ကိုယ်ဝန်ဆောင်အမျိုးသမီးကို မပြောသင့်တာပြောခဲ့တဲ့ ဦးလေးကြီး

ဂျပန်နိုင်ငံရဲ့ရထားလိုင်းတွေဟာ သိပ်ကိုရှုပ်ထွေးလွန်းလှပါတယ်။

အားလုံးအတွက် စိတ်ရှုပ်စရာကောင်းတယ်ဆိုတာကိုသိပေမယ့် သက်လတ်ပိုင်းဦးလေးကြီးတစ်ယောက်နဲ့ လူငယ်လေးတစ်ဦးတို့ရဲ့ အံ့သြဖွယ်လုပ်ရပ်တစ်ခုကို ပြောပြပါမယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်နဲ့ ရထားပေါ်မှာအတူတကွလိုက်ပါစီးနင်းခဲ့တဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ယခုလိုပြောခဲ့ပါတယ်။

 

နင့်ကိုယ်ဝန်ကြီးနဲ့နေရာယူတယ် ရထားစီးမနေနဲ့

 

ပြောခံလိုက်ရတဲ့ မိန်းကလေးရဲ့မျက်နှာဟာ အဆင်ပြေပါ့မလား?

ဒီလိုလူတွေဟာလည်း တစ်ချိန်တုန်းကလူငယ်တွေဖြစ်ခဲ့ပြီး ခုခေတ်လူငယ်တွေကတော့လေ……..လို့ ပြောပြောနေတာ လူငယ်တွေမကောင်းပြောလိုက်တာပါပဲ။

ဒီအခြေအနေကိုမြင်လိုက်တဲ့ လေးစားစရာကောင်းလောက်တဲ့ လူငယ်တစ်ယောက်က ဝင်ရောက်ဖြေရှင်းပေးခဲ့ပါတယ်။

စတိုင်ရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပုံမဟုတ်ပေမယ့် သူ့ရဲ့မျက်နှာပုံစံဟာဒီလိုပုံစံမျိုးဖြစ်ပါတယ်။

http://hostclub.biz/matome/2804930297814326075

 

ခုနက ဦးလေးကြီးတွေဟာ အခုခေတ်လူငယ်တွေကို မကြိုက်တဲ့ယောက်ျားလေးပုံစံဖြစ်ပါတယ်။

 

လူငယ်လေး   ဦးလေးရာ မလွန်လွန်းဘူးလား ?

 ဒီလိုစကားမျိုးကို ဦးလေး မိန်းမကိုရောမပြောဘူးလား?

လူလတ်ပိုင်း   ငါမိန်းမမယူထားဘူးကွ !

လူငယ်လေး   သေချာတာပေါ့ !အဲ့ဒါကြောင့်မိန်းမမရတာ !

 

အဲ့ဒီနောက်မှာ ဝမ်းနည်းနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးလေးဘက်ကိုလှည့်ပြီး၊

 

ဒီလိုဆိုတော့လည်း မယုံနိုင်စရာပဲနော်

ဒါနဲ့ ဘယ်တော့မွေးမှာလဲ ?

အဲ့လောက်ထိလည်း စိတ်ထဲထားမနေပါနဲ့ကွာ

ဒီလိုဖြေရှင်းပေးလိုက်တာဟာ အကောင်းဆုံးနည်းလမ်းပါပဲ။

နှစ်သိမ့်ပေးခံခဲ့ရတဲ့မိန်းကလေးဟာ ပျော်လွန်းလို့ မျက်ရည်တွေပါကျခဲ့ရပါတယ်။

လူငယ်၊ လူကြီးမှမဟုတ်ဘဲ ဘယ်အရွယ်မှာပဲဖြစ်ဖြစ် ကောင်းတဲ့သူနဲ့မကောင်းတဲ့သူဆိုပြီးရှိပါတယ်။

အမြင်တစ်ခုတည်းနဲ့တော့ ဆုံးဖြတ်လို့မရပါဘူး။

နောက်ပြီးတော့ တခြားလူတွေကိုဂရုမစိုက်တဲ့ ဦးလေးကြီးတွေလိုလူမျိုးတွေကို လူတွေကပိုပြီးဂရုမစိုက်ကြဘဲ၊ ဘာပဲဖြစ်လာဖြစ်လာ သနားကြမှာမဟုတ်ပါဘူး။

စာဖတ်သူတို့လည်း ဒီလိုလူမျိုးမဖြစ်အောင် အထူးသတိထားဆင်ခြင်ကြပါနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: