ဂျပန်ထောင်သားတွေရဲ့ ဘဝက ဘယ်လိုလဲ ? ?
ထောင်ထဲက ဘဝက သာမာန်နေထိုင်ရတဲ့ ဘဝနဲ့ အရမ်းကိုခြားနားပါတယ်။
ဒါပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ အခက်အခဲတွေမရှိဘူးလို့ ထင်တယ်မလား ??
စာရေးသူလည်းအဲ့လိုထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ တော်တော်လေးကို အခက်အခဲတွေ နဲ့ ကြုံတွေ့ ရပါတယ်။
အကျဥ်းသား အဟောင်းတွေပြောတဲ့ ခက်ခဲတဲ့ ဘဝဆိုတာက …….
ရဲဖမ်းခံရတဲ့အခါမှာ အရင်ဦးဆုံး အချုပ်ထဲမှာ ရုံးတင်ပြီးမစစ်ဆေးခင်အထိ နေရပါတယ်။
အဲ့ဒီနောက် ရုံးက အမိန့်ချပြီးတဲ့အခါမှာ ထောင်ထဲကိုသွားပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့ဘဝနဲ့ နေထိုင်ရပါတယ်။
ရှက်စရာကောင်းတဲ့ ခန္ဓာကိုယ်စစ်ဆေးမှုတွေလည်းရှိပါတယ်။
အမိန့်ကျလာရင် ဘက်စ်ကားနဲ့ အကျဥ်ထောင်ထဲကို ပို့ပါတယ်။
အကျဥ်ထောင်ဆိုတာက နံရံအမြင့်ကြီးတွေနဲ့ အပြင်လောကကို အဆက်အသွယ်ဖြတ်ထားတဲ့နေရာဖြစ်တယ်ဆိုတာကို ရုပ်ရှင်တွေထဲမှာလည်းမြင်တွေ့ဖူးမယ်ထင်ပါတယ်။
ဘက်စ်ကားစီးပြီး ရောက်သွားတဲ့ အချိန် တံခါးကို ဖွင့်လိုက်တာအခါမှာ အော်ဟစ်သံတွေကို ကြားနေရပါတယ်။
အဲ့ဒီအသံက ထောင်သားတွေကို ကြောက်အောင်လို့ ခြောက်လှန့်ပြီး အော်နေတဲ့ အသံတွေပဲ ဖြစ်ပါတယ်။
နောက်ပြီးတော့ တခြားထောင်သားတွေကသူတို့ အကြောင်းကို အသံအကျယ်ကြီးနဲ့ အော်ပြောနေကြပါတယ်။
ဘာကိုပြောနေမှန်း မကြားနိုင်လောက်တဲ့ အထိပါပဲ။
နောက်ပြီးတော့ စစ်ဆေးမေးမြန်းခန်းကို ခေါ်သွားခဲ့ပါတယ်။
မျက်လုံးကို ၁၀မိနစ်လောက်မှိတ်ပြီးစောင့်နေရပါတယ်။
နာမည်ခေါ်တဲ့ အခါမှာ အသံအကျယ်ကြီးနဲ့ ပြန်ဖြေရပါတယ်။
အဲ့လိုမဟုတ်ပဲနဲ့ ချက်ချင်းပြန်မဖြေဘူးဆိုရင် အော်ငေါက်ခံရပါလိမ့်မယ်။
နောက်တစ်ဆင့် က ရုပ်ပိုင်းဆိုင်ရာကိုစစ်ဆေးပါတယ်။
အဝတ်အစားမပါပဲ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးပါတယ်။
အတွင်းအင်္ဂါတွေကိုပါ စစ်ဆေးတဲ့အတွက်ကြောင့် ကြောက်စရာကောင်းပြီး ရှက်ဖို့ကောင်းပါတယ်။
နောက်နေ့ကစပြီး အလုပ်တွေစပါပြီ။
အရင်ဦးဆုံး စာရွက်ခေါက်တာတို့ ပဝါခေါက်တာတို့ စတဲ့ လွယ်တဲ့ အလုပ်တွေကို စလုပ်ရပါတယ်။
ခြေထောက်ကို မြှောက်ပြီးတော့ စစ်သားတွေလိုလျှောက်!
လက်အပေါ်ကိုကွေးထား !
တန်းစီ !
လို့အမြဲအော်ခံရပါတယ်။
အဲ့ဒီမှာလည်း စစ်တပ်လိုမျိုး သတ်မှတ်ချက်တွေနဲ့ နေထိုင်ရပါတယ်။
အလုပ်လုပ်နေတဲ့ သူနဲ့ ပြောင်းလုပ်ချင်တယ်ဆိုရင် ညာလက်ကို မြန်မြန်ထောင်ပြီးတော့ အသံအကျယ်ကြီးနဲ့ …..နာမည်ခေါ်ပြီး ကျေးဇူးပြု၍အလုပ်ပြောင်းပေးပါလို့ အော်ပြောရပါတယ်။
လက်ကို မြန်မြန်မထောင်တာတို့ အသံတိုးနေတာတို့ ဆိုရင် အော်ခံရပြီးတော့ အကြိမ်ကြိမ်ပြန်လုပ်ခိုင်းပါတယ်။
နောက်ပြီးတော့ အလုပ်လုပ်နေတဲ့ အချိန်အတွင်းမှာ မျက်စိကို နည်းနည်းမှလွှဲလိုက်လို့ မရပါဘူး။
လည်းပင်းလေးလှည့်လိုက်ရင်တောင် အအော်ခံရပါတယ်။
အဲ့လိုအခြေအနေမျိုးဖြစ်တာကြောင့် အိမ်သာတောင်သွားလို့ မရပါဘူး။
နားချိန်ထိသည်းခံရပါတယ်။
နားချိန်မှာ အိမ်သာသွားတာတောင် လက်ဆေးတဲ့ အချိန်မှာ
လက်ဆေးပါမယ် !!
လို့အသံအကျယ်ကြီးနဲ့ မပြောလို့မရပါဘူး။
အဲ့ဒါတွေအပြင်လေ့ကျင့်သင်ကြားရေးတွေရှိပါသေးတယ်။
အဓိကအနေနဲ့ လမ်းလျှောက်ပုံ တန်းစီပုံ ကိုလည်းသင်ကြားပေးပေမယ့် အဲ့ဒါကလည်း နေပူထဲမှာ မိနစ် ၃၀ လောက် ကြာပါတယ်။
အရမ်းကို ပင်ပန်းပြီးတော့ အစတုန်းက ထမင်းတောင် မစားနိုင်ခဲ့ပါဘူး။
အဲ့ဒီလို ကြမ်းတမ်းတဲ့ ဘဝက နှစ်ပတ်ဆက်တိုက်ပါပဲ။
တချို့လူတွေဆိုရင် ၄ ပတ်လောက်တောင် ခံရပါတယ်။
အဲ့ဒီနောက်မှာ တင်းကြပ်တာတွေက နည်းနည်း သက်သာလာပါတယ်။
အလုပ်ကလည်း ပုံမှန်လိုဖြစ်လာပြီးတော့ ပရိဘောဂတွေလုပ်တာတို့ ကိုယ့်အဝတ်ကိုယ်လျှော်တာကိုလုပ်ရပါတယ်။
အဲ့ဒီအလုပ်လုပ်တာတွေက တစ်လကို ယန်း ၅၀၀ ရပါတယ်။
နေ့စဥ်ရတာမဟုတ်ပဲနဲ့ လစဥ် အလုပ်လုပ်ပြီး ရတာဖြစ်ပါတယ်။
ဘာမှမရတာထက်စာရင် လို့ပဲပြောရပါတော့မယ်။
အဲ့ဒီပိုက်ဆံတွေကို ဘယ်မှာသုံးလဲ ?
ဆိုတာကတော့ ထောင်ထဲမှာ သုံးတဲ့ ပစ္စည်း တွေမှာသုံးပါတယ်။
အိမ်သာသုံးစက်ကူ အရွက် ၃၀၀ နဲ့ ရေချိုးဆပ်ပြာ တစ်လကို တစ်တုံးဝယ်ရပါတယ်။
သွားတိုက်တံကို ၂လမှာ တစ်ကြိမ် ဝယ်ရပါတယ်။
ပဝါအပါးလေးကို ၃လမှာတစ်ကြိမ်ပဲ ဝယ်ရပါတယ်။
ပြီးတော့ ကိုယ့်အတွက်လိုအပ်တဲ့ အရာတွေကို မဝယ်လို့ မရပါဘူး။
ပိုက်ဆံမရှိပဲ ထောင်ထဲကို ဝင်ရင်မဖြစ်ဘူး ဆိုတာက တော်တော်လေးကို ခက်ခက်ခဲခဲ အသက်ရှင်ရပါတယ်။
လတ်တလော ဂျပန်မှာ မဟုတ်တာလုပ်နေတဲ့ မြန်မာတွေလည်းရှိမယ်ထင်ပါတယ်။
ပြစ်မှုတစ်ခုခုကို ကျူးလွန်ထားလို့ အဖမ်းခံရရင် မဖြစ်အနေ ခက်ခဲကြမ်းတမ်းတဲ့ ထောင်ထဲ ကို သွားရမှာဖြစ်တဲ့ အတွက်
ပြစ်မှုမကျူးလွန်ကြဖို့ သတိပေးချင်ပါတယ်။