တက္ကသိုလ်ကျောင်းပွဲတော်အတွက် အံ့ဩဖွယ်ဖန်တီးမှု

ဂျပန်မှာဆိုရင်ဖြင့် အမျိုးမျိုးသော ထူးခြားကျွမ်းကျင်မှုတွေကို ပိုင်ဆိုင်တဲ့တက္ကသိုလ် တွေ အများအပြားရှိပါတယ်. . .

ဒီလို တက္ကသိုလ်တွေ အများအပြားထဲမှာမှ လက်မှုအနုပညာ တက္ကသိုလ်တွေဟာ ဆိုရင်ဖြင့် တကယ့်ကို အရေးပါတဲ့ဖြစ်တည်မှု တွေဖြစ်ပါတယ် ။ ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ တက္ကသိုလ်ကလည်း လက်မှုအနုပညာ အခန်းကဏ္ဍမှာဆိုရင် ထိပ်တန်းမှာရပ်တည်နေတဲ့ တက္ကသိုလ်ပဲ ဖြစ်ပါတယ် ။

 

တိုကျို ရဲ့ အုအဲနိုမြို့နယ် အခြေစိုက် ဂျပန်ကိုယ်စားပြု အစိုးရပိုင် လက်မှုအနုပညာတက္ကသိုလ် “တိုကျိုလက်မှုအနုပညာ တက္ကသိုလ် ” ဖြစ်ပါတယ် ။

ဂျပန်ကိုယ်စားပြုတက္ကသိုလ်တွေထဲကတစ်ခုဆိုတော့ ကျောင်းသားတွေက ဖန်တီးမှုစွမ်းရည်တွေ မြင့်နေကြတာ အဆန်းလို့တောင် ပြောလို့မရတော့ပါဘူးနော် ။

ပန်းချီ,ပန်းပု,ရိုးရာလက်မှုပြုလုပ်တဲ့ပညာ၊ ဗိသုကာပညာ၊ သီချင်းရေးစပ်တဲ့ပညာ၊ သီချင်းဆိုပညာ၊ တူရိယာတီးခတ်ပညာ၊ အနုပညာသမိုင်းကြောင်းလေ့လာခြင်းပညာ၊ ဗီဒီယိုထုတ်လုပ်ရိုက်ကူးခြင်းပညာ အစရှိသဖြင့် အမျိုးအစားစုံလင်တဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေကို ပရိုဖက်ရှင်းနယ်လ်ဆန်စွာ သင်ကြားပို့ချပေးလျက်ရှိနေပါတယ်။

တိုကျိုမှာနေထိုင်တဲ့သူတွေထိုင်တဲ့သူတွေက ဒီလိုနာမည်ကြီးတက္ကသိုလ်ကြီးရဲ့ ကျောင်းပွဲတော်မှာ ဘယ်လောက်အံ့သြဖို့ကောင်းတဲ့ လက်မှုအနုပညာတွေ ထည့်သွင်းထားမလဲဆိုပြီး နှစ်တိုင်းစောင့်ကြည့်ရတာ အမောပါတဲ့ ။

ကယ်. . စာနဲ့ရေးပြီး ပြောပြနေရတာထက် ဓာတ်ပုံ ကြည့်လိုက်တာ ပိုမြန်မယ် ထင်ပါတယ် နော်. .

နာမည်အကြီးဆုံးတစ်ခု ဖြစ်တဲ့ “ မီကိုရှိ (Mikoshi) “ မြန်မာလိုပြောရရင်တော့ (နတ်ထမ်းစင်) ပေါ့၊ Mikoshi တောင်မှ ရိုးရိုး Mikoshi နဲ့ တော်တော်လေးကို ကွာခြားနေတာပါ ။

အတူတူကြည့်လိုက်ကြရအောင်နော် ။

https://www.geidai.ac.jp/information/student_activity/geisai/geisai_h27_2015_01

 

Idea တွေကလည်း မထင်မှတ်ထားတဲ့ပုံစံတွေနဲ့ ထွက်လာတယ်နော်။တကယ်ကိုလက်ရာမြောက်လွန်းပါတယ်။ အရမ်းကို သေသပ်လှပစွာ ဖန်တီးထားတာတွေက တွေ့ လိုက်ရတဲ့သူတိုင်း ချီးကျူးစကားမဆိုဘဲ မနေနိုင် လောက်အောင်ပါပဲ ။

ကျောင်းပွဲတော်မှာ အခြားပျော်ရွှင်ဖွယ်အစီအစဥ်တွေလည်း ပါရှိ နေပြန်ပါတယ် ။

ကျောင်းသားတွေ ဖန်တီးပြုလုပ်ထားတဲ့ accessories ပစ္စည်းလေးတွေ၊ Handmade ပစ္စည်း လေးတွေ ပြသရောင်းချပေးတာမျိုး စသဖြင့်စည်ကားပါတယ် ။ Concert ပွဲ လေးတွေလည်း ထည့်သွင်း ဖျော်ဖြေကြပါသေးတယ် ။

လက်မှုအနုပညာကိုသင်ယူဖန်တီးနေတဲ့ ကျောင်းသားလေးတွေက ဆရာတွေရဲ့ အကူအညီ မပါပဲ စိတ်ရောလူရောနှစ်ပြီး ဖန်တီးထားတဲ့ Event လေးပဲ ဖြစ်ပါတယ် ။

Youtube မှာVideo လေးကြည့်လို့ ရ အောင် Link လေးထည့်သွင်းပေးထားပါတယ် နော် ။

နှစ်တိုင်း ၉ လပိုင်း ရောက်ပြီဆိုရင် ဒီ ကျောင်းပွဲတော်ကိုပုံမှန် ကျင်းပ လေ့ ရှိတာမို့လို့ လာရောက် လေ့လာဆင်နွှဲ လို့ ရပါတယ် ။

ကယ်…ဂျပန်ကလူငယ်လေးတွေရဲ့လက်မှုအနုပညာတွေကို, Video Link လေးက တစ်ဆင့် မျက်မြင်ကိုယ်တွေ့ကြည့်ကြည့်လိုက်ကြရအောင်နော် ။

https://www.youtube.com/watch?v=qHYgDXgr66E

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: