အဆိုးရွားဆုံးလေယာဥ်ပြတ်ကျမှုနဲ့ ဇနီးသည်ရဲ့ပူဆွေးမှု

1985 ခုနှစ် 8 လပိုင်း 12 ရက်၊ တိုကျိုမြို့ ဟနဲဒလေဆိပ်က ထွက်ခွာခဲ့တဲ့ လေယာဥ်အမှတ် JL 123 ဟာ အိုဆကာအိတမိလေဆိပ်ကို ဦးတည်ပျံသန်းနေရင်း ဂွန်းမခရိုင်မှာရှိတဲ့ တောင်တစ်တောင်ပေါ်ကို ပျက်ကျခဲ့ပါတယ်။ B 747 ဆိုတဲ့ အကြီးစားယာဥ်တစ်မျိုးဖြစ်ပြီး အဲဒီအချိန်တုန်းက ဂျပန်နိုင်ငံမှာ အိုဘွန်း ဆိုတဲ့ပိတ်ရက်ရှည်နဲ့တိုက်နေတာကြောင့် လိုက်ပါစီးနင်းတဲ့ ခရီးသည် 524 ယောက်တောင် ရှိခဲ့ပါတယ်။

ဒီပုံက မတော်တဆမှုဖြစ်ခဲ့တဲ့ လေယာဥ်ပုံဖြစ်ပါတယ်။

https://ja.wikipedia.org/wiki/日本航空123便墜落事故

ဒီလေယာဥ်ဟာ အရင်တုန်းကလည်း အိုဆကာအိတမိလေဆိပ်မှာ မတော်တဆမှုဖြစ်ခဲ့ဖူးပါတယ်။ မြေပြင်ပေါ်မရောက်ခင်မှာ လေယာဥ်ရဲ့နောက်ပိုင်းကို ပြေးလမ်းကြောင်းနဲ့ တိုက်မိပြီး ဒီလေယာဥ်ကို ထုတ်လုပ်ထားတဲ့ ဘိုးအင်းကုမ္ပဏီက ပြန်လည်ပြုပြင်ထားတာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဖြစ်ရတဲ့ မတော်တဆမှုက ပထမအကြိမ်တုန်းက ပျက်စီးမှုကို ပြုပြင်စဥ်က အမှားအယွင်းရှိခဲ့တာကြောင့် လို့သိရပါတယ်။

မြေပြင်ကနေ ပျံတက်ပြီး 12 မိနစ်အကြာမှာ ကနဂဝခရိုင်အနီး ပင်လယ်ရေပြင်အထက် ပေပေါင်း 24000 အထက်ကို ဦးတည်ပျံသန်းနေစဥ် ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပါတယ်။ ပေါက်ကွဲသံနဲ့အတူ လေယာဥ်အမြီးပိုင်းရှိ တောင်ပံတစ်ဝက်ကျော်ဟာ ပျက်စီးသွားပြီး တစ်ချိန်တည်းမှာပဲ လေယာဥ်ရဲ့ ဟိုက်ဒရောလစ်စနစ်ပါ ပျက်စီးသွားခဲ့ပါတယ်။ လေယာဥ်ရဲ့ လမ်းကြောင်းကို ပဲ့ကိုင်ထိန်းညှိပေးတဲ့ အစိတ်အပိုင်းတွေလည်း ထိန်းချုပ်လို့မရတော့ပါဘူး။

ဒါပေမယ့် လေယာဥ်မှုးဖြစ်သူရဲ့ အစွမ်းကုန်ထိန်းချုပ်မောင်းနှင်မှုအောက်မှာ လေယာဥ်ဟာ စက်ချို့ယွင်းမှုဖြစ်ပေါ်ပြီး နာရီဝက်ကျော်ကြာတဲ့အထိ ပျံသန်းနိုင်တာဟာ အရမ်းကိုရှားပါးလှတဲ့ ဖြစ်ရပ်ဖြစ်ပြီး အဲဒီအချိန်ကြားကာလအတွင်းမှာ သေတမ်းစာအမီရေးခဲ့ကြတဲ့ လူတွေအများကြီးရှိပါတယ်။

https://twitter.com/hashtag/日航機墜落事故

အမေ ဒီလိုဖြစ်ရတဲ့အတွက် စိတ်မကောင်းပါဘူး

နှုတ်ဆက်ခဲ့ပါတယ်

ကလေးတွေကို စောင့်ရှောက်ပေးပါ

လေယာဥ်ပျက်ကျတော့မယ် အခုအချိန်က 6 နာရီခွဲပြီ

လေယာဥ်က ပတ်ချာလည်ပျံနေရင်း အောက်ကို ရုတ်တရက် ထိုးကျနေပြီ

အခုအချိန်ထိ ပျော်စရာကောင်းတဲ့ လူ့ဘဝကို ဖြတ်သန်းခဲ့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်

‚T‚Q‚Ol‚ª‹]µ‚Æ‚È‚Á‚½‚P‚X‚W‚T”N‚WŒŽ‚Ì‚i‚`‚k‚P‚Q‚R•ÖƒWƒƒƒ“ƒ{‹@’Ä—ŽŽ–ŒÌ‚ÌŽc‘¶‹@‘Ì‚È‚Ç‚ð“WŽ¦‚µ‚Ä‚¢‚é“ú–{q‹óuˆÀ‘SŒ[”­ƒZƒ“ƒ^[v‚Å“WŽ¦‚ªŽn‚Ü‚Á‚½‹]µŽÒ‚̈⏑BÄ‚¯Å‚°‚½Žž•‚Ì— •Ž†‚Ɂu•‚¯‚āvuŽ€‚É‚½‚­‚È‚¢v‚È‚Ç‚Ì•¶Žš‚ª‘‚©‚ê‚Ä‚¢‚éi“Œ‹žE‰H“c‹ó`j

https://www.jiji.com/jc/d2?p=pcr00101-04582825&d=004soc

 

ကယ်ကြပါဦး မသေချင်သေးလို့ပါ

ပြင်းထန်စွာ လှုပ်ရမ်းနေတဲ့ လေယာဥ်ထဲမှာ သတိလက်လွတ်အော်ဟစ်ငိုကြွေးနေကြတဲ့ လူတွေကြားထဲမှာ နောက်ဆုံးမှာတမ်းကို ရေးနေရတဲ့စိတ်ခံစားချက်ဟာ ဘယ်လောက်ထိ ပင်ပန်းဆင်းရဲလိုက်မလဲဆိုတာကို တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

နောက်ထပ် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုကတော့ အဲ့ဒီလေယာဥ်မှာတင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေပါပဲ။

 

မတော်တဆမှုဖြစ်ပွားပြီးနောက် မိနစ် ၂၀ လောက်မှာ အမေရိကန်စစ်ရေးသယ်ယူပို့ဆေောင်ရေးလေယာဥ်က ဂျပန်နိုင်ငံရဲ့ကယ်ဆယ်ရေး တိုက်လေယာဥ် F-4 က တောင်ပေါ်မှာမီးလောင်နေတာကို တွေ့ခဲ့ရပါတယ်။

အဲ့ဒီနောက် ၄၆ မိနစ်အကြာမှာ ကယ်ဆယ်ရေးဟယ်ရီကော်ပတာက ရောက်လာခဲ့တယ်ဆိုပေမယ့် ညအချိန်ကိုရောက်နေပြီမို့ ရည်ရွယ်ချက်ဖြစ်တဲ့ ရှာဖွေရေးတွေကို ချက်ချင်းမဆောင်ရွက်နိုင်ခဲ့ပါဘူး။

အမှန်တော့ မတော်တဆဖြစ်ပွားတဲ့လေယာဥ်ပေါ်မှာ Medical radioisotope ကုန်ပစ္စည်းအနေနဲ့ သယ်ယူလာခဲ့တဲ့ပုံပါပဲ။

ရေဒီယိုသတ္တိကြွညစ်ညမ်းမှုကိုဖြစ်စေနိုင်တာကြောင့် အနီးကပ်သွားရောက်ဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။

နောက်ကျမှ တောင်ကြားထဲ ဝင်ရောက်သွားတဲ့ ကယ်ဆယ်ရေးတွေဟာ အယောက် ၅၂၀ ရဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ခန္ဓာကိုယ်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တုန်းက မဂ္ဂဇင်းမှာ ထည့်သွင်းဖြန့်ချီခဲ့တဲ့ ပုံတွေကို ကြည့်လိုက်ပါဦး။

http://rapt-neo.com/?p=28186

အဲ့ဒီမတော်တဆမှုဖြစ်ပွားခဲ့ရတဲ့အကြောင်းအရင်းက စက်ပစ္စည်းချို့ယွင်းမှုကြောင့်ဖြစ်ပြီး လေယာဥ်မှုမှာတာဝန်မရှိပေမယ့်လည်း လေယာဥ်မှူးရဲ့မိသားစုတွေကို အနှောက်အယှက်ဖြစ်စေတဲ့ စကားတွေထွက်ပေါ်လာခဲ့ပါတယ်။

“ လူအယောက် ၅၂၀ ကိုတောင် သတ်ထားပြီး နင်တို့ကအေးအေးအသက်ရှင်နေနိုင်တာလား !”

ဒီလိုပြင်းပြင်းထန်ထန် အကောင်းကြောင်းပြောတဲ့ ဖုန်းတွေအဆက်မပြတ်ဝင်လာတဲ့ကြားမှာ ဇနီးဖြစ်သူက တစ်ခုချင်းစီကို ဂရုတစိုက်နဲ့ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။

 တောင်းပန်ပါတယ်ရှင်”

အကြိမ်ကြိမ်အခါခါ မျက်ရည်ကျပြီးတောင်းပန်ခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ လူသေအလောင်းတွေဟာ အပြင်းထန်လွန်းတာကြောင့် ဖြစ်စဥ်ကို မရှင်းပြနိုင်တဲ့သူတွေများပါတယ်။

ဒီထဲမှာမှ ကပ္ပတိန်ရဲ့သွားတွေကို ရှာတွေ့ခဲ့ပါတယ်။

ကျန်ရစ်ခဲ့တဲ့ အပိုင်းအစလေးတွေဖြစ်တာကြောင့် မိသားစုအနေနဲ့ လိုချင်ခဲ့ပါတယ်။

ဒါကြောင့် ကပ္ပတိန်ရဲ့အမျိုးသမီးက ဒီလိုမှတ်ချက်မျိုးပေးခဲ့ပါတယ်။

 

“လူတွေအများကြီးကို ရှာမတွေ့တဲ့ကြားက ကျွန်မအမျိုးသားကို အရင်ရှာတွေ့ခဲ့လို့တောင်းပန်ပါတယ်ရှင်。。。”

 

ဒီမတော်တဆမှုမှာ ကပ္ပတိန်ရဲ့အမှားအယွင်းမရှိခဲ့ပေမယ့် ဒီလိုပြောတာတွေလည်း ရှိခဲ့ပါတယ်။

ဂျပန်လူမျိုးပီသတယ်လို့ပဲပြောရမယ်ထင်ပါတယ် …

နောက်ပြီး ကပ္ပတိန်ရဲ့ သမီးကြီးက ခုလက်ရှိမှာ ဂျပန်လေကြောင်းအတွက် အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

https://blog.goo.ne.jp/mccreary/e/d454ec7ffa347d5afdefa4455a51021f

ဒီလိုမတော်တဆမှုကိုဖြစ်ပွားစေခဲ့တဲ့ အရေးပါတဲ့လူတစ်ယောက်ဖြစ်တဲ့ အဖေဖြစ်သူအလုပ်လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီမှာဖြစ်ပါတယ်။

မတော်တဆဖြစ်ပွားခဲ့တဲ့လေယာဥ်ကနေ Flight recorder ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

အခင်းဖြစ်ပွားပြီးနောက်မှာ နောက်ဆုံးသေဆုံးသွားတဲ့အချိန်အထိ လေယာဥ်ကိုအကောင်းမွန်ဆုံးဖြစ်အောင် ကြိုးစားပြီးထိန်းချုပ်ခဲ့တဲ့ အဖေဖြစ်သူရဲ့အသံကိုနားထောင်ရင်း သူမဟာ အဖေဖြစ်သူအပေါ်ကိုလေးစားခဲ့ပြီး ယုံကြည်မှုရှိခဲ့တယ်လို့ဆိုပါတယ်။

နောက်ပြီးအခုချိန်မှာ တူညီတဲ့ကုမ္ပဏီမှာ ဒီတစ်ခါတော့ ကောင်းမွန်တဲ့လေကြောင်းခရီးစဥ်ကို ဖန်တီးပေးမယ်လို့ ရပ်တည်ပေးခဲ့ပါတယ်။

နောက်တစ်ကြိမ်ဒီလိုဝမ်းနည်းစရာကောင်းတဲ့ မတော်တဆမှုမျိုးမဖြစ်ရအောင် အားလုံးဝိုင်းဝန်းပြီးဆုတောင်းပေးကြရအောင်နော် …

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: