သေချင်ပေမယ့်လည်း မသေဆုံးခဲ့တဲ့ လိင်ပြောင်းအမျိုးသမီး

တိုက်ခန်းရဲ့ ၁၂ လွှာကနေခုန်ချခဲ့ပေမယ့် မသေဆုံးခဲ့တဲ့ လိင်ပြောင်းအမျိုးသမီးတစ်ယောက်ရှိပါတယ်။

https://www.huffingtonpost.jp/entry/transgender-moca_jp_5cb6e24fe4b0ffefe3b934de

သူ့နာမည်ကတော့ မိုကစံပါ။

သူ့ရဲ့အိမ်ထောင်စုစာရင်းထဲမှာတော့ ၃၃ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်ဖြစ်ပါတယ်။

တစ်ချိန်လုံးသေဖို့ပဲစဥ်းစားနေပြီး တကယ်လည်း ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပါတယ်။

ဒါပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့အသက်မသေခဲ့ဘဲ ဘာကြောင့်မသေခဲ့လဲဆိုတာကိုတွေးပြီး အခုလက်ရှိမှာတော့ သူ့လိုခံစားနေရတဲ့သူတွေကို အခမဲ့တိုင်ပင်ဆွေးနွေးမှုတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။

 

တိုက်ခန်းရဲ့ခေါင်မိုးထပ်ကနေ ခုန်ချခဲ့ပါတယ်။

 

၂၀၁၅ ခုနှစ် ၁၀ လပိုင်း၊ လှပတဲ့ကောင်းကင်ပြာကြီးရဲ့အောက် မြို့ထဲကအဆောက်အဦရဲ့ ၁၂ ထပ်ခေါင်းမိုး ပေါ်မှာ ရပ်နေခဲ့ပါတယ်။

အကြိုက်ဆုံးသီချင်းကိုနားဆင်နေခဲ့ပေမယ့် စိတ်ငြိမ်ဆေးတွေအများကြီးသောက်ထားပြီး စိတ်တွေလွင့်ပျံ့ နေခဲ့တယ်လို့ပြောပါတယ်။

ဆေးရဲ့အရှိန်ကြောင့် စိတ်ကိုမထိန်းချုပ်နိုင်ဘဲ ခုန်ချခဲ့ပေမယ့် အောက်ကိုရောက်တော့  ရပ်ထားတဲ့ကားပေါ် ကျသွားပြီး အသက်မသေခဲ့ပါဘူး။

ကားပေါ်မှာ “နာတယ်၊ နာတယ်” လို့အော်နေတဲ့သူ့ကို တိုက်ခန်းတာဝန်ခံကတွေ့တော့ ဆေးရုံကားခေါ်ပြီး ဆေးရုံကိုပို့ခဲ့ပါတယ်။

လက်နဲ့ ကျောရိုး၊ နံရိုးတွေကျိုးသွားခဲ့ပေမယ့် အသက်မသေခဲ့ပါဘူး။

ပြုတ်ကျပြီတဲ့နောက်ပိုင်း သတိမေ့နေခဲ့ပါတယ်။

သတိပြန်ရလာတဲ့အချိန်မှာတော့ ဘေးမှာ အမေဖြစ်သူရပ်နေတာကို တွေ့ခဲ့ရပါတယ်။

သတိပြန်လည်လာပြီးနောက်မှာ ငရဲကျနေသလို ဆင်းရဲဒုက္ခကိုခံစားရပါတော့တယ်။

ခန္ဓာကိုယ်တစ်ခုလုံးနာကျဥ်ပြီး “ နာလိုက်တာ၊ သေချင်တယ် ” ဆိုပြီးအကြိမ်ကြိမ် ငြီးငြူခဲ့ပါတယ်။

ခုန်ပေါက်ချင်စိတ်တွေပေါက်နေပေမယ့်လည်း လှုပ်လို့တောင်မရပါဘူး။

ဒီထက်ပိုဆိုးတာက မိုကစံဟာ ဒီတောင်ကိုမကျော်နိုင်တော့ဘူးလို့စိတ်ဆုံးဖြတ်ထားခဲ့ပြီး သေမယ့်နေ့ကိုပဲ စောင့်နေခဲ့ပါတယ်။

နာကျင်မှုနဲ့ ဝမ်းနည်းစရာတွေထက် ပျော်စရာတွေကိုပဲ တွေးနေခဲ့ရပါတယ်။

၁၂ လပိုင်းမှာ ဆေးရုံဆင်းခဲ့တဲ့ မိုကစံဟာ ဘဝသစ်ကိုစတင်ခဲ့ပါတယ်။

https://www.huffingtonpost.jp/entry/transgender-moca_jp_5cb6e24fe4b0ffefe3b934de

 

မိုကစံဟာ ၃ နှစ်အရွယ်လောက်ကတည်းနေ မသိမသာနဲ့ မိန်းကလေးဖြစ်ချင်စိတ်တွေရှိနေခဲ့ပါတယ်။

အလယ်တန်းရောက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ယောကျ်ားလေးဖြစ်နေရတာကို မကြိုက်မှန်း စပြီးသတိထားမိခဲ့ပါတယ်။

အလယ်တန်း ၃ နှစ်မြောက် အသက် ၁၅ နှစ်လောက်မှာ အင်တာနက်ဝဘ်ဆိုက်တစ်ခုကနေ မိန်းကလေး ဟော်မုန်းဆေးရောင်းတာကိုတွေ့လို့ မှာယူပြီးစသောက်ခဲ့ပါတယ်။

ဒါဟာလည်း မိန်းကလေးဖြစ်ချင်ရုံတစ်ခုတည်းနဲ့ပါ။

အဲ့ဒီအချိန်လောက်တုန်းက တီဗီဒရမ်မာတွေထဲမှာ လိင်တူချင်းချစ်ကြိုက်တဲ့ဇာတ်လမ်းတွေကို ထုတ်လွှင့်ခဲ့ပါတယ်။

မိုကစံက အဲ့ဒီမှာစပြီး ကိုယ့်ရဲ့အခြေအနေကို ကောင်းကောင်းနားလည်ခဲ့ပါတယ်။

မိန်းကလေးဟော်မုန်းကို သောက်သုံးခဲ့တဲ့  ရလဒ်အနေနဲ့ ခန္ဓာကိုယ်ပုံဏ္ဌာန်ပြောင်းလဲလာခဲ့ပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အဆီတွေကျသွားခဲ့ပြီး ရင်သားတွေလည်းကိတ်လာခဲ့ပါတယ်။

တီရှပ်ဝတ်ထားရင် ရင်သားတွေထွားလာတာ သတိထားမိမှာကိုတွေးမိပြီး နွေရာသီမတိုင်ခင် မိဘတွေကို ပြောပြခဲ့ပါတယ်။

မိဘနှစ်ပါးကိုတုန်လှုပ်စေခဲ့ပေမယ့် ညီနှစ်ယောက်ရဲ့နားလည်မှုကိုတော့ ရရှိခဲ့ပါတယ်။

အဲ့ဒီနောက် သူဟာ အထက်တန်းကျောင်းကိုဆက်တက်ခဲ့ပြီး ရှင်းဂျူ့ခုနိချောမဲမှာရှိတဲ့

မိန်းမလျာတွေဝန်ဆောင်မှုပေးတဲ့စားသောက်ဆိုင်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။

အရက်ဆိုင်မှာ အချိန်ပိုင်းအလုပ်စတင်လုပ်ကိုင်ခဲ့ပြီး မိန်းကလေးအဝတ်အစားနဲ့ ဝန်ဆောင်မှုပေးခဲ့ပါတယ်။

တစ်ချိန်တုန်းက လူငယ်တွေမှာ မိန်းကလေးအဝတ်အစားဝတ်တဲ့သူ ရှားပါးတာကြောင့် ထူးဆန်းတဲ့ပုံစံကြီး ဖြစ်နေပါတယ်။

အသက် ၂၀ ရောက်တဲ့အခါမှာတော့ ဒီဇိုင်းကုမ္ပဏီထဲကိုဝင်ရောက်ခဲ့ပြီး ၁၀ လအကြာမှာ အလုပ်နားခဲ့ပါတယ်။

သူဟာ သူ့လိုမျိုး ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတဲ့သူတွေနဲ့အတူတူ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

https://www.huffingtonpost.jp/entry/transgender-moca_jp_5cb6e24fe4b0ffefe3b934de

 

နောက်ပြီး ၂၃ နှစ်အရွယ်မှာ ထိုင်းနိုင်ငံကိုသွားရောက်ပြီး လိင်ပြောင်းခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။

သန့်စင်ခန်းနဲ့ ရေချိုးကန်စိမ်တဲ့အခါ သူ့ရဲ့ယောကျာ်းလေးအင်္ဂါကိုကြည့်ပြီး သူ့ကိုယ်သူ ယောကျ်ားလေးဆိုတဲ့ အတွေးကိုတွေးမိပြီး အရမ်းကိုစိတ်ဆင်းရဲခဲ့ရပါတယ်။

ခွဲစိတ်တဲ့အခါမှာ ယန်း ၁.၆ သန်းလောက်ကုန်ကျခဲ့ပါတယ်။

ခွဲစိတ်မှုခံယူပြီးတဲ့နောက်မှာလည်း နာကျင်တဲ့ဝေသနာကို ခံစားခဲ့ရပါသေးတယ်။

ဒါပေမယ့် ထူးဆန်းတဲ့အရာတစ်ခုရှိပါသေးတယ်။

မိန်းကလေးဖြစ်ချင်လွန်းတဲ့စိတ်တွေများခဲ့ပေမယ့်  တကယ်ဖြစ်လာတဲ့အခါမှာတော့ ယောကျ်ားလေးအင်္ဂါက ပိုအဆင်ပြေတယ်လို့တွေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာ လက်တွေ့ဘဝနဲ့နေထိုင်ခဲ့ပြီး အိမ်ထောင်စုစာရင်းမှာပါ မိန်းကလေးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့် ပင်ပန်းပြီး မကြာခဏနေမကောင်းဖြစ်ပါတယ်။

အလုပ်နဲ့ဝင်ငွေမှာတော့ တည်ငြိမ်မှုရှိခဲ့ပါတယ်။

ဒါပေမယ့်စိတ်ဓာတ်တွေပိုမိုကြံ့ခိုင်လာခဲ့ပြီး ၅ နှစ်တိတိစိတ်ငြိမ်ဆေးတွေကို သောက်သုံးခဲ့ရပါတယ်။

https://www.huffingtonpost.jp/entry/transgender-moca_jp_5cb6e24fe4b0ffefe3b934de

 

အဲ့ဒီနောက် မိုကစံဟာ တိုက်ပေါ်ကနေ ခုန်ချခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အသက်တော့မသေခဲ့ပါဘူး။

 

ကိုယ်စိတ်ပျက်ဝမ်းနည်းနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အလိုအပ်ဆုံးပဲဆိုတဲ့အချက်ကို တခြားသူတွေဆီမျှဝေပြောပြပေးချင်တယ်။

 

အဲ့ဒီနောက် မိုကစံဟာ အင်တာနက်ထဲက ဘဝအတွက် တိုင်ပင်ဆွေးနွေးပေးတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

https://www.huffingtonpost.jp/entry/transgender-moca_jp_5cb6e24fe4b0ffefe3b934de

 

ကျား၊မ ပြဿနာတစ်ခုတည်းမဟုတ်ဘဲ၊ ယခုခေတ်ကမ္ဘာပေါ်မှာ နေထိုင်အသက်ရှင်ဖို့ နာကျင်ခက်ခဲတဲ့ အရာတွေကို ဆွေးနွေးပေးရတာများပါတယ်။

လက်တွေ့မှာ ဒီလိုပူပင်သောကတွေနဲ့ ကိုယ့်ကိုယ်ကိုသတ်သေဖို့လုပ်တဲ့သူတွေဆီကနေ ကြားရတဲ့စကားတွေကို စိုးရိမ်သောကတွေများနေတဲ့သူတွေဆီကိုမျှဝေရင်း အားလုံးရဲ့စိုးရိမ်ပူပန်မှုတွေကို နည်းနည်းလောက်ပဲဖြစ်ဖြစ် ပြေလျော့စေပြီး ပျော်ရွှင်စေချင်မိပါတယ်။

သေသွားတာ အကောင်းဆုံးပဲလို့ မတွေးစေချင်ပါဘူး။

ဒီလိုစိတ်ပျော့ခဲ့တဲ့ သူမရဲ့ဘဝအတွက်ဆွေးနွေးမှုဟာ စိတ်ဒုက္ခရောက်နေတဲ့သူတွေတော်တော်များများ အတွက် အကူအညီဖြစ်ခဲ့ပါတယ်။

မိုကစံဟာ သေချင်နေပေမယ့်လည်း မသေခဲ့ပါဘူး။

ဘုရားကစီမံပေးလိုက်တဲ့အတိုင်း သူမရဲ့ဘဝအကြာင်းနဲ့ ဆွေးနွေးတိုင်ပင်မှုတွေကိုပဲ ဆက်လက်လုပ်ဆောင် လျက်ရှိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: