မူလတန်းကလေးတွေရဲ့ သက်ရှိလေ့လာမှု

ဂျပန်နိုင်ငံရဲ့ မူလတန်းကျောင်းတွေတော်တော်များများက တိရိစ္ဆာန်တွေ မွေးမြူကြပါတယ်။

တိရိစ္ဆာန်တွေဆိုတာကတော့ ယုန်၊ ကြက်၊ လိပ်၊ ရွှေငါး တွေဖြစ်ပါတယ်။

ကျောင်းအကြီးကြီးဆိုရင် မြင်းပု၊ မြင်းပေါက်စလေးတွေကို မွေးမြူထားကြပါတယ်။

https://www.sankei.com/west/news/180116/wst1801160003-n1.html

 

ဒီတိရိစ္ဆာန်လေးတွေကို မွေးမြူထားတယ်ဆိုတာက စားဖို့မဟုတ်ဘူးဆိုတာ လုံးဝသေချာပါတယ်။

ကလေးတွေရဲ့ပညာရေးအတွက် မွေးမြူထားတာဖြစ်ပါတယ်။

ဒီလို တိရိစ္ဆာန်လေးတွေရဲ့ကို ထိန်းသိမ်းစောင့်ရှောက်မှုကို ကလေးလေးတွေလုပ်ရတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့မူလတန်းကျောင်းတွေက တာဝန်အနေနဲ့ နည်းနည်းစီခွဲပြီး ကျောင်းထဲမျာ လုပ်ငန်းဆောင်တာအမျိုးမျိုးကို ခွဲဝေတာကလည်း ပညာရေးရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။

အဲ့ဒီလုပ်ငန်းဆောင်တာထဲကတစ်ခုကတော့ တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။

https://www.city.hitachi.lg.jp/suwa-e/blog201410.html

လက်တွေ့အသက်ရှင်နေတဲ့ တိရိစ္ဆာန်တွေကိုထိတွေ့ပြီး စောင့်ရှောက်ရာကနေ အသက်တစ်ချောင်းက ဘယ်လောက်ထိအရေးပါလဲဆိုတာကို လေ့လာသင်ယူရမှာဖြစ်ပါတယ်။

လူသားတွေထက်အသက်တိုတဲ့ တိရိစ္ဆာန်ငယ်လေးတွေ ပျောက်သွားစေမိတာတွေလည်းရှိပြီး ခွေးဆိုးတွေဝင်လာစားလိုက်တာကြောင့် သေသွားတာတွေလည်းရှိပါတယ်။

အစာကျွေးနေရင်းနဲ့ သံယောဇဥ်တွယ်လာတာတင်မဟုတ်ဘူး ဒီလိုလွယ်လွယ်နဲ့ အသက်တွေဆုံးရှုံးသွားပြီး ပြန်မလာနိုင်တော့ဘူးဆိုတာကိုလည်း ကလေးတွေက အရေးကြီးတဲ့အရာတစ်ခုအနေနဲ့ လေ့လာသင်ယူကြရပါတယ်။

ဒါအပြင် တခြားလုပ်ဆောင်ချက်တွေလည်း ရှိပါသေးတယ်။

 

ထုတ်ပြန်ကြေငြာခြင်းတာဝန်

ဂျပန်နိုင်ငံရဲ့မူလတန်းကျောင်းတွေမှာ ကျောင်းသားတွေအတွက် ကြေငြာခင်ထုတ်ပြန်တာမျိုးကို ကိုယ်တိုင်လုပ်ကြရပါတယ်။

စာရေးသူလည်း ငယ်ငယ်တုန်းက ကြေငြာခဲ့ဖူးပါတယ်။

အပတ်စဥ် တနင်္လာနေ့တိုင်းမှာ မနက်ခင်းအစည်းအဝေး စတင်ဖို့အတွက် တီးလုံးနဲ့ ဆရာ၊ဆရာမတွေအတွက် မိုက်တွေပြင်ဆင်ပေးထားရပါတယ်။

 

သန့်ရှင်းရေးတာဝန်

စာသင်ခန်း သန့်ရှင်းရေးအတွက် တာဝန်ယူရပါတယ်။

ဒီလိုတာဝန်ယူရတဲ့သူတွေက သန့်ရှင်းရေးလုပ်နေရတာမျိုးမဟုတ်ဘဲ သန့်ရှင်းရေးအားလုံးနဲ့သက်ဆိုင်တဲ့ အလုပ်တွေအားလုံးကို ဘယ်လိုလုပ်ရင် ပိုပြီးသန့်ရှင်းနိုင်မလဲ? အားလုံးအတူတူတန်းတူညီမျှ ဘယ်လိုလုပ်ရမလဲ ? စတာတွေကို စဥ်းစားရမှာဖြစ်ပါတယ်။

 

ကျောက်သင်ပုန်းတာဝန်

ဆရာ၊ဆရာမတွေက အတန်းချိန်မှာသုံးခဲ့တဲ့ ကျောက်သင်ပုန်းကို ဖျက်ပေးရပြီး နောက်အတန်းချိန်မှာလာတဲ့ ဆရာမက စိတ်တိုင်းကျအသုံးပြုနိုင်အောင် ပြင်ဆင်ပေးထားရပါမယ်။

 

စာအုပ်တာဝန်

ဂျပန်နိုင်ငံရဲ့ကျောင်းတွေမှာ စာကြည့်တိုက်တွေကို အမြဲဖွင့်လှစ်ပေးထားပါတယ်။

စာအုပ်တွေငှားလို့ရပြီး ငှားနဲ့ပတ်သက်တာတွေကတော့ ဒီအပိုင်းကိုတာဝန်ယူထားတဲ့ သူတွေရဲ့အလုပ်ဖြစ်ပါတယ်။

ပြန်မပေးတဲ့သူတွေဆီက ပြန်တောင်းရတာလည်း သူတို့ရဲ့အလုပ်ပါပဲ။

 

လျှပ်စစ်မီးတာဝန်

ဂီတနဲ့သိပ္ပံ၊ ရုပ်ပိုင်းဆိုင်ရာ၊ ပညာရေးနဲ့ ပက်သတ်တဲ့အခန်းတိုင်းကို လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ဘယ်သူမှမရှိတဲ့ စာသင်ခန်းထဲမှာ မီးထွန်းထားမယ်ဆိုရင် နှမြောဖို့ကောင်းပါတယ်။

မီးပိတ်ရမယ့်တာဝန်ဖြစ်ပါတယ်။

ဒီလို အမျိုးမျိုးသောအလုပ်တွေကို မျှဝေရင်းကလေးတွေကို လုပ်ကိုင်စေတာက ကိုယ်ပိုင်ကုန်ကျစရိတ်မှာတင်မဟုတ်ဘဲ အလုပ်အကိုင်တွေနဲ့ပါဆက်နွယ်နေပါတယ်။

 

ကိုယ့်အလုပ်ကိုယ်တာဝန်ယူတတ်မှု

 

ဒီလိုပုံစံတွေနဲ့ ဂျပန်နိုင်ငံမှာ မူလတန်းအရွယ်ကတည်းက ဒီလိုစွမ်းရည်ပိုင်းဆိုင်ရာတွေကိုပါ လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: