ဝန်ထမ်းတွေကို လေယာဉ်နဲ့အလုပ်တက်ဖို့ စီစဉ်ပေးလိုက်တဲ့ YAHOO! JAPAN

ကိုရိုနာကပ်ရောဂါကြောင့် အိမ်ကနေပဲအလုပ်လှမ်းတက်ကြမယ်ဆိုပြီး တောင်းဆိုကြတာကြောင့် ရုံးတက်ရမယ့်နေ့တွေနည်းသွားတဲ့ ကုမ္ပဏီတွေ များလာပါတယ်။
အထူးသဖြင့် IT system မှာ အိမ်ကနေအလုပ်လုပ်ရသော်လည်း ဝန်ထမ်းတွေရဲ့ IT တတ်ကျွမ်းမှုစွမ်းရည်က မြင့်မားတဲ့အတွက် error တက်ပေမဲ့ ပြဿနာအနည်းအကျဉ်းသာ ရှိပါတယ်။
သို့သော် လက်တွေ့အခြေအနေမှာတော့ တစ်ပတ်ကိုအကြိမ်ပေါင်းများစွာ၊ ၁ လမှာအကြိမ်ပေါင်းများစွာ အလုပ်တက်ဖို့လိုအပ်နေပါတယ်။ အိမ်မှာပဲအလုပ်လုပ်ပြီး အားလုံးကိုပြီးပြည့်စုံစေဖို့ကတော့ နည်းပညာနဲ့အတူ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကပါ အောက်ခြေအထိမရောက်သေးဘူးလို့ ထင်ပါတယ်။

Work from home ဟာ အထူးအခွင့်အရေးပါ။
ဒါကြောင့် ဝေးလံခေါင်သီတဲ့နယ်ဘက်မှာ အေးအေးဆေးဆေး နေပြီးအလုပ်လုပ်ချင်ကြတဲ့လူတွေ အများကြီးရှိပေမဲ့၊ လက်တွေ့မှာတော့ ခက်ခဲပါတယ်။

ဒါပေမဲ့ YAHOO! JAPAN ဟာ စနစ်သစ်ကို ပြောင်းလဲလိုက်ပါပြီ။
ဂျပန်ပြည်တွင်း ဘယ်နေရာမှာပဲနေနေ အဆင်ပြေတယ်လို့ ကြေငြာလိုက်ပါတယ်။
Work from home ကိုဦးတည်ပြီး၊ သယ်ယူပို့ဆောင်ရေးစာရိတ်ကို ၁ လ ယန်း ၁၅ သောင်းအထိထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။ အလုပ်တက်ရမယ့်နေ့မှာ ထိုယန်း ၁၅ သောင်းနဲ့ လေယာဉ်စီးနိုင်ပါတယ်။

ရည်ရွယ်တဲ့လူတွေကတော့ တရားဝင်ဝန်ထမ်း၊ စာချုပ်ချုပ်ဆိုထားတဲ့ ဝန်ထမ်း၊ ယာယီဝန်ထမ်း အားလုံးပေါင်း လူ ၈၀၀၀ ဦးဖြစ်ပါတယ်။
တော်တော်လေး မိုက်တဲ့သတင်းပါ။

https://www.news24.jp/

တကယ်တော့ ကျွန်တော်လည်း လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက YAHOO!JAPAN မှာ အလုပ်ဝင်ခဲ့ဖူးပါတယ်။
အဲ့ဒီအချိန်က သူဌေးက ကျည်ဆန်ရထားနဲ့အလုပ်တက်တာဗျ။
ကျည်ဆန်ရထားဆိုတော့ ခရီးစာရိတ်ကြီးတာပေါ့… သာမှန်ကုမ္ပဏီမှာတော့ ခွင့်မပြုပေးပါဘူး။
ဒါပေမဲ့ အဆင်ပြေခဲ့တယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ကတည်းကပါ။

မိုက်တယ်နော် ဒီကုမ္ပဏီတော်တော်အမြတ်ရှိလို့ဖြစ်မယ်လို့ တွေးမိခဲ့ပေမဲ့၊ ဒီတစ်ခေါက်ကတော့ အဲ့ဒီထက်သာသွားပါပြီး…
ဘာတဲ့ လေယာဉ်နဲ့အလုပ်တက်နိုင်ပြီတဲ့..

အဲ့ဒီအတွက်တော့၊ ရုတ်တရက် အလုပ်တက်ဖို့အမိန့်ကို တားမြစ်သလို၊ အလုပ်တက်ရမည့်နေ့ကို ၂ ရက်ကြိုတင်အသိပေးဖို့လိုအပ်ပါတယ်။
ဒါဆိုရင်တော့ ဟော့ကိုင်းဒိုးမှာပဲဖြစ်ဖြစ် အိုကီနာဝါမှာပဲဖြစ်ဖြစ် မိမိကြိုက်နှစ်သက်ရာနေရာမှာ နေနိုင်ပါပြီး။

ဝန်ထမ်းတွေကို Work from home ကိုအပြည့်အဝခံစားစေတဲ့ ကြိုးပမ်းမှုဖြစ်ပေမဲ့၊ မျှော်လင့်တဲ့အတိုင်း Work from home ကြောင့် အလုပ်စွမ်းဆောင်ရည်က တိုးတက်လာပါ့မလား?
ဝန်ထမ်းအသစ်တွေကိုရော အလုပ်သင်ပေးဖို့ဖြစ်နိုင်ပါ့မလား?

အဲ့ဒီရလဒ်ကတော့ နှစ်အနည်းငယ်အတွင်းမှာ ထွက်လာမှာပါ။
ဝန်းထမ်းအားလုံးက Work from home နဲ့ပဲဖြစ်သွားမယ်ဆို၊ ပုံမှန်နေ့စဉ်ဘဝမှာ အချိန်ပိုတွေထွက်လာလို့ တစ်မျိုးကောင်းပေမဲ့၊ အလုပ်အတွက်ရော ရလဒ်ကောင်းတွေထွက်လာနိုင်မလား?
စာဖတ်သူတို့ရော ဘယ်လိုထင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: