တိုက်လေယာဉ်တွေမှာသာမက ဈေးဝယ်စင်တာတွေမှာပါတွေ့နေရတဲ့ Stealth နည်းပညာ

Stealth ဆိုတဲ့ စကားလုံးကို ကွားဖူးကွပါသလား?

Stealth ဆိုတာ အမေရိကန်နဲ့ တရုတ်နိုင်ငံမှာ စစ်လေယာဥ်တွေမှာ အသုံးပြုနေတဲ့ ရန်သူမမြင်နိုင်အောင်ဖျောက်ပေးတဲ့နည်းစနစ်ဖြစ်ပါတယ်။

စစ်မြေပြင်နဲ့ ကင်းထောက်လုပ်ငန်းတွေမှာ အလွန်အရေးပါတဲ့နည်းပညာဖြစ်ပေမယ့် ဂျပန်နိုင်ငံရဲ့ Stealth ကတော့ ဒါတွေနဲ့ မတူညီတဲ့နေရာမှာ အကျိုးသက်ရောက်မှုရှိစွာ အသုံးပြုနေပါတယ်။

အဲ့ဒီနေရာကတော့ စူပါမားကတ်ဖြစ်ပါတယ်။

စူပါမားကတ်မှာ ရန်သူပုန်းအောင်းနေတာမဟုတ်ဘဲ ရှိနေတဲ့အရာကို ဖုံးကွယ်ဖို့အတွက် အသုံးပြုနေတာပဲဖြစ်ပါတယ်။

ဘယ်လိုလဲ ရှုပ်သွားပြီလား?

တကယ်ကတော့ တစ်ဖက်လှည့်နဲ့ ဈေးတင်လိုက်တာပဲဖြစ်ပါတယ်။

ဈေးတင်တယ်လို့ပြောပေမယ့် ကုန်ပစ္စည်းတစ်ခုကို ဈေးတင်တဲ့အခါ မရောင်းရတော့မှာဖြစ်လို့ အဲ့လိုဈေးတင်လိုက်မှန်းမသိအောင်လုပ်တာက Stealth ဈေးတင်နည်းဖြစ်ပါတယ်။

အခုတလော အာလူးကြော်ထုတ်ထဲမှာ အာလူးကြော်တွေ နည်းလာတယ်လို့မထင်မိဘူးလား။

တခြားထုတ်ကုန်မှာလည်း ဒီလိုဖြစ်စဥ်တွေအများကြီး ရှိနေပါတယ်။

ဒါပေမယ့် ဈေးနှုန်းကမပြောင်းလဲတဲ့အတွက် တော်တော်နဲ့သတိမထားမိကြပါဘူး။

ဂရုတစိုက်ကြည့်ကြည့်မယ်ဆိုရင် ဝက်အူချောင်းက တစ်ချောင်းလျော့နေတာတို့၊ ချောကလက်က သာမန်ဆိုသတိမထားမိလောက်တဲ့အရွယ်အစားလောက်လေး သေးသွားတာတို့ ရှိပါတယ်။

ဈေးနှုန်းမပြောင်းလဲဘဲ ဈေးတင်လိုက်တဲ့နည်းနည်းလှည့်စားလိုက်တဲ့နည်းဗျူဟာဖြစ်ပါတယ်။

Stealth (ခိုးဝှက်လုပ်ရတာ) မို့လို့ စားသုံးသူကို အသိပေးတာမျိုးလည်း မရှိပါဘူး။

အထုတ်နောက်က ပါဝင်မှုပမာဏဖော်ပြချက်မှာလည်း သေချာပေါက် တိတ်တိတ်လေး ပြောင်းလဲထားမှာဖြစ်ပါတယ်။

စားသုံးသူဘက်ကနေကြည့်ရင်တော့ လိမ်လည်ခံရသလိုဖြစ်ပေမယ့် အထက်ကအကြောင်းအရာကြောင့် လိမ်လည်မှုလည်း မမြောက်ပါဘူး။

အထုတ်မှာပါတဲ့ ဖော်ပြချက်အကြောင်းအရာကို ပြောင်းလဲတာတို့၊ အရေအတွက်ကို ပြောင်းလဲတာတို့လုပ်ဖို့အတွက် ထုတ်လုပ်သူဘက်ကနေလည်း အားထုတ်မှုပြုလုပ်ရပါတယ်။

ဒီအားထုတ်မှုအတွက်လည်း Stealth ဈေးတင်ခြင်းမှာ ထည့်သွင်းရမှာဖြစ်လို့ ဒီတိုင်းဈေးနှုန်းကို ပိုတင်လိုက်တာက ပိုမကောင်းဘူးလားလို့ တွေးမိသူများလည်း ရှိမယ်လို့ထင်ပါတယ်။

တကယ်တော့ ထုတ်လုပ်သူဘက်က တစ်ဖက်သတ်လှည့်စားတာမဟုတ်ဘဲ စားသုံးသူဘက်ကလည်း ဈေးနှုန်းကိုပဲအလွယ်ကြည့်ပြီး ဆုံးဖြတ်ကြလို့ဖြစ်ပါတယ်။

Stealth ဈေးတက်ခြင်းကို သတိထားမိတဲ့အချိန်မှာ စိတ်တိုကြမယ်လို့ထင်ပေမယ့် ဒီလိုဈေးတက်ခြင်းကို ဖျောက်ဖို့အတွက် စားသုံးသူဘက်ကနေလည်း နည်းနည်းဉာဏ်ကိုလွှာသုံးရမယ်လို့ထင်ပါတယ်။

စာဖတ်သူများလည်း ဈေးဝယ်တဲ့အခါ ဂရုပြုပါနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: