ရုပ်ရှင်လောကကနေ လိင်အကြမ်ဖက်မှုပပျောက်စေ။ ဂျပန်ရုပ်ရှင်လောကကိုကာကွယ်ဖို့ လှုပ်ရှားလူတစ်စု ထွက်ပေါ်လာ။

“ ရုပ်ရှင်ခေါ်ရိုက်ပေးမယ်” ဒီလိုစကားအစချီပြီး အဲ့ဒီအစား သူနဲ့အိပ်ပေးရမယ်။ တစ်နည်းအားဖြင့် လိင်ဆက်ဆံဖို့တောင်းဆိုလာတဲ့ ပါဝါရှိသူတစ်စုရှိပါတယ်။ ဒါဟာ ဖျော်ဖြေရေးလောကမှာတော့ ဖြစ်လေ့ရှိတယ်ဆိုတာကို သာမန်လူဖြစ်တဲ့ကျွန်တော်လည်းကြားမိပါတယ်။
ကြားရုံပဲကြားမိတာပါ။ တကယ်ဟုတ်မဟုတ်တော့ မသေချာခဲ့ပါဘူး။

လက်ရာကောင်းတစ်ခုအဖြစ် နိုင်ငံခြားကနေတောင်အသိအမှတ်ပြုခံရတဲ့ရုပ်ရှင်။
ဒီရုပ်ရှင်တွေကိုဖန်တီးရိုက်ကူးတဲ့ဒါရိုက်တာတွေဟာ အထူးသဖြင့် အင်အားပါဝါ ကြီးကြပါတယ်။
ဒီအပြင် ဒီလိုဒါရိုက်တာတွေရိုက်ကူးတဲ့ရုပ်ရှင်ထဲမှာ ပါဝင်ချင်တဲ့မိန်းကလေးတွေမှ တစ်ပုံကြီးပဲဆိုတာကို အထူးတလည်ပြောနေစရာတောင်မလိုပါဘူး။

“ ငါနဲ့အတူအိပ်ပေးရင် မင်းသမီးတင်ပေးမယ်”

ဒါဟာ ထုံးစံတစ်ခုပါပဲလို့သဘောတူညီပြီး မင်းသမီးဖြစ်လာတဲ့လူတွေ ရှိပါတယ်။

အမေရိကန်မှာလည်း ဒီလိုကိစ္စတွေသတင်းထဲမှာ မကြာခဏပါလာတဲ့အတွက် ဂျပန်အတွက်အထူးအဆန်းမဟုတ်ပေမဲ့၊ အမှန်တကယ်ရုပ်ရှင်လောကမှာ ကြိုးစားနေတဲ့လူတွေအထဲက ဒီလိုဖြတ်လမ်းနည်းလိုက်သူတွေရှိနေခြင်းက အားလုံးအတွက်ထိခိုက်နစ်နာစေပါတယ်။

ရုပ်ရှင်လောက,က ဒီလိုလူတွေချည်းပါပဲ..
ဆိုပြီး ဝါးလုံးရှည်နဲ့ပတ်ရမ်းခံရပါတော့တယ်။

ဒီတစ်ခေါက်ကိစ္စမှာ ဒေါသထွက်ကြတဲ့ နာမည်ကြီးရုပ်ရှင်ဒါရိုက်တာတွေဟာ ပူးတွဲအမည်နဲ့ “ ရုပ်ရှင်ဒါရိုက်တာဆိုတဲ့နေရာကို ချနင်းတဲ့အကြမ်းဖက်မှုအားလုံးကို ကန့်ကွပ်ဆန့်ကျင်တယ်” ဆိုပြီးထုတ်ပြန်လိုက်ပါတယ်။

ဂျပန်ရုပ်ရှင်လောက၊ ဖျော်ဖြေရေးလောကမှာ ဒီတစ်ခေါက်ပြဿနာဟာ အတော်လေးဟိုးလေးတကြော်ဖြစ်သွားပါတယ်။
စကားမစပ် ဂျပန်ရုပ်ရှင်လောကဟာ ဖြူစင်တဲ့ပုံရိပ်ကို ပြန်ယူဆောင်လာနိုင်ပါ့မလား?

ယောက်ျားလေးဘက်က မင်းသားဖြစ်ဖို့ ဒီလိုကိစ္စတွေမလုပ်ဘူးဆိုတာသေချာပေမဲ့၊ မိန်းကလေးဘက် စပြီးမြူဆွယ်လာတာမျိုးလည်းရှိတတ်ပါတယ်။
ဂျပန်စကားမှာဆို 枕営業(まくらえいぎょう)Pillow business လို့ခေါ်ပါတယ်။ ခန္ဓာကိုယ်ကိုအသုံးချပြီး အလုပ်ရှာတယ်ဆိုတာမျိုးပေါ့…

ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်တဲ့အနုပညာရှင်ဖြစ်ချင်တယ်။ ဒီလိုစိတ်တစ်ခုတည်းနဲ့လုပ်လိုက်ကြသလို၊ အတင်းအကြပ် rape လုပ်တာမျိုးမဟုတ်တဲ့အတွက် မငြင်းနိုင်ပေမဲ့၊ ဒီလိုလူတွေ ရှိနေသရွေ့၊ ဒါဟာထုံးစံပဲ(မိမိနဲ့အိပ်ပေးရမယ်)လို့တွေးမယ့်အမျိုးသားတွေ ရှိနေမှာဖြစ်ပါတယ်။

နောက်ပြီး ဒါဟာရုပ်ရှင်လောကတစ်ခုတည်းမှမဟုတ်ပါဘူး။
စာချုပ်ချုပ်ချင်တဲ့ အာမခံလုပ်ငန်းတို့၊ ပြင်းထန်တဲ့ယှဥ်ပြိုင်မှုအတွင်းမှာရှိနေတဲ့လုပ်ငန်းတွေကိုလည်း မေးခွန်းထုတ်ရမယ့်ပြဿနာဖြစ်တယ်။

ယောက်ျားလေးတွေတော့ ကိုယ်ခန္ဓာအရင်းအနှီးမလုပ်ဖို့သေချာတဲ့အတွက် မပြောလိုပေမဲ့၊ အမျိုးကောင်းသမီးတွေအတွက်တော့ မိမိကိုယ်ခန္ဓာကိုစောင့်ရှောက်ဖို့ ထပ်လောင်းမှာကြားချင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: