ဂျပန်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ကုမ္ပဏီက ခုချိန်ထိဘာကြောင့်မပြိုလဲသေးတာလဲ

ဂျပန်မှာရှိတဲ့ ခွန်းဂိုးဂုမိ (金剛組) ဆိုတဲ့ကုမ္ပဏီဟာ ခရစ်သက္ကရာဇ် ၅၇၈ ခုနှစ်မှာ စတင်တည်ထောင်ထားတာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၁၄၀ဝ ကျော်သွားပြီဖြစ်တာတောင်မှ ဆက်လက်တည်မြဲနေပါတယ်။

ဒီကုမ္ပဏီက နတ်ကွန်းတွေ၊ ဘုရားကျောင်းတွေရဲ့ အဆောက်အအုံတွေကို တည်ဆောက်တာကို တာဝန်ယူဆောင်ရွက်နေပါတယ်။
နတ်ကွန်းတွေ ဘုရားကျောင်းတွေ ဆောက်နေလို့များဒီလို နှစ်ထောင်ချီတည်တံ့နေတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ အဲ့တာတွေကြောင့်မဟုတ်ပါဘူး။

ဂျပန်မှာတော့ ခွန်းဂိုးဂုမိကုမ္ပဏီတင်မကပဲ တခြားမပြိုလဲသေးတဲ့ကုမ္ပဏီတွေ၊နှစ်ပေါင်း ၁၀ဝ ကျော်သက်တမ်းရှိတဲ့ကုမ္ပဏီတွေ တော်တော်လေးများပါတယ်။

ဘာလို့ဒီလောက်ကြာတဲ့အထိ ရပ်တည်နိုင်တာလဲဆိုတော့….

လျှို့ဝှက်ချက်ကတော့ရှိပါတယ်။

၁။ ဒေသဆိုင်ရာကူညီထောက်ပံ့မှု
လုပ်ငန်းတိုင်းကတော့ အကျိုးအမြတ်ကိုအဓိကထားလုပ်ဆောင်ကြတာချည်းပါပဲ။
ဒါပေမဲ့ ဂျပန်ရဲ့ လုပ်ငန်းတွေကတော့ ဒေသဆိုင်ရာကူညီထောက်ပံ့မှုပေးတာက လုပ်ငန်းရဲ့
နံပါတ် ၁ ဦးစားပေးတာဝန်တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားပြီးလုပ်ကိုင်ကြခြင်းဖြစ်ပါတယ်။

ဥပမာပြောရရင် ဒေသရဲ့ သန့်ရှင်းရေး။
မြို့တွင်းမှာ ကျနေတဲ့အမှိုက်တွေကို ကုမ္ပဏီဝန်ထမ်းတွေ အကုန်လုံးပါဝင်ပြီး ရှင်းလင်းရေးလုပ်ကြပါတယ်။

ပန်းခြံစတဲ့ လူအများအပန်းဖြေတဲ့နေရာတွေကို လှုဒါန်းကြတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။

ဒေသခံတွေရဲ့ အချစ်ကိုရရှိထားရင် လုပ်ငန်းလည်းတာရှည်ခံမယ်ဆိုတဲ့
အတွေးအခေါ်မျိုသူတို့မှာရှိပါတယ်
အဲ့ဒါကြောင့် ကိုယ့်လုပ်ငန်းကရတဲ့ အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို
အများအကျိုးအတွက် ပြန်အသုံးချတာက ဓလေ့တစ်ခုဖြစ်လို့နေပါတယ်။

၂။ ဆက်ခံသူကို အရည်အချင်းရှိပြီး ထိုက်တန်တဲ့သူကိုသာရွေးချယ်ခြင်း
ဂျပန်မှာ ဟိုးအရင်ကတည်းက သားအကြီးက ဖခင်ရဲ့ လုပ်ငန်းကိုဆက်ခံတဲ့
အစဉ်အလာရှိခဲ့ပါတယ်။ မိန်းကလေးတွေကတော့ လုပ်ငန်းဆက်ခံဖို့ အခွင့်အရေးမရှိကြတာ
ကြောင့် မိန်းခလေးတွေပဲ မွေးထားတဲ့
အိမ်မှာဆိုရင်တော့ သားမက်ကို ဆက်ခံခိုင်းလေ့ရှိပါတယ်။

ဒါပေမဲ့ အချိန်အကြာကြီးခံတဲ့ လုပ်ငန်းတွေကတော့ ဒီအစဉ်အလာကို မကျင့်သုံးကြတာ များပါတယ်။

ကိုယ့်သားသမီးတွေကို အရင်ဆုံး သာမန်အလုပ်သမားတွေနဲ့ တန်းတူအလုပ်လုပ်ခိုင်းပါတယ်။
တခြား အလုပ်သမားတွေထက် တင်းတင်းကျပ်ကျပ်အလုပ်ခိုင်းပြီး ပညာပေးကြပါတယ်။ အဲ့အထဲမှာ အရည်အချင်းရှိတဲ့ သားသမီးကိုဘဲ ရွေးချယ်ပြီး ဆက်ခံခွင့်ပေးတာဖြစ်ပါတယ်။
ထိုက်တန်တဲ့လူတစ်ယောက်မှမရှိဘူးဆိုရင်တော့ မိသားစုဝင်မဟုတ်တဲ့သူကို ရွေးချယ်ဖို့စဉ်းစားကြပါတယ်။

ခင်းဂိုးဂုမိ ကုမ္ပဏီ က၁၉၃၄ ခုနှစ်ကနေစပြီးတော့ မိန်းကလေးဆက်ခံသူတွေကို စတင်ဆက်ခံခွင့်
ပေးခဲ့ပါတယ်။
မိန်းကလေးကို ဆက်ခံခွင့်ပေးတယ်ဆိုတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ အရင်ကလူတွေ
အတွက်ကတော့ အထူးအဆန်းကိစ္စတစ်ခုပဲဖြစ်ပါတယ်။

ကဲ၊ သင်ဆိုရင်ရော ကုမ္ပဏီပိုင်ဆိုင်လို့ ဆက်ခံသူကိစ္စနဲ့ကြုံရမယ်ဆိုရင ဘယ်လိုလုပ်မှာလဲ။
နှစ်ရာချီခံမယ့်လုပ်ငန်းတစ်ခုကို တည်ထောင်သွားဖို့ရည်ရွယ်ချက်ရှိရင်တော့ ခွန်းဂိုးဂုမိရဲ့ လုပ်ဆောင်တဲ့ ပုံစံကို မှီငြမ်းလုပ်ဆောင်ဖို့ အကြံပြု လိုက်ပါတယ်နော်။

ကိုးကား https://ja.wikipedia.org/wiki/金剛組
https://next.rikunabi.com/journal/entry/20141112

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: