ဆာလောင်မှုကြားက ပညာရှာ

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဂျပန်နိုင်ငံမှာ ဒီလိုဆိုရိုးစကားမျိုးရှိခဲ့ပါတယ်။

 

ခန္ဓာကိုယ်ကို အလုပ်အကျွေးပြုဖို့ ခန္ဓာကိုယ်ကို အားကိုးရမယ်

 

အစားအစာဝလင်အောင်မစားနိုင်ဘဲ ငွေကြေးတွေကို ပညာလေ့လာဖို့ အတွက် အသုံးပြုရပါမယ်။ တစ်နည်းပြောရရင် ပညာစုံလင်တဲ့အနာဂတ်ကိုပြောင်းလဲနိုင်မယ့် အဓိပ္ပာယ်ဖြစ်ပါတယ်။

 

ထမင်းတစ်နပ်ငတ်နေရင်တောင် စာအုပ်တစ်အုပ်ကိုဝယ်ပါ ( ဖတ်ပါ )

ဆာလောင်ပြီးနာကျင်နေရင်တောင် ၁၀ ရက်သည်းခံနိုင်ပါတယ်

ဒါကို ၁၀ နှစ်လောက်သည်းခံနိုင်မယ်ဆိုရင် တစ်သက်လုံးစားလို့လောက်ပါလိမ့်မယ်

 

လို့ဆိုစကားတွေလည်းရှိပါတယ်။

အပြောကတော့လွယ်ပါတယ်။ ဒါကိုတကယ်လက်တွေ့ဖြစ်အောင်လုပ်နိုင်ဖို့ဆိုတာ တော်တော်လေးကို ခဲယဥ်းပါတယ်။

小林虎三郎 ခိုဘယရှိ တိုရဆဘုရို ဆိုတဲ့သူဟာ တကယ်ကိုကျင့်ကြံနိုင်ခဲ့ပြီး မြင့်မားတဲ့နေရာကို အောင်မြင်မှုတွေကိုပေးစွမ်းနိုင်ခဲ့ပါတယ်။

 

၁၈၆၈ ခုနှစ် ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းခေတ်ဖြစ်တဲ့ အဲဒိုခေတ်အဆုံး ဂျပန်နိုင်ငံရဲ့ရှေးခေတ်သစ်မဝင်ရောက်ခင် အချိန်တုန်းက 長岡藩(ながおかはん)နဂအိုကဟန် လို့ခေါ်တဲ့ 北陸 ဟိုကိုခုတိုင်းပြည်ဟာ ဆာမူရိုင်းတွေနဲ့တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ရှုံးနှိမ့်ခဲ့ရပါတယ်။

ရန်သူတွေရဲ့ဘက်မှာ အစိုးရသစ်ကဆန့်ကျင်ခဲ့ပြီး ဆင်းရဲတဲ့နေထိုင်စားသောက်မှုဘဝကို ကျရောက်ခဲ့ရပါတယ်။

ငတ်ပြတ်ခေါင်းပါးနေတဲ့ နဂအိုကမျိုးနွယ်စုတွေဟာ သနားစရာကောင်းတယ်လို့တွေးပြီး အနီးနားက 三根山藩(みねやまはん)မိနဲယမဟန် ကို ကူညီကယ်ဆယ်ရေးတွေ လှူဒါန်းမှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။

https://mag.japaaan.com/archives/89367/2

တစ်ကြောင်းကို ကီလိုဂရမ် ၆၀ ရှိတဲ့ ဆန်တွေကို ပို့ပေးခဲ့ပါတယ်။ အထုတ် ၁၀၀ လောက်ရှိတဲ့ ပမာဏနဲ့ ထုတ်ထားတဲ့ဆန်တွေကိုတွေ့တဲ့အခါ နဂအိုကမျိုးနွယ်စုတွေအတွက် မျှော်လင့်ချက်တွေပြည့်စုံလာတာပါပဲ။

ဒါကိုဖြန့်ဝေဖို့ရန့်တန့်ခိုင်းတဲ့သူတစ်ယောက်ရှိပါတယ်။

သူကတော့ 小林虎三郎 ( ချုခိုဘယရှိ တိုရဆဘုရို ) ဖြစ်ပါတယ်။

https://mag.japaaan.com/archives/89367/3

 

ဆန်တွေကို ဒီတိုင်းမပေးဘဲ ရောင်းချပြီးရလာတဲ့ငွေကြေးနဲ့ ပညာတွေသင်ကြမယ်။

 

ဗိုက်ဆာလွန်းလို့ဒုက္ခရောက်နေတဲ့သူတွေဟာ ဒေါသထွက်ကြပါတယ်။

ဒီလိုလူတွေကို ခိုဘယရှိက ဒီလိုပြန်ပြောခဲ့ပါတယ်။

 

အဲ့ဒီဆန်တွေကိုအကုန်လုံးက တစ်ရက်နှစ်ရက်အတွင်းစားလို့ကုန်သွားရင် ဘာကျန်တော့မှာလဲ။ တိုင်းပြည်ဆင်းရဲတာ၊ ပျက်စီးတာတွေအားလုံးက လူတွေလုပ်တာပါ။ ဒါကြောင့် မှန်ကန်တဲ့သူတွေကို ပျိုးထောင်တဲ့နေရာအဖြစ်ဖန်တီးလိုက်ပါမယ်။ အခုချိန်မှာနိုင်ငံတော်ကချပေးတဲ့ ဆန်အိတ် ၁၀၀ ကလွဲပြီး ဘာမှမရှိဘူး။ အခုရှိတဲ့ဆန်တွေအားလုံးကိုစားလိုက်ပြီး နောက်ထပ်ခါတလဲလဲ ထပ်ဖြစ်နေရင် ဆင်းရဲမှုဒဏ်ကနေဘယ်တော့မှာ လွတ်မြောက်မှာမဟုတ်ဘူး။

 

အဲ့ဒီနောက်မှာ ခိုဘယရှိဟာ ဆန်တွေကိုရောက်ချခဲ့ပြီး ရလာတဲ့ပိုက်ဆံနဲ့ စားမေးပွဲဖြေဆိုအောင်မြင်မယ်ဆိုရင် ဘယ်သူမဆိုလေ့လာနိုင်တယ်ဆိုတဲ့ တစ်ချိန်တုန်းကဂျပန်နိုင်ငံရဲ့ပညာရေးကိုမြင့်တင်ခဲ့ရာ နာဂအိုယမျိုးနွယ်စုတွေဟာတိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး ဂျပန်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာလည်းများစွာ အထောက်အကူပြုတယ်ဆိုတာကို သိခဲ့ရပါတယ်။

ဂျပန်နိုင်ငံဟာ ဆာမူရိုင်းခေတ်အပြီး ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးနောက်မှာ အင်အားကြီးနိုင်ငံဖြစ်လာခဲ့ပြီး တခြားနိုင်ငံတွေတိုက်ခိုက်တာမခံရခင်အထိ ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။

စစ်ပွဲတွေပြီးဆုံးသွားပြီးနောက်မှာ ပျက်စီးယိုယွင်းနေခဲ့တဲ့တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ ခိုဘာယရှိ ကနေစတင်ခဲ့ပြီး ဒီလိုတွေးခေါ်ပုံတွေနဲ့ ပညာရေးမှာအောင်မြင်လာခဲ့တဲ့သူတွေအတွက် အားအင်တွေ ဖြစ်လာခဲ့ပါတယ်။

အခုခေတ်ဂျပန်လူမျိုးတွေဟာ တွေးခေါ်ပုံတွေကို အလေးထားခဲ့ပြီး ရှေးတုန်းကတွေးခေါ်ပုံတွေဟာ ထူးဆန်းတယ်လို့မတွေးကြဘဲ လက်တွေ့မှာလည်းအပြည့်အဝအသုံးဝင်တဲ့စကားတွေလို့ လက်ခံကြပါတယ်။

စာဖတ်သူလို့လည်းတစ်ချိန်ချိန်မှာအောင်မြင်ရမယ်လို့ တွေးထားကြတယ်မလား။

လက်ထဲမှာကိုင်ထားတဲ့ ဘီယာခွက်၊ ကော်ဖီခွက်တွေကို ခဏလောက်ချပြီး ခိုဘယရှိရဲ့ အတွေးတွေကို ခေါင်းထဲထည့်၊ သင့်ဘဝရှေ့ရေးအတွက်ကောင်းတာတွေကို လေ့လာသင်ယူကြည့်လိုက်ပါနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: