ဂျပန်နိုင်ငံက convenience store ကို နိုင်ငံခြားသားတွေ အလွန်ချီးကျူးကြတယ်။ ဘာကွာလို့လဲ?

Convenience store တွေဟာ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာရှိကြပါတယ်။ ဂျပန်မှာတော့ အတိုချုပ်အနေနဲ့ ကွန်ဘိနိ လို့ပဲခေါ်ကြပါတယ်။ ဒီလိုလုပ်ငန်းတူတွေဟာ ကမ္ဘာတစ်ဝှမ်းမှာရှိနေတာတောင်မှ ဘာကြောင့် ဂျပန်နိုင်ငံကကွန်ဘိနိကို နိုင်ငံခြားသားတွေက ချီးကျူးကြတာလဲ?
ဂျပန်နိုင်ငံက ကွန်ဘိနိ တို့ရဲ့အံ့အားသင့်စရာကောင်းတဲ့အချက်တွေကို ကြည့်ကြရအောင် …

ထမင်းဘူးတွေရဲ့ အပြင်အဆင်ကလှပပြီး အရသာလည်းရှိတယ်။

https://img.sirabee.com/wp-content/uploads/2021/03/sirabee20210228familymart_bento2-scaled

ပထမအချက်အနေနဲ့ ဒီထမင်းဘူးတွေကို တော်တော်များများက အရည်အသွေးကောင်းတယ်လို့ပြောကြပါတယ်။

ဟုတ်ပါသလား?

အရမ်းလှပတဲ့ထမင်းဘူးလေးတွေ…။ အရသာမှာဆိုလည်း ပါဝင်ပစ္စည်းရဲ့ သဘာဝအရသာကိုပဲအခြေခံထားပြီး၊ ဘာပဲဖြစ်ဖြစ် စာသောက်ဆိုင်တွေမှာ သွားစားတာထက်စာရင် ဈေးသက်သာပါတယ်။

၂၄ နာရီလုံးအချိန်မရွေးဝယ်ယူနိုင်တာကလည်း အားသာချက်တစ်ခုပါပဲ…။

ဒီအပြင် Sobaဆိုဘ ခေါက်ဆွဲများကိုပါ ခင်းကျင်းရောင်းချထားပါတယ်။

https://www.handamen.com/wp-content/uploads/2023/11/202311245

ခေါက်ဆွဲသားနဲ့ ဟင်းရည်ကို သီးခြားစီခွဲထားတဲ့အတွက် ခေါက်ဆွဲသားဟာ ဟင်းရည်နဲ့ပွသွားမှာကို စိုးရိမ်စရာမလိုပါဘူး။ ဒီလိုမရောနှောသွားအောင် အလွယ်တကူပဲ ထုတ်ပိုးနိုင်တယ်ဆိုတာကတော့ ဥာဏ်ကြီးရှင်ဂျပန်တို့ရဲ့ နည်းစနစ်တစ်ခုပါပဲ။

အချိုပွဲတွေရဲ့ ပြီးပြည့်စုံမှုကလည်း အံ့မခမ်းပင်။

https://www.domremy.com/wp/wp-content/uploads/2024/01/eb5b67604943f9365c4481155795f557

ကိတ်မုန့်ဆိုင်တောင် သွားစရာမလိုလောက်အောင်ပင် ကွန်ဘိနိကအချိုပွဲတွေဟာ အလွန်ပြီးပြည့်စုံလွန်းပါတယ်။

ညသန်းခေါင်ယံမှာတောင် ဒီလိုအရည်အသွေးနဲ့အချိုပွဲကို ဝယ်ယူနိုင်တယ်ဆိုတာကတော့ ဝိတ်ချခြင်းအတွက် ရန်သူပါပဲ။

အိမ်သာ
မြို့ပေါ်ကကွန်ဘိနိမှမဟုတ်ဘဲ အခြားသော တော်တော်များများကွန်ဘိနိတွေဟာ အိမ်သာကို အသုံးပြုခွင့်ပေးပါတယ်။ ရုတ်တရက်မထင်မဲ့ဘဲ ဗိုက်နာလာတဲ့အချိန် တကယ်ကျေးဇူးတင်စရာပဲနော်။

 

Print – copy – scan – fax စသည့်ဘက်စုံသုံးနိုင်သည့်စက်

https://img.cf.47news.jp/public/photo/6c41b22fc90e878157201bfafe599aae/photo

ယခင်က Print ထုတ်ခြင်းတစ်ခုပဲအသုံးပြုနိုင်ခဲ့တဲ့စက်ဟာ ယခုအချိန်မှာတော့ တခြားအရာတွေကိုပါ အသုံးပြုလို့ရနေပါပြီ။ copy လုပ်ခြင်းနဲ့ fax အသုံးပြုခြင်းကိုတော့ အားလုံးသိကြလိမ့်မယ်လို့ထင်ပါတယ်။ သို့သော်ယခုမှာတော့ လက်မှတ်ရောင်းချခြင်း၊ ဘောလုံးထီရောင်းချခြင်း၊ အာမခံစာရင်းသွင်းခြင်း၊ အစိုးရဝန်ဆောင်မှု(ဥပမာ-မြို့နယ်အစိုးရက ပြည်သူတွေကိုပေးအပ်တဲ့ ပင်စင်၊ ကလေးထောက်ပံ့ကြေး၊ လူမှုဖူလုံရေး၊ စွန့်ပစ်အမှိုက်များရှင်းလင်းခြင်း)စတဲ့ စာရွက်စာတမ်းတောင်းဆိုမှုများ…
ဒီအပြင် အင်တာနက်ပေါ်က Print ထုတ်ချင်တဲ့စာရွက်စာတမ်းကိုပါ ဤစက်များမှာထည့်သွင်းထားပြီး၊ ကွန်ဘိနိကစက်မှာ ခလုတ်ကိုရွေးချယ်လိုက်ရုံနဲ့ စာရွက်စာတမ်းတွေကို လက်မှာကိုင်ဆောင်သွားစရာမလိုတော့ဘဲ ဂျပန်တစ်နိုင်ငံလုံးမှာ Print ထုတ်နိုင်နေပြီပဲဖြစ်ပါတယ်။

နည်းပညာတွေက အရမ်းကောင်းလွန်းလို့ ဂျပန်မှာခဏလောက်မရှိခဲ့တဲ့ကျွန်တော့အတွက်တော့ အသုံးပြုနည်းကိုပင် နားမလည်တော့တဲ့ စက်တွေအဖြစ် ပြောင်းလဲလာပါတယ်။

အခြားသော convenience store တွေမှာမရှိတဲ့ ဒီလိုအဆင်ပြေမှုတွေကို ထည့်သွင်းထားတဲ့ရလဒ်အနေနဲ့ ဂျပန်ရဲ့ ကိုယ်ပိုင်ဟန်က ပိုပြီးရှုပ်သွားသလိုပါပဲ။ တော်လိုက်တာနော်…

ဒီလိုမျိုးအဆင်ပြေသလိုပဲ၊ ဒီစက်တွေကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တဲ့လူ ဘယ်နှစ်ယောက်ရှိပါသလဲ။

 

ပိုပြီးအံ့သြစရာကောင်းတာက ဒီလိုကွန်ဘိနိမှာအလုပ်လုပ်နေတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေဖြစ်ပါတယ်။

ဗီယက်နမ်လူမျိုးတွေပိုများတယ်လို့ပြောကြပါတယ်။ ဆေးလိပ်၊ မုန့်မျိုးစုံ စတဲ့ကုန်ပစ္စည်းပေါင်းများစွာရှိပြီး၊ အလုံးစုံသုံးနိုင်တဲ့ ကွန်ဘိနိရဲ့ငွေရှင်းကောင်တာနဲ့ ဘတ်စုံသုံးစက်တွေ…
ဒါတွေကို ဈေးဝယ်သူအားရှင်းပြရမယ့်အလုပ်ကို နိုင်ငံခြားသားတွေကလုပ်နေတယ်ဆိုတော့ လုံးဝကိုအံ့အားသင့်စရာပါပဲ…

ဂျပန် convenience store တွေမှာ အထူးခြားဆုံးနဲ့ အံ့အားသင့်စရာအကောင်းဆုံးအရာကို ပြပါဆိုရင်တော့ ဒီနိုင်ငံခြားသားဝန်ထမ်းတွေပါပဲခင်ဗျာ….

 

ABE KENGO

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: