သားသားမီးမီးတို့ ကိုယ်တိုင်ဖန်တီးစေခိုင်းနိုင်မယ့် ချစ်စရာစက်ရုပ်လေးတွေ

ကလေးတွေအနေနဲ့ တကယ့်အစိတ်အပိုင်းတွေသုံးပြီး စက်ရုပ်တစ်ခုကို ကိုယ်တိုင်တည်ဆောက်ဖို့ ကိုယ်တိုင်ပရိုဂရမ်ရေးဖို့ ခက်ခဲပေမယ့် သူတို့ပုံမှန်ကစားနေကျဖြစ်တဲ့ ဘလော့ခ်တုံးလေးတွေကို လိုချင်တဲ့ပုံစံဖန်တီးပြီး အဲဒီအရုပ်ကို ထိန်းချုပ်မှုလုပ်နိုင်မယ်ဆိုရင် ပျော်စရာကြီးနော်။ အဲဒီကတစ်ဆင့် ကလေးငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းတွေ စဥ်းစားတွေးခေါ်နိုင်စွမ်းတွေ တိုးတက်လာမှာဖြစ်ပါတယ်။ စက်ရုပ်တွေကို ဖန်တီးတဲ့အခါမှာ တစ်ဦးချင်းလုပ်ရတာရှိသလို အဖွဲ့လိုက်စုပေါင်းပြီး လုပ်ရတဲ့လှုပ်ရှားမှုလေးတွေလည်း ရှိတဲ့အတွက် လူမှုဆက်ဆံရေးပါ တိုးတက်လာစေပါတယ်။

https://www.google.com/url?sa=i&source=imgres&cd=&ved

 

အရင်တုန်းကတော့ ပရိုဂရမ်ရေးထားတဲ့အတိုင်း လှုပ်ရှားမှုတွေကို ကွန်ပျူတာထဲမှာပဲ ကြည့်လို့ရပေမယ့် ဒီဘလော့ခ်တုံးလေးတွေနဲ့ဆို ကိုယ်တိုင်ထိတွေ့ကိုင်တွယ်လို့ရပြီး ကိုယ်စဥ်းစားထားတာနဲ့ စက်ရုပ်ရဲ့ လှုပ်ရှားမှုက လက်တွေ့မှာ ထပ်တူကျရဲ့လားဆိုတာကိုပါ စမ်းသပ်လို့ရတော့ စူးစမ်းလေ့လာချင်တဲ့ သားသားမီးမီးတို့အကြိုက်ပဲပေ့ါ။

https://scontent.frgn4-1

ဘလော့ခ်တုံးလေးတွေနဲ့ ကစားရတာကြိုက်တဲ့ကလေးတွေ၊ ကိုယ်တိုင် အစအဆုံးလုပ်ကြည့်မှ ကျေနပ်တဲ့ကလေးတွေအတွက် ကွက်တိပဲနော်။ ဘလော့ခ်တုံးလေးတွေရယ် စက်ရုပ်အတွက် အဓိကကျတဲ့ အာရုံခံကိရိယာရယ် အလင်းရောင်တန်းတွေထုတ်ပေးမယ့်မီးတွေရယ် ပြီးတော့ရွေ့လျားသွားလာဖို့အတွက် ဘီးတွေနဲ့တာယာတွေ ခွေးသွားစိတ်လို့ခေါ်တဲ့ဂီယာတွေရယ် စတာတွေကို ပေါင်းစပ်ပြီး ကိုယ့်စိတ်ကြိုက် အမိုက်စားစက်ရုပ်တွေကို ဖန်တီးနိုင်ပါတယ်။

https://youtu.be/l_qTLxrcRX8

 

ပရိုဂရမ်ရေးရမှာဆိုတော့ ကွန်ပျူတာတို့ တက်ဘလက်တို့ကို အကြာကြီးကြည့်ရမှာမို့လို့ ကလေးရဲ့ မျက်စိထိခိုက်မှာစိုးတဲ့ မိဘတွေလဲရှိမှာပေ့ါနော်။ အဲဒီအတွက်လည်း မပူပါနဲ့။ Cubetto လို့ခေါ်တဲ့ သစ်သားတုံးနဲ့လုပ်ထားတဲ့ စက်ရုပ်လေးတွေကို သုံးရင် ကွန်ပျူတာလိုမျိုး အလင်းစူးတဲ့ပစ္စည်းတွေ သုံးဖို့မလိုပါဘူး။

https://youtu.be/Q7zuOg128Jg

ဂျပန်နိုင်ငံမှာတော့ စက်ရုပ်နည်းပညာကို 2020 ခုနှစ်ကစပြီး မူလတန်းကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ သတ်မှတ်ထားတဲ့အတွက် အခုဆိုရင် ကလေးငယ်တွေကျောင်းမတက်ခင်ထဲက စိတ်ပါဝင်စားမှုရှိစေဖို့ သင်တန်းလေးတွေ ဖွင့်လှစ်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုကျောင်းတစ်ချို့ရှိနေပါပြီ။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့ IT ခေတ်ကြီးထဲမှာ အတန်းပညာရေးအပြင် အခြားလေ့လာသင်ယူမှုအမျိုးမျိုးကိုလည်း ခေတ်နဲ့အညီ သင်ကြားပေးချင်တဲ့ ဖေဖေမေမေတို့အတွက် လက်တို့ပေးလိုက်ပါတယ်နော်။

Cherry Khaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: