ဂျပန်နိုင်ငံက ဘာကြောင့်သန့်ရှင်းနေရတာလဲ?

ဒီနေရာလေးကတော့ အိုဆာကာမှာရှိတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။

စာရေးသူက ခန်းဆိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မနက်လေယာဥ်နဲ့ ဟိုချီမင်းကိုပြန်ဖို့အတွက် ဘက်စ်ကားလာတာကို စောင့်နေခဲ့ပါတယ်။

အချိန်ကတော့ မနက် ၆ နာရီလောက်ရှိပါပြီ။

မနက်အစောကြီးဖြစ်နေတာကြောင့် ဘယ်သူမှမရှိတာရယ် မြို့ထဲမှာ အမှိုက်တစ်စမှမရှိတာကို သိကြမယ်လို့ထင်ပါတယ်။

ဟုတ်ပါတယ်၊ ဂျပန်နိုင်ငံရဲ့မြို့တွေအားလုံးမှာ အမှိုက်နည်းတယ်ဆိုတာထက် မရှိဘူးလို့တောင် ပြောလို့ရပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတာကိုသိပါသလား။

လူတွေကပဲ ဒီလိုဖြစ်အောင်လုပ်ထားတာဖြစ်ပါတယ်။

မက်စ်အုပ်ထားတဲ့အမျိုးသမီးက လက်ထဲမှာ တံမြက်စည်းနဲ့အမှိုက်ထုတ်ကို ကိုင်ထားပါတယ်။

သူက သန့်ရှင်းရေးဝန်ထမ်းမဟုတ်ပါဘူး။ အဲ့ဒီမြို့မှာနေတဲ့ သာမာန်ပြည်သူတစ်ယောက်ဖြစ်ပါတယ်။

သူတစ်ယောက်တည်းမဟုတ်ပါဘူး။ အဲ့ဒီနေ့တုန်းက သေချာကြည့်လိုက်တော့ ၁၀ ယောက်လောက် သန့်ရှင်းရေးလုပ်နေကြပါတယ်။

သူတို့တွေဟာ မြို့ရဲ့ volunteer အနေနဲ့ သန်ရှင်းရေးတွေကို လုပ်ပေးနေကြတာဖြစ်ပါတယ်။

အမှိုက်ချလို့ ပစ်လို့ရပေမယ့် အမှိုက် ၁ စလေးတောင်မရှိတဲ့မြို့ဖြစ်နေတာကြောင့် အမှိုက်ချဖို့ကို ဝန်လေးကြပါတယ်။

ဒါကြောင့် ကိုယ်ချစ်တဲ့မြို့လေး လှပစေဖို့အတွက်၊ ပုံမှန်အတိုင်း လူတွေဟာ အပြင်မသွားလာခင် အချိန်လေးမှာ သန့်ရှင်းရေးလေးလုပ်လိုက်မယ်ဆိုရင် မြို့ကြီး သန့်ရှင်းလှပလာလိမ့်မယ်ဆိုတဲ့အတွေးနဲ့ သန့်ရှင်းရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ဒီလိုလုပ်ဖို့အတွက် မြို့မှာသတ်မှတ်ထားတာမျိုးတွေ မရှိပါဘူး။

မြို့တွေတော်တော်များများမှာ ဒီလို volunteer အနေနဲ့ လှုပ်ရှားနေကြတာဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံမှာ အိမ်ရှေ့ကိုလှပအောင်လုပ်ဖို့ဆိုတာ ဟိုးအရင်ကတည်းကရှိခဲ့တာဖြစ်ပါတယ်။

အိမ်ထဲမှာတင်မဟုတ်ဘဲ အပြင်ကိုကြည့်လိုက်ရင်လည်း သန့်ရှင်းသပ်ရပ်နေဖို့အရေးကြီးပါတယ်။

နောက်ပြီးတော့ အိမ်ရှေ့လိုပဲ အိမ်ရဲ့ပတ်ဝန်းကျင်မှာ အမှိုက်ချတာမျိုးလည်း လုံးဝမရှိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် နေရာတိုင်းကို သန့်သန့်ရှင်းရှင်းထားပြီး မြို့ကိုသန့်ရှင်းစေချင်ကြပါတယ်။

ဒီလိုအတွေးတွေကြောင့် volunteer လုပ်တဲ့သူတွေရှိပါတယ်။

အမှိုက်ပစ်တာတစ်ခုတည်းမဟုတ်ဘဲ လျှောက်ရေး၊ လျှောက်ခြစ်တာမျိုးမှာလည်း အတူတူပါပဲ။

လျှောက်ရေးလျှောက်ခြစ်တာကို လွတ်ထားမယ်ဆိုရင် တခြားနေရာမှာလည်း လျှောက်ခြစ်တာတွေ ပိုများလာပါလိမ့်မယ်။

ဘာမှမရှိတဲ့နံရံတွေ၊ တံခါးတွေမှာ လျှောက်ခြစ်လျှောက်ရေးတဲ့သူတွေလည်းရှိတယ်ဆိုပေမယ့် လူနည်းစုလောက်ပါပဲ။

တော်တော်များများက သန့်ရှင်းနေတဲ့နံရံတွေပေါ်မှာ လျှောက်ရေးတာမျိုးကို မလုပ်ကြပါဘူး။

 

မြို့ကိုသန့်ရှင်းစေဖို့က သန့်ရှင်းရေးဝန်ထမ်းတွေရဲ့အလုပ်လို့ ပြောတာလွယ်ပေမယ့် အဲ့ဒီသန့်ရှင်းရေး ဝန်ထမ်းတွေရဲ့ လစာကို ဘယ်သူကပေးနေရတာပါလဲ ?

နိုင်ငံသားတွေဆီကနေကောက်ခံထားတဲ့ အခွန်ထဲကနေပဲ ပေးနေရတာဖြစ်ပါတယ်။

သန့်ရှင်းရေးဝန်ထမ်းအရေအတွက်မများရင် မြို့တော်လှပဖို့ဆိုတာမဖြစ်နိုင်ဘဲ တစ်ဖက်မှာလည်း ဒီအတွက် ငွေကြေးကုန်ကျမှုတွေများပါလိမ့်မယ်။

 

ဒါပေမယ့် အဲ့ဒီမြို့မှာနေထိုင်တဲ့ လူတွေအများကြီးကနေ ကိုယ်တိုင်မြို့ကြီးလှပလာဖို့အတွက် တာဝန်ယူလိုက်မယ်ဆိုရင် ငွေကြေးကုန်ကျမှုလည်းမရှိတော့ဘဲ တစ်ယောက်တည်းအပေါ်မှာပဲ ဝန်ပိစေတာမျိုးမဖြစ်စေတော့ပါဘူး။

နောက်ပြီး ကိုယ်ကိုယ်တိုင်သန့်ရှင်းအောင်လုပ်ထားတဲ့မြို့ကို ပိုပြီးတန်ဖိုးထားတတ်စေပါတယ်။

အမှိုက်ချတယ်ဆိုတာက မြို့ကိုတန်ဖိုးထားတဲ့စိတ်မရှိလို့ဖြစ်ပါတယ်။

ဒါကြောင့် အားလုံးက တန်ဖိုးထားတဲ့မြို့လေးမှာ အမှိုက်ပစ်တာတွေ့ရင် အဲ့ဒီလူကို တိုင်ချင်လောက်တဲ့အထိ ခံစားချက်တွေဖြစ်ကြပါတယ်။

 

ဂျပန်နိုင်ငံဟာ ဒီလိုပုံစံနဲ့ အားလုံးအတူပူးပေါင်းဆောင်ရွက်ရင်း မြို့ကိုသန့်ရှင်းလှပစေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီလိုသာပူးပေါင်းဆောင်ရွက်လိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ပိုပြီး သန့်ရှင်းသပ်ရပ်လာမှာ အမှန်ပါပဲနော်။

ဒါကြောင့် ကိုယ်တန်ဖိုးထားမြတ်နိုးရပြီး လှပသန့်ရှင်းတဲ့နိုင်ငံကြီးဖြစ်လာဖို့အတွက် ကိုယ်နေတဲ့မြို့မှာ အားလုံးနဲ့အတူပူးပေါင်းပါဝင်ပြီး သန့်ရှင်းရေးလုပ်ကြရအောင်လားခင်ဗျာ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: