ဂျပန်ငွေစက္ကူအသစ်အတွက်ရွေးချယ်ခဲ့တဲ့လူပုဂ္ဂိုလ် ၃ ဦးနဲ့ သူတို့ရဲ့ဆောင်ပုဒ်

ဂျပန်နိုင်ငံမှာ ငွေစက္ကူဒီဇိုင်းအသစ်ပြောင်းလဲသွားမယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

၂၀၂၄ ခုနှစ်လောက်မှာ ထွက်ပေါ်လာဖို့ လုပ်ဆောင်လျက်ရှိပြီး ဒီတစ်ခေါက် ငွေစက္ကူပေါ်မှာထည့်သွင်းဖို့ ရွေးချယ်ခံလိုက်ရတဲ့ ပုဂ္ဂိုလ် ၃ ဦးကို ကြည့်လိုက်ကြရအောင်နော်။

 

ယန်း ၁၀၀၀ တန်ပေါ်မှာ 北里柴三郎さん(きたさと しばさぶろう)Kitasato Shibasaburou ရုပ်ပုံကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။

https://nikkan-spa.jp/1565661?cx_clicks_art_mdl=4_title

 

Kitasato တက္ကသိုလ် နဲ့ ဂျပန်နိုင်ငံရဲ့ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

လူတော်တော်များများကို သေဆုံးစေတဲ့ ဘတ်တီရီးယားပိုးကိုရှာဖွေတွေ့ရှိခဲ့ပြီး၊ ဇီဝဗေဒနဲ့ ဆေးပညာမှာလည်း ကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့ဆောင်ပုဒ်က အရမ်းကိုရိုးရှင်းပါတယ်။

 

 終始一貫(しゅうしいっかん)

 

အစကနေအဆုံးအထိ အမြဲတူညီတဲ့လမ်းကြောင်းအတိုင်း မပြောင်းလဲဘဲ ရှေ့ဆက်လုပ်ဆောင်သွားရမယ် လို့အဓိပ္ပာယ်ရပါတယ်။

မူလနေရာကိုပြန်လှည့်ပြီး အကြိမ်ကြိမ်အခါခါ တူညီတဲ့လုပ်ဆောင်ချက်တွေကို ထပ်ခါတလဲလဲ ပြုလုပ်ရင်းကနေ ဘက်တီးရီးယားပိုးမွှားတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေကို အောင်မြင်စေခဲ့တဲ့နည်းလမ်းဖြစ်ပြီး ဂျပန်လူမျိုးတွေရဲ့ပုံရိပ်တွေကို ပိုပြီးထင်ရှားအောင် ကိုယ်စားပြုပေးနေတဲ့ စကားလုံးတွေဖြစ်ပါတယ်။

 

 

ယန်း ၅၀၀၀ တန်မှာတော့ 津田梅子さん(つだ うめこ)Tsuda Umeko ရဲ့ ရုပ်ပုံကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။

https://nikkan-spa.jp/1565661?cx_clicks_art_mdl=4_title

အမျိုးသားအဖွဲ့အစည်းတွေရှိခဲ့တဲ့ ဂျပန်နိုင်ငံမှာ မိန်းကလေးတွေရဲ့ပညာရေးကိုရှေ့ဆောင်လမ်းပြခဲ့ပြီး  津田塾大学(つだじゅくだいがく)Tsudajuku တက္ကသိုလ်ကို တည်ထောင်ခဲ့တဲ့သူဖြစ်ပါတယ်။

သူမရဲ့ ကိုယ်ပိုင်ဆောင်ပုဒ်ကတော့ ဒီလိုပါ။

 

ひとりひとりの人生の航路には、一人で立ち向かわなければならない。

それぞれの困難と問題があります。

လူတိုင်းလူတိုင်း တစ်ယောက်ချင်းစီရဲ့ဘဝလမ်းခရီးမှာ တစ်ယောက်တည်းရင်ဆိုင်ကျော်ဖြတ်ရပါလိမ့်မယ်။

လူတိုင်းမှာ အခက်အခဲပြဿနာတွေဆိုတာ ရှိကြစမြဲပါပဲ။

 

Facebook မှာလည်း ဒီဆောင်ပုဒ်ကို ခဏခဏတွေ့ဖူးတဲ့သူလည်းရှိမယ်ထင်ပါတယ်။

အခုချိန်မှာ တစ်ယောက်တည်းတွေးတောခံစားနေတဲ့အရာတွေကို သတိထားကြည့်ရပါမယ်။

ဘာကြောင့်လဲဆိုတော့ တစ်ယောက်ချင်းစီရဲ့ အရည်အသွေးနဲ့ ဘဝတွေမတူညီကြပါဘူး။

အဲ့ဒီထဲမှာမှ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေလည်း ကွာခြားကြပါတယ်။

အင်တာနက်တွေတိုးတက်လာတဲ့ခေတ်မှာ လူတိုင်းဝေငှဖို့အတွက်ဖြစ်လာပြီး မူရင်းပိုင်ရှင်ကို မသိကြတော့တဲ့သူတွေပိုပြီးများလာတယ်လို့ထင်ပါတယ်။

ယခုခေတ်အချိန်အခါအထိ လက်တွေ့ကျနေတဲ့စကားလုံးတွေဖြစ်ပါတယ်။

 

ယန်း ၁၀၀၀၀ တန်မှာတော့ 渋沢栄一さん(しぶさわ えいいち)Shibusawa Eiichi ရဲ့ပုံကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။

https://nikkan-spa.jp/1565661/2

ဘဏ်တွေ၊ ကုမ္ပဏီတွေတော်တော်များများကို တည်ထောင်ခဲ့ပြီး Tokyo Stock Exchange ကိုတည်ထောင်ပေးခဲ့တဲ့သူဖြစ်ပါတယ်။

ဆာမူရိုင်းခေတ်ကတည်းကနေ ခေတ်သစ်ရောက်တဲ့အထိ ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမှာ ကြီးမားတဲ့သြဇာလွှမ်းမိုးမှုရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

 

どんなに勉強し、勤勉であっても、うまくいかないこともある。

これは機がまだ熟していないからであるから、

ますます自分を鼓舞して耐えなければならない。

ဘယ်လိုဘဲကြိုးစားကြိုးစား၊ လုံ့လဝီရိယရှိနေတာတောင် မဖြစ်မြောက်လာနိုင်တဲ့အရာတွေလည်းရှိပါတယ်။

မရင့်ကျက်သေးတဲ့အရာတွေလည်းရှိသေးတာကြောင့် ကိုယ့်ကိုယ်ကို ပိုပိုပြီး စိတ်အားထက်သန်စွာနဲ့ တွန်းလှန်နိုင်ဖို့လိုပါတယ်။

 

ဗုဒ္ဓရဲ့အဆုံးအမမှာ “啐啄同時(そったくどうじ)” Sottaku douji တစ်ချိန်တည်းမှာဖြစ်ပေါ်တယ် ဆိုတဲ့စကားလုံးရှိပါတယ်။

ငှက်အကောင်ပေါက်လေးတွေက ဥထဲကနေအခွံကိုထိုးဖောက်နေတဲ့အချိန် ငှက်မကြီးကလည်း အပြင်ကနေထိုးဖောက်လာနိုင်ဖို့ကို ကူညီပေးပါတယ်။

အချိန်ကိုက်နဲ့ အတိုင်အဖောက်လည်းညီတာကြောင့် နောက်တစ်ဆင့်ကိုတက်ဖို့ လွယ်ကူသွားတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဘယ်လောက်ပဲ ပြောင်မြောက်တဲ့ဆန်းသစ်တီထွင်မှုတွေရှိနေပါစေ ခေတ်နဲ့မကိုက်ညီဘူးဆိုရင် ဘယ်အရာမှအဓိပ္ပာယ်ရှိမှာမဟုတ်ပါဘူး။

Apple ကနေ iPhone ကိုမဖြန့်ချိခင်မှာ iPad ကို ပြည့်စုံအောင်ဖန်တီးနိုင်ခဲ့ပြီးသားဖြစ်ပါတယ်။

“ iPhone ကိုသာအရင်ဆုံးမထုတ်ဘူးဆိုရင် အဓိပ္ပာယ်မရှိဘူး “ ဆိုပြီး ရပ်တန့်ထားခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့ iPhone တွေကိုထုတ်လုပ်ခဲ့ပြီး မျက်နှာပြင်နည်းနည်းကြီးတာကို လိုချင်လောက်ပြီဆိုတဲ့အချိန်မှ iPad ကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဒါဆို ပြောင်းပြန်ထုတ်လိုက်တာပေါ့နော် ?

Keyboard မလိုဘဲ PC တစ်ခုတည်းနဲ့ သုံးလို့ရတယ်လို့ပြောရမှာပါ။

အချိန်ကိုက်ထုတ်လုပ်နိုင်တာကြောင့် ဒီပစ္စည်းဟာ လူကြိုက်များတဲ့ ထုတ်ကုန်တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီလိုအတွေးအခေါ်တွေဟာ Shibusawa ရဲ့အတွေးတွေနဲ့ အတူတူပါပဲ။

သူကလည်း အရေးပါတဲ့ဆောင်ပုဒ်တစ်ခုကို ချန်ရစ်ခဲ့ပါသေးတယ်။

 

လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိသင့်ပါတယ်။

ကိုယ်ရဲ့စိတ်ထဲမှာ လူတွေအတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိဖို့ တွေးတောလုပ်ဆောင်ရင်း ဘဝကိုတည်ဆောက်ရမှာဖြစ်ပါတယ်။

 

အခုခေတ်မှာ Youtuber အနေနဲ့ အချိန်ပိုင်းအလုပ်ကို တစ်ယောက်တည်းလုပ်ကိုင်နေတဲ့သူတွေလည်း ပိုပိုပြီးများလာပါတယ်။

အခုအချိန်အထိ ကုမ္ပဏီမှာပဲအလုပ်လုပ်တာဟာပုံမှန်ပဲဆိုပေမယ့် ကိုယ်တိုင်လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်နေတာကို ကမ္ဘာတစ်ဝှမ်းမှာပိုပြီးတွေ့ရှိလာရပါတယ်။

ဒီလိုခေတ်မျိုးမှာ ကိုယ့်ရဲ့အလုပ်တွေကိုပဲ တွေးနေမိတယ်မလား ?

သင့်ရဲ့ဘဝဟာ တစ်ယောက်တည်းနဲ့ ပြီးပြည့်စုံနေမှာတော့မဟုတ်ပါဘူး။

လူတွေနဲ့ပတ်သတ်ဆက်နွယ်နေမှသာ လူတွေရဲ့အကြောင်းကို ပိုမိုသိနားလည်နိုင်မှာဖြစ်ပါတယ်။

ဒါဟာ Shibusawa ကနေ ယခုခေတ်ကလူတွေကို နှိုးဆော်နေတာဖြစ်ပါတယ်။

 

ငွေစက္ကူတွေမှာထည့်သွင်းမယ့် ရုပ်ပုံတွေအတွက် အတော်ဆုံးပုဂ္ဂိုလ်တွေကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အတော်ဆုံးပုဂ္ဂိုလ်တွေရဲ့ အကောင်းဆုံးအောင်မြင်မှုတွေကျန်ရှိနေတာဟာ ကံကောင်းလွန်းတယ်ဆိုပေမယ့် မွေးကတည်းကနေ တော်လာတယ်ဆိုတာမျိုးတော့မဟုတ်ပါဘူး။

အမြဲတမ်းနက်နက်ရှိုင်းရှိုင်းစဥ်းစားပြီး အောင်မြင်မှုဆီကို အရောက်လှမ်းနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ဆိုရိုးစကားတွေဟာ ယခုခေတ်မှာရှိတဲ့လူတွေအားလုံး အတုယူလိုက်နာသင့်တဲ့ စကားလုံးတွေဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: