ကတ်ထူဘူးနဲ့ ပြုလုပ်ထားတဲ့ အနုပညာလက်ရာများ။ ကတ်ထူဘူးကနေ ထွက်ပေါ်လာတဲ့ လှပတဲ့ပုံသဏ္ဍာန်။

ကတ်ထူဘူးတွေက ပေါ့ပါးပြီး ပုံစံပြောင်းရလွယ်ကူတယ် ပြီးတော့ ပြန်လည်အသုံးပြုရလွယ်ကူတဲ့အတွက် အလွန်အဆင်ပြေပါတယ်။
အားလုံးရဲ့ နေ့စဥ်ဘဝမှာလည်း ကတ်ထူဘူးကို အသုံးပြုကြမယ်လို့ထင်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပွဲတော်ရဲ့ အိပ်ဆောင်မှာ ကတ်ထူကုတင်တွေကို သုံးခဲ့တဲ့အတွက် အင်တာနက်အသုံးပြုသူတွေကြား ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့ပါသေးတယ်။

“ဂျပန်နိုင်ငံက ဆင်းရဲလိုက်တာ“

ဆိုပြီး အစပိုင်းမှာ ပြောဆိုခဲ့ကြပေမယ့် လက်တွေ့မှာတော့ ထင်ထားတာထက် ပြောရမယ်ဆိုရင် သာမန်အိပ်ရာတွေထက် အကြမ်းခံတဲ့အတွက် အထင်နဲ့ လက်တွေ့တစ်လွဲဖြစ်ခဲ့ကြပါတယ်။
စက္ကူကနေပြုလုပ်ထားတဲ့အတွက် အစိုဓာတ်စုပ်ယူမှု မြင့်မားပြီး အလေးချိန်အနေနဲ့လည်း ပေါ့ပါးကာ စွန့်ပစ်ရလည်း လွယ်ကူစေပါတယ်။
ဒီလိုနဲ့ ကုတင်အပြင် ကတ်ထူဘူးကို အဆင့်ဆင့် ပြုပြင်မှုတွေ ပြုလုပ်သူလည်း ရှိလာပါတယ်။

အဲ့ထဲကမှ ကတ်ထူဘူးကို တစ်ဆင့်မြင့်ကာ အနုပညာလက်ရာဖန်တီးသူလည်း ရှိလာပါတယ်။
သူကတော့ အိုအိုနို မိုအဲမိဖြစ်ပါတယ်။
၁၉၉၁ ခုနှစ် ဝခယမစီရင်စုမှာ မွေးဖွားခဲ့တဲ့ အိုအိုနိုက တက္ကသိုလ်တက်စဥ်ကတည်းက ကတ်ထူဘူးလက်ရာများကို စတင်ဖန်တီးခဲ့ပြီး Twitter ပေါ်မှာတင်ထားတဲ့ပို့စ်ကနေ နာမည်ကြီးလာကာ တီဗီအစီအစဥ်အထိ ဖော်ပြခြင်းခံခဲ့ရပါတယ်။

သူ့ရဲ့ လက်ရာအချို့ကို ကြည့်ကြည့်ရအောင်။

https://www.oricon.co.jp/photo/4646/210544/

 

 

 

 

 

မာတောင့်တဲ့အရာကနေ နူးညံ့တဲ့အရာထိ အားလုံးကို ကတ်ထူနဲ့ လုပ်ထားတာဖြစ်ပါတယ်။
တကယ့်ကို ပါရမီရှင်ပါပဲ။

ကိုရိုနာကြောင့် အိမ်မှာနေရတဲ့အချိန်တွေများလာတဲ့အခါ အင်တာနက်ကနေ ပစ္စည်းတွေမှာဖို့ဖြစ်လာပြီး လာပို့တဲ့အခါလည်း ကတ်ထူဘူးနဲ့ လာပို့ကြပါတယ်။
ကိုရိုနာကြောင့် အပြင်မထွက်ရဘဲ ပိုလျှံနေတဲ့အချိန်က ကတ်ထူဘူးအနုပညာတွေကို ဖန်တီးဖို့အကောင်းဆုံးအချိန် ဖြစ်နိုင်တယ်မဟုတ်လား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: