ဂျပန်နိုင်ငံရဲ့ စျေးအသက်သာဆုံး အပန်းဖြေကစားကွင်းဥယျာဉ်ကို ပြန်လည်တည်ဆောက်သူ ကျင့်သုံးခဲ့တဲ့ လုပ်ငန်းခွင်နိယာမ

“ဂျပန်နိုင်ငံက ဈေးအပေါဆုံး အပန်းဖြေကစားကွင်းဥယျာဉ်” ကိုသိပါသလား?

Gunma စီရင်စု Maebashi မြို့မှာရှိတဲ့ “ Maebashi Luna Park” ဟာ အပန်းဖြေဥယျာဉ်တစ်ခု ဖြစ်ပါတယ်

 

စီးနင်းစရာအားလုံးကို ယန်း ၅၀ ဒါမှမဟုတ် ဒီ့ထက်နည်းတဲ့ ငွေနဲ့စီးလို့ရတဲ့ ပြောရရင် ကြောက်တောင်ကြောက်မိတဲ့ အပန်းဖြေဥယျာဉ်တစ်ခုဖြစ်ပြီး မူလက Maebashi မြို့က လည်ပတ်ခဲ့တာပါ

၂၀၀၄ ခုနှစ်မှာ ပန်းခြံကို ပုဂ္ဂလိကကိုထုတ်ရောင်းခဲ့ပေမယ့် လူအနည်းငယ်သာ ရောက်လာပြီး လိုငွေတွေနဲ့ ဆုံးရှုံးမှုတွေရှိလာခဲ့ပါတယ်

ဒီလို အပန်းဖြေဥယျာဉ်ရဲ့ ဒါရိုက်တာအဖြစ် ရွေးချယ်ခံခဲ့ရသူကတော့ Mr. Harasawa ပဲဖြစ်ပါတယ်

ဒါရိုက်တာဖြစ်လာကတည်းက သူဟာ ပြုပြင်ပြောင်းလဲမှုတွေကို မြှင့်တင်ခဲ့ပြီး ရက်ပေါင်းများစွာ ကြာတဲ့နောက်မှာတော့ တစ်ရက်တည်း ဧည့်သည် ၁၅၀၀၀ ကျော်သွားခဲ့ပါတယ်

ဒီလို အရည်အချင်းရှိသူ Mr. Harasawa ဟာ Gunma စီရင်စုမှဖြစ်ပါတယ်

အထက်တန်းကျောင်းပြီးတော့ စီရင်စုမှာရှိတဲ့ ဘဏ်တစ်ခုမှာ အလုပ်ဝင်ခဲ့ပါတယ်

စီရင်စုမှာရှိတဲ့ မြို့ပေါ်က လူငယ်တွေဟာ ပျောက်ကွယ်သွားပြီး စီးပွားရေးတွေလည်း ဆုတ်ယုတ်လာတာကြောင့် တက်ကြွမှုလည်း ဆုံးရှုံးသွားတယ်လို့ ခံစားရတာကြောင့်

“လူငယ်တွေ အလုပ်နဲ့ နေထိုင်ချင်တဲ့ နေရာကို ဖန်တီးချင်တယ်!”

လို့တွေးပြီးတော့ စီမံခန့်ခွဲရေး အတိုင်ပင်ခံအဖြစ် ကိုယ်ပိုင်အလုပ်စတင်ခဲ့ပါတယ်

ဒီကြားထဲမှာ ဒီအပန်းဖြေဥယျာဉ်ကို စီမံခန့်ခွဲဖို့ အောင်မြင်တဲ့လေလံကို ရခဲ့ပါတယ်။

ကလေးအရေအတွက် လျော့နည်းလာတဲ့ကြားက ကလေးများကိုသာ ပစ်မှတ်ထားမယ်ဆိုပါက ကျဆင်းမှုအဆင့်တစ်ခု ဖြစ်လာဦးမှာပါ

ကလေးဘေးနားမှရှိသူတွေကိုလည်း ပါဝင်လာအောင်လုပ်မယ်!

လို့တွေးပြီး ညဘက်မှာပါဖွင့်ဖို့ လူကြီးတွေကိုလည်း အရက်တိုက်ကာ ဖိတ်ခေါ်ဆွေးနွေးစေခဲ့ပါတယ်

လမ်းပေါ်မှ ဖျော်ဖြေသူတွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကိုထည့်ပြီး၊ စီးစရာတွေနဲ့ ငွေရှာနိုင်မယ့် တွေးခေါ်ပုံကို ပြောင်းလဲခဲ့ပါတယ်

ညဘက်မှာ Halloween ပွဲမျိုးတွေ ကျင်းပပါတယ်။

အကအဖွဲ့တွေနဲ့ အကပြိုင်ပွဲတွေ ကျင်းပတဲ့အခါ Luna Park ဟာ စိတ်ဝင်စားစရာကောင်းကြောင်း လူတွေသိလာပါတော့တယ်

‘ကော်ဖီသောက်ရင်းနဲ့လည်း ဒီမှာ အလုပ်လုပ်နိုင်တယ်’ လို့တွေးစေချင်တာကြောင့် ပန်းခြံတစ်ခုလုံးကို ကဖေးအဖြစ် ပြောင်းလဲလိုက်ပါတယ်

ဖောက်သည်တွေ နေ့စဉ်နေ့တိုင်း လာရောက်လည်ပတ်ဖို့အတွက် ကော်ဖီမီနူး အရသာကို စေ့စေ့စပ်စပ် လေ့လာခဲ့ပါသေးတယ်

ယန်း ၃၅၀ နဲ့ ကြက်ကြော် ၅ ခုရတဲ့ မီနူးဟာ လူကြိုက်များတာကြောင့် တစ်ရက်အတွင်း ပွဲ ၄၈၀ ရောင်းထွက်သွားပါတယ်။

ရောင်းအားမှာ နာမည်ကြီး ကြက်ကြော်ဆိုင်များနဲ့ တန်းတူဖြစ်ပါတယ်

ဘီယာနဲ့ Onigiri တွေကို ကြက်ကြော်နဲ့ တွဲရောင်းပါတယ်။

မွေးနေ့ပွဲ event တွေလည်း ရှိပါသေးတယ်။

4 နှစ်မြောက်မွေးနေ့ကစပြီး ဒီအပန်းဖြေဥယျာဉ်မှာ စီးစရာအားလုံးကို စီးနိုင်ပြီးတော့၊ မွေးနေ့မှစပြီး တစ်လအကြာ၊ တစ်ရက်ကို တစ်ကြိမ် အခမဲ့စီးနင်းခွင့်ကတ်တစ်ခု ပေးဦးမှာပါ

စီးစရာတစ်ခုခု စီးလိုက်တာနဲ့ စတစ်ကာလေးကပ်ပေးပြီး စုဆောင်းသူလုပ်လို့ရဦးမှာပါ

ဒီရည်ရွယ်ချက်ကတော့ ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စုဆောင်းဖို့ပဲဖြစ်ပါတယ်

ကလေးငယ်တွေ နေထိုင်တဲ့နေရာနဲ့ အသက်ဘယ်လောက်ရှိပြီလဲဆိုတာကို ဒေတာစုစည်းပြီး  ဘယ်နေရာမှာ ကြော်ငြာကပ်ရမယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်

ဒီလိုမျိုး စီမံချက်မျိုးစုံနဲ့ ပြန်လည်လည်ပတ်စေခဲ့တဲ့သူဟာ ဝမ်းမြောက်စွာနဲ့ ကစားကွင်းကြီးကို ကြည့်နေခဲ့ပါတယ်။

ပန်းခြံအပြင်ဘက်မှာ လူတွေစုဝေးနေတဲ့နေရာကို ကြည့်ပြီး ဘာထည့်ရမလဲ စဉ်းစားပါတယ်။

ပန်းခြံကို လာရောက်လည်ပတ်ကြသူများရဲ့ ကျေနပ်မှုအဆင့်ကို ကြည့်ပြီး၊ သူတို့ပြောတာကို နားထောင်ရင်း တိုးတက်ဖို့ ဘယ်လိုလုပ်မလဲ စဥ်းစားပါတယ်

ဒီလို စေ့စပ်တဲ့နိယာမတွေသုံးပြီး ပန်းခြံတစ်ခုလုံးကို ကယ်တင်လိုက်ပါတယ်

ယခုအခါ အိုင်တီအသုံးပြုမှု တိုးတက်လာတာနဲ့အမျှ ကွန်ပြူတာရှေ့မှာပဲ ထိရောက်ဖို့အတွက် တွေးတောနေကြတဲ့ မန်နေဂျာများစွာရှိပါတယ်

ဒါပေမယ့် Mr. Harasawa က အရိပ်အမြွက်တွေဟာ လုပ်ငန်းခွင်ထဲမှာ ရှိနေတယ်ဆိုတာ  သဘောပေါက်စေခဲ့ပါတယ်။

သူဟာ တကယ့်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို့ မထင်ဘူးလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: