အင်တာနက်ပေါ်မှာ ကြမ်းတမ်းတဲ့စကားတွေပြောဆိုပြီးနောက် စပွန်ဆာဆုံးရှုံးသွားရတဲ့ gamer မိန်းကလေးတစ်ဦး။

“口は災いの元” (ခုချိဝ ဝါဇဝါအီနော့ မိုတို) ဆိုတဲ့ ဂျပန်ဆိုရိုးစကားတစ်ခုရှိပါတယ်။
ပေါ့ပေါ့ပါးပါးပြောလိုက်တဲ့စကားတစ်ခွန်းဟာ ဒုက္ခအကြီးအကျယ်ရောက်သွားစေပြီး ကိုယ့်ဆီကိုပဲပြန်ရောက်လာတတ်တယ် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်အဲ့ဒီလိုကြုံလိုက်ရတဲ့ လူတစ်ဦးရှိပါတယ်။

 

http://blog.livedoor.jp/dqnplus

သူမကတော့ Pro gamer တစ်ယောက်အနေနဲ့ရပ်တည်ခဲ့တဲ့ Tanukana ဆိုတဲ့မိန်းကလေးဖြစ်ပါတယ်။
မိန်းကလေး Pro gamer အချောလေးအဖြစ်နာမည်ကြီးပြီး၊ တကယ်လည်းတော်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။
စပွန်ဆာအဖွဲ့တစ်ခုကပိုင်တဲ့အသင်းမှာ ပရော်ဖက်ရှင်နယ်ဂိမ်းကစားသူဖြစ်လာပြီး သူမအရမ်းနှစ်သက်တဲ့ဂိမ်းမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ဆော့နိုင်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူမရဲ့ ပြင်းထန်တဲ့စကားဟာ အင်တာနက်ပေါ်မှာပျံ့နှံ့သွားပြီး သူမကိုအကြီးအကျယ် ဒုက္ခရောက်သွားစေခဲ့ပါတယ်။

http://fgamers.saikyou.biz/?たぬかな#.YhLlAS_3Ljw

 

အရပ် 170cm လောက်မှမရှည်တဲ့ယောကျ်ားဆိုရင် လူရာမဝင်ဘူး။
ရှည်အောင်ခွဲစိတ်လိုက်ပါအုံ…

ဒီလိုပြောပြီးမကြာပါဘူး။ ဒုက္ခရောက်တော့တာပါပဲ။
သူမပြောလိုက်တဲ့စကားဟာ အသွင်အပြင်မှာ လူ့အခွင့်အရေးမရှိဘူး။ တစ်နည်းအားဖြင့် လူမဟုတ်ဘူးလို့ ပြောလိုက်တဲ့ပုံစံမျိုးက လွန်လွန်းပါတယ်။
ဒီအပြင် သူမဟာ မိန်းကလေးအချင်းချင်းကိုလည်း တိုက်ခိုက်ပါတယ်။

A cup ရော B cup ရော လူရာမဝင်ဘူး။

ဒီစကားမှာမိန်းကလေးတွေ တော်တော်များများဒေါသထွက်ကုန်ကြပါတယ်။
မြန်မြန်ပြန်တောင်းပန်ခဲ့ပေမဲ့ ပြန်ပြင်လို့မရတော့ပါဘူး။

သူမပါဝင်တဲ့အသင်းဖြစ်တဲ့ CYCLOPS athlete gaming ဟာ ချက်ချင်းပဲတုံ့ပြန်ခဲ့ပါတယ်။
တောင်းပန်ခြင်းနဲ့အတူ သူမရဲ့ ကစားသမားစာချုပ်ကိုဖျက်သိမ်းလိုက်ပါတယ်။

ဒါနဲ့ပဲ သူမအလုပ်ပြုတ်သွားပါတော့တယ်။
Tanukana ဟာ တစ်ချိန်ကအရမ်းအောင်မြင်တဲ့ gamer တစ်ယောက်ဖြစ်ခဲ့ပေမဲ့၊ အခုတော့ ဂိမ်းမှာအရမ်းတော်တဲ့မိန်းကလေး ဆိုတဲ့နာမည်သာကျန်ခဲ့ပါတယ်။ gamer ဘဝမှာ ဆက်ပြီးမကျင်လည်နိုင်တော့ဘူး။

သို့သော်သူမကို Adult video လုပ်ငန်းတစ်ခုက လာဆက်သွယ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီးသူမဟာ “ ယန်းသန်း ၁၀၀ ဒါမှမဟုတ် အဲ့ဒီထက်ပိုပေးရင်လုပ်မယ်” လို့ပြောလိုက်ပါတယ်။

ရှေ့ဆက်ဘယ်လိုဖြစ်လဲတော့မသိပေမဲ့၊ သေသေချာချာမစဉ်းစားဘဲပြောလိုက်တဲ့ ကြမ်းတမ်းတဲ့စကားဟာ သူမရဲ့ဘဝကို ကြီးကြီးမားမားပြောင်းလဲလိုက်တာကတော့ သေချာပါတယ်။

口は災いの元 “ ခုချိဝ ဝါဇဝါအီနော့ မိုတို”
(နှုတ်ခမ်းဟာ ပျက်စီးခြင်းရဲ့အစပဲ)

အားလုံးလည်းသတိထားကြပါ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: