ဂျပန်လူမျိုးတွေအတွက် တစ်ကိုယ်တော်ယာယီရုံးခန်း

နိုင်ငံခြားသားတွေ တော်တော်များများက ဂျပန်လူမျိုးတွေ အလုပ်အရမ်းလုပ်ကြတယ်လို့ ပြောပါတယ်။

ဂျပန်ရဲ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ဒီလိုဖြစ်နေတဲ့အတွက် ယခုချိန်မှာလည်း ဂျပန်လူမျိုးတွေက ကိုယ်တစ်ယောက်တည်း နှေးနှေးကွေးကွေး အလုပ်မလုပ်တတ်တော့ပါဘူး။

နောက်ပြီးတော့ နှစ်လရှည်ကြာလာတဲ့အခါ ဒီလိုနေထိုင်စားသောက်တဲ့ဂျပန်လူမျိုးတွေက လုံးဝအနားမယူတဲ့သူတွေဖြစ်လာပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံမှာ ရုံးခန်းပုံစံအသစ် တစ်မျိုးကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီရုံးခန်းပုံစံအသစ်က ဒီလိုပုံစံမျိုးပါ။

https://web.smartnews.com/articles/fBowsshJf7T

 

ဒီရုံးခန်းတွေရှိတဲ့နေရာကတော့ တိုကျိုမြို့လယ်ခေါင်က ရှင်းဂျု့ခုဘူတာ မှာပဲဖြစ်ပါတယ်။

 

TOKYO, JAPAN – Jul.02 2018 : night view of JR shinjuku station with crowd people and traffic, in tokyo, japan. It’s the world’s busiest transport hub

https://web.smartnews.com/articles/fBowsshJf7T

ရှင်းဂျူ့ခုဘူတာကို တစ်ရက်မှာ ပျှမ်းမျှလူဦးရေ 3,530,000 ယောက် သုံးစွဲနေကြပြီး ကမ္ဘာပေါ်မှာသုံးစွဲသူအများဆုံးဘူတာဖြစ်ပါတယ်။

ဒီလိုရုံးခန်းတွေကို ဘူတာရုံကြီးရဲ့ထောင့်တွေမှာထားရှိပြီး ရုံးခန်းရဲ့အတွင်းပိုင်းက ဒီလိုပုံစံမျိုးဖြစ်ပါတယ်။

 

https://web.smartnews.com/articles/fBowsshJf7T

အရမ်းကို အဆင်ပြေတဲ့ပုံပါပဲ။

အိမ်ခန်းတွေလို ရုံးခန်းထက်ပိုပြီးတော့ အဆင်ပြေလို့လား ? ?

လက်တွေ့စမ်းသပ်တဲ့အနေနဲ့  ၁၅ မိနစ် အခမဲ့အသုံးပြုလို့ရပါတယ်။

အဲ့ဒီထဲကို ဝင်ရောက်ပြီး အလုပ်မလုပ်ခင်မှာ အရင်ဦးဆုံး မှတ်ပုံတင်စာရင်းပေးရပါတယ်။

မှတ်ပုံတင်ပြီးသွားတဲ့အခါမှာ အသုံးပြုတဲ့သူရဲ့ Smart Phone နဲ့ တံခါးကိုဖွင့်ရပါတယ်။

၁၅ မိနစ်လောက်ပဲ အသုံးပြုနိုင်တာကြောင့် E-mail စစ်တာကလွဲရင် မလုပ်နိုင်ဘူးဆိုပေမယ့် WiFi နည်းတဲ့ ဂျပန်နိုင်ငံမှာတော့ ဒီလောက်လေးက ကျေးဇူးတင်စရာပါပဲ။

WiFi တင်မဟုတ်ဘဲနဲ့ လျှပ်စစ်လည်းထားထားပေးတာကြောင့် ဖုန်းအားမရှိတဲ့သူတွေအတွက်ဆိုရင် အရမ်းကိုအဆင်ပြေပါတယ်။

အခုချိန် ဂျပန်နိုင်ငံမှာ အရမ်းကိုအေးတဲ့အတွက်ကြောင့် ခြေထောက်နားမှာ အပူပေးတဲ့ ကိရိယာတွေကို ထားရှိပေးထားပါတယ်။

လက်တွေ့အသုံးပြုသူရဲ့ ၈၀ % က အမျိုးသားတွေပဲဖြစ်ပါတယ်။

နောက်ပြီးတော့ ကြိုတင်စာရင်းပေးတဲ့သူတွေက များလွန်းတဲ့အတွက်ကြောင့် သုံးချင်လျက်နဲ့ သုံးမရဘူးဖြစ်နေပါတယ်။

အသုံးပြုသူတွေရဲ့ ပြောကြားချက်အရ အချိန်အကြာကြီးဆက်သုံးချင်တယ်လို့ ပြောတဲ့သူကများပြီး နောက်ကျရင် ဒီထက်ပိုပြီးအဆင်ပြေတဲ့ဝန်ဆောင်မှုတွေကို ထည့်သွင်းပေးလိမ့်မယ်လို့ထင်ပါတယ်။

အဲ့ဒီရုံခန်းက ဘူတာရုံထဲမှာရှိတဲ့အတွက်ကြောင့် ရထားပြောင်းမစီးခင်မှာ အသုံးပြုရင်လည်း အရမ်းကိုအဆင်ပြေပါတယ်။

ဂျပန်နိုင်ငံမှာ အဲ့လောက်ထိတောင်မှ အလုပ်လုပ်ကြတာပဲနော်……

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: