ပုဂ္ဂလိကကဏ္ဍရဲ့ နည်းပညာကို အာကာသမှာအသုံးပြုလာတဲ့ ဂျပန်

ဂျပန်နိုင်ငံမှာ ပုဂ္ဂလိကကဏ္ဍရဲ့ နည်းပညာတွေကို အာကာသမှာအသုံးပြုလာခဲ့ပါပြီ။

အောက်ကပုံမှာပါတဲ့ပုံစံမျိုးပါ။

 

ဘာလဲဆိုတာကိုသိပါသလား?

 

https://www.fnn.jp/posts/00405255CX

 

ISS (နိုင်ငံတကာအာကာသစခန်း) မှာ စမ်းသပ်ခဲ့တဲ့ပစ္စည်းကို   ပြန်ယူဖို့အတွက် အာကာသယာဥ်အစိတ်အပိုင်းလေးတစ်ခုဖြစ်ပါတယ်။

ISS ကနေလွှတ်တင်လိုက်တာက လေထုထဲမှာ ကွဲထွက်သွားပြီးတော့ ပင်လယ်ရေမျက်နှာပြင်ပေါ်ပြန်ရောက်ရမယ်ဆိုပေမယ့် လေထုထဲလွှတ်တင်နေတဲ့အချိန်မှာ အဲ့ဒီအာကာသယာဥ်အစိတ်အပိုင်းက အပူချိန်တွေအရမ်းကိုမြင့်တက်လာပါတယ်။

အဲ့ဒီအပူချိန်အတိုင်းလွှတ်တင်လိုက်မယ်ဆိုရင် အဲ့ဒီစက်ကိရိယာတွေအားလုံးပျက်စီးသွားမှာဖြစ်တဲ့အတွက် အပူချိန်ကိုထိန်းထားပြီးတော့ ကမ္ဘာမြေပေါ်ကို ပြန်လှည့်ကိုလှည့်လာရပါလိမ့်မယ်။

အဲ့ဒီအာကာသယာဥ်အစိတ်အပိုင်းက ၂၀၀၀ ဒီဂရီလောက်နေတာတောင်မှ ၄ ဒီဂရီလောက်နဲ့ ထိန်းထားနိုင်တယ်ဆိုတဲ့ အရာဖြစ်ပါတယ်။

အဲ့ဒီလိုနည်းပညာတွေက အမေရိကနိုင်ငံ၊ ရုရှားနိုင်ငံ နဲ့ ဂျပန်နိုင်ငံမှာပဲရှိပါတယ်။

https://www.fnn.jp/posts/00405255CX

အဲ့ဒါတွေက တကယ်တော့ ပုဂ္ဂလိကကဏ္ဍတွေရဲ့ နည်းပညာတွေကို အသုံးပြုထားတာပဲဖြစ်ပါတယ်။

အဲ့ဒီနည်းပညာတွေ အသုံးပြုထားတာကို စာဖတ်သူတို့အားလုံးသိနိုင်တဲ့အရာဆိုတာထက် အိမ်မှာတောင်တစ်ခုလောက်ရှိလောက်မယ်လို့ထင်ပါတယ်။

 

အဲ့ဒါက ဘာလဲဆိုတော့…………

https://www.become.co.jp/kitchen/pid/1434446677/

 

ဓာတ်ဘူးပဲဖြစ်ပါတယ်။

ပူနေတဲ့အရာတွေကို ပူနေတဲ့အတိုင်း ၊ အေးနေတဲ့အရာတွေဆိုရင် အေးနေတဲ့အတိုင်း ထိန်းပေးထားနိုင်တဲ့ အရမ်းကိုကောင်းမွန်တဲ့ ပစ္စည်းပဲဖြစ်ပါတယ်။

သုံးတဲ့သူတွေလည်းတော်တော်များမယ်ထင်ပါတယ်။

ဂျပန်မှာတော့ဟိုးအရင်ကတည်းကနေ ဓာတ်ဘူးကိုထုတ်လုပ်ခဲ့ကြပြီး Tiger ဆိုတဲ့ဓာတ်ဘူးကုမ္ပဏီကနေပြီးတော့ အာကာသယာဥ်အစိတ်အပိုင်းကို တီထွင်ဖို့အတွက်တာဝန်ယူထားပါတယ်။

ဒီလိုနည်းပညာနဲ့ အာကာသယာဥ်အစိတ်အပိုင်းကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ယူနိုင်ခဲ့ပါတယ်။

အပူချိန်တွေပြောင်းလဲမှုကြားမှာလည်း ပြဿနာလုံးဝမရှိတဲ့အတွက် ISS ရဲ့ စမ်းသပ်မှုရလဒ်က ပြန်ယူနိုင်ဖို့ဖြစ်လာခဲ့ပါတယ်။

အာကာသလို့ဆိုလိုက်တာနဲ့ နိုင်ငံပိုင်နည်းပညာမှမဟုတ်ရင် ဘာမှမတတ်နိုင်ဘူးလို့ထင်ခဲ့ပေမယ့် ပုဂ္ဂလိကကဏ္ဍကလည်းလုပ်ဆောင်လာနိုင်တယ်ဆိုတာ သတင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: