လို့ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပေမယ့်ပေါ့။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: