ဝင်ငွေနည်းလို့ စိတ်ညစ်နေပါသလား? နေအိမ်မှာပဲ Shiitake မှိုစိုက်ပါ။

ကိုရိုနာကပ်ရောဂါဟာ စီးပွားရေးဆုတ်ယုတ်မှုအပေါ် အလွန်သက်ရောက်မှုရှိခဲ့ပါတယ်။ စာဖတ်သူတို့အထဲမှာ လစာဖြစ်ဖြစ် ဘောနပ်စ်ဖြစ်ဖြစ် လျော့သွားတဲ့လူရှိပါသလား?

လစာနည်းသွားပါတယ်။ ဒါပေမဲ့ အိမ်မှာပဲအလုပ်လုပ်ရတဲ့အတွက် အချိန်ကုန်တော့သက်သာပါတယ်။ အဲ့ဒီထဲမှာ စီးပွားရေးအမျိုးမျိုးပေါ်လာပေမဲ့၊ ဒီတစ်ခေါက်ပြောပြမယ့် စီးပွားရေးကတော့ ဒါပဲဖြစ်ပါတယ်။

www.olive-hitomawashi.com

 

ဟုတ်ပါတယ် shiitake မှိုပါ။
shiitake မှိုဟာ သူ့ကိုကရုမစိုက်ဘဲပစ်ထားလည်း ရောင်းလို့ရမယ်အနေအထားဆို နုတ်ပြီးရောင်းရင် လစဉ်ယန်း ၃ သောင်းလောက် ဝင်ငွေရှာပေးနိုင်ပါတယ်။ ဘယ်လိုလဲဆိုတာဆက်ကြည့်ရအောင်…

နေအိမ်မှာ ဟင်းသီးဟင်းရွက်စိုက်ပြီး လိုင်းပေါ်ကနေရောင်းချသူတွေ တော်တော်များများရှိပါတယ်။ ဘွန်ဇိုင်းအပင်တွေ ရောင်းတဲ့သူတောင်ရှိပါတယ်။

သို့သော် ဒါကအနည်းငယ်လက်ဝင်တဲ့အတွက် လုပ်ငန်းအနေနဲ့လုပ်မယ်ဆိုရင်တော့ စိန်ခေါ်မှုများပါလိမ့်မယ်။ ဒါပေမဲ့… shiitake မှိုကတော့ အပျော်သဘောမျိုးနဲ့လည်းစိုက်လို့ရပါတယ်။ စိုက်ထားတဲ့အတွဲလိုက်ကိုဝယ်ပြီး ကရုမစိုက်ဘဲပစ်ထားမယ်ဆိုရင်တောင် သူ့ဟာသူတစ်ဖြည်းဖြည်း ပွားလာမှာဖြစ်ပါတယ်။

www.umaies.net

shiitake မှိုလို့ပြောလိုက်ရင် shiitake မှိုအခြောက်ကို ပုံမှန်အသုံးများပေမဲ့၊ shiitake မှိုအစိမ်းက ပိုပြီးတန်ဖိုးရှိပါတယ်။ လတ်ဆက်မှုကအရေးကြီးဆုံးမို့လို့ ဂျပန်တောင်တန်းဒေသတွေကိုသွားတဲ့အခါ၊ shiitake မှိုအစိမ်း ကင်ပြီးသားတွေကို ဈေးကြီးကြီးနဲ့ရောင်းချကြပါတယ်။ အဲ့ဒီလိုတန်ဖိုးရှိတဲ့ shiitake မှိုအစိမ်းတွေကို အိမ်မှာတင် စိုက်နိုင်လာကြမှာဖြစ်ပါတယ်။

ဒါကိုလိုင်းပေါ်မှာရောင်းချတဲ့အခါ ၁ ကီလိုကို ယန်း ၂၀၀၀ လောက်ရတယ်လို့ သိရပါတယ်။

www.olive-hitomawashi.com

Work from home နဲ့အိမ်မှာပဲနေကြတဲ့ခေတ်ကာလကြီးမှာ၊ အဓိကအလုပ်ကိုလုပ်နေရင်းနဲ့ တစ်ဖက်တစ်လမ်းကနေလည်း shiitake မှိုကိုစိုက်မယ်ဆို အားတဲ့အချိန် မှိုကိုပြေးကြည့်လိုက်၊ အလုပ်ကလေးလုပ်လိုက် မှိုကြီးလာတဲ့အခါနုတ်ပြီး လိုင်းပေါ်ကနေရောင်းလိုက်နဲ့ တကယ်ကိုအဆင်ပြေပါတယ်။

လစဉ်ယန်း ၃ သောင်းထိ ရောင်းရသူတောင် ရှိပါတယ်။

shiitake မှိုစိုက်ပျိုးခြင်းဟာ တကယ့်ကိုစီးပွားရေးလုပ်ငန်းတစ်ခုလိုပါပဲ။
သင်လည်း အိမ်မှာလက်တွေ့လုပ်ကြည့်ပါ။

 

nhfleur.com

အကယ်၍ရောင်းမကုန်ခဲ့ရင်ရော? ဆိုတဲ့မေးခွန်းအတွက်ကတော့
အရသာရှိမယ့်ဟာ တစ်ခုခုအဖြစ်လုပ်စားပစ်လိုက်ပါ။
နည်းပေမဲ့လည်း အိမ်ရဲ့ဈေးဖိုးတော့ ကာမိမယ်ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: