ငွေရှာရလွယ်တဲ့ မြို့နယ်စီရင်စုတွေက ဘာတွေလဲ? ပျမ်းမျှတစ်နှစ်ဝင်ငွေကို နှိုင်းယှဥ်ကြည့်ထားပါတယ်

ဂျပန်မှာ ပိုက်ဆံသွားရှာမယ်! လို့တွေးတဲ့အချိန် ဘယ်နေရာကိုသွားမယ်လို့ တွေးမိပါသလဲ?

တိုကျို၊ အိုဆာကာ စတဲ့ မြို့ကြီးတွေကိုပဲ သွားချင်မှာပေါ့နော်?

မြို့ကြီးတော့ အလုပ်တွေလည်း အများကြီးရှိပြီး၊ ငွေအများကြီး ရှာနိုင်နေတဲ့သူတွေလည် ရှိတာပါပဲ။

သို့သော် ပျမ်းမျှကြည့်လိုက်ရင် ဒါက မှားနေတယ်ဆိုတာ မြင်လာရပါတယ်

 

ဒီဇယားကိုကြည့်လိုက်ပါ

စီရင်စုအသီးသီးအလိုက် ပျမ်းမျှဝင်ငွေကို ပြထားတာပါ

နံပါတ် 1 ကတိုကျိုဆိုတာကတော့ လူတိုင်းလက်ခံနိုင်ပါတယ်

ဒါပေမယ့် ဒါကရှာရတဲ့ငွေပါ၊ ကုန်ဈေးနှုန်းဈေးကြီးတာကြောင့် ဒီလောက်ရှာနိုင်တာနဲ့ သူဌေးဖြစ်ပြီလား? ဆိုရင်တော့ ပြောရခက်ပါတယ်

Kanagawa စီရင်စု၊ Chiba စီရင်စုတွေဟာလည်း တိုကျိုထဲမှာ ပါတာပါပဲ

တိုကျိုလောက်လည်း အိမ်ငှားခဈေးမကြီးလို့ ဒီနေရာတွေမှာဆိုရင် ပိုလို့တောင် စုမိမှာပါပဲ?

 

နောက်ဆုံးက Okinawa ကလည်း မြင်သာပါတယ်

တိုကျိုနဲ့ယှဥ်လိုက်ရင် ယန်း ၁၀ သိန်းတောင်နည်းပါတယ်

အဲ့ဒီအတွက် ဈေးကလည်းနည်းပါတယ်

သက်သက်သာသာ နေနိုင်တာကလည်း ပျော်စရာတစ်ခုပါပဲ

 

ပြဿနာက နံပါတ် 21 ဖြစ်တဲ့ အိုဆာကာပါပဲ

တိုကျိုပြီးရင် မြို့ကြီးစာရင်းဝင်ဖြစ်တဲ့ Osaka က 21 ဆိုတာကတော့ အထီးကျန်ဖွယ်ပါပဲ

ကြိုးစားပါ Osaka ရေ

 

သတိမူစေချင်တာကတော့ နံပါတ် 8 Yamaguchi စီရင်စု၊ နံပါတ် 10 Shiga စီရင်စု၊ နံပါတ် 11 Mie စီရင်စု တို့ပဲဖြစ်ပါတယ်

ဒီမြို့တွေဟာ မြို့ကြီးတွေလို့ ပြောနိုင်လောက်တဲ့ အနေအထားမရှိဘဲ အမြင့်ပိုင်းထဲ‌ရောက်နေတာပါ

ဒီနေရာတွေမှာ မနေဘူးတော့ မသိပေမယ့်၊ တိုကျို တို့ အိုဆာကာ တို့နဲ့ယှဥ်ကြည့်လိုက်ရင်တော့ ကုန်ဈေးနှုန်းသက်သာပုံပါပဲ

 

ဟမ်?

တိုကျိုထက်ငွေစုရလွယ်မှာပေါ့?

မြို့ကြီး = ငွေရမယ်

ဆိုတဲ့ အတွေးကို လွှင့်ပစ်လိုက်တာ ကောင်းမယ်ထင်ပါတယ်

အခု အွန်လိုင်းရှော့ပင် တွေမှာ ဂျပန်တစ်နိုင်ငံလုံးကို ပစ္စည်းတွေပို့ပေးလို့၊ မြို့ကြီးမှ ဆိုတဲ့အတွေးဟာလည်း မရှိမဖြစ်ဆိုတာ မရှိတော့ပါဘူး။

 

ပြီးတော့ ကြောက်ဖွယ်ကောင်းလှတဲ့ အမှန်တရားကို ဒီဇယားကနေ မြင်ရပါသေးတယ်

အစိမ်းရောင်နေရာတွေကို ကြည့်လိုက်ပါ

အရင်တစ်ခေါက် တွက်ချက်ခဲ့တဲ့ ပျမ်းမျှဝင်‌ငွေပါ

ယှဥ်ကြည့်လိုက်ရင် စီရင်စုတော်တော်များများမှာ မနှစ်ကနဲ့ယှဥ်ရင် ဝင်ငွေတွေလျော့ကျလာပါတာ မြင်ရတယ်မဟုတ်လား?

 

ကိုရိုနာကြောင့်လည်း ပါတာတော့ဟုတ်ပေမယ့်၊ အဆင်ရောပြောပါ့မလား? ဂျပန်နိုင်ငံက?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: