HONDA、LAST RUN

ဂျပန်နိုင်ငံမှာတော့ TOYOTA၊ NISSAN၊ HONDA၊ MAZDA၊ SUZUKI၊ DAIHATSU ဆိုတဲ့ ကားကုမ္ပဏီတွေ အများကြီးရှိပါတယ်။
အဲ့ထဲကမှ ပြိုင်ကားအရောင်အသွေးအကောင်းဆုံးက HONDA ဖြစ်မယ်လို့ထင်ပါတယ်။
HONDA ရဲ့ Formula 1 နောက်ဆုံးပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဒူဘိုင်းမှာ ကျင်းပခဲ့ပါတယ်။
ပြိုင်ပွဲနေ့မှာ ဂျပန်နိုင်ငံထုတ် သတင်းစာမှာ ဖော်ပြထားတာကတော့ အောက်ကကြော်ညာပုံဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ် Ferrari
ကျေးဇူးတင်ပါတယ် Lotus
ကျေးဇူးတင်ပါတယ် Brabham
ကျေးဇူးတင်ပါတယ် McLaren
ကျေးဇူးတင်ပါတယ် Renault
ကျေးဇူးတင်ပါတယ် Mercedes
ကျေးဇူးတင်ပါတယ် TOYOTA

Formula 1 မှာ စတင်ယဉ်ပြိုင်ချိန် ၁၉၆၄ ခုနှစ်ကကစလို့ ဒီနေ့ဒီချိန်အထိ ယှဥ်ပြိုင်ခဲ့တဲ့ပြိုင်ဘက်များကို ကျေးဇူးတင်လျက်ရှိတယ်။
အားပေးကူညီကြသူအားလုံး
ယာဥ်မောင်းအားလုံး
ခက်ခဲကြမ်းတမ်းတဲ့အချိန်ကို အတူဖြတ်ကျော်ပေးခဲ့ကြတဲ့ Redbull၊ Alphatauri
လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒါဆို နောက်ဆုံးပွဲကို ယှဥ်ပြိုင်ပါတော့မယ်။

Formula 1 ပရိသတ်တွေဟာ ဒီကြော်ညာကို ကြည့်ပြီး မျက်ရည်ဝဲခဲ့ကြသလို အဲ့ဒီပြိုင်ပွဲနေ့မှာ ကျင်းပတဲ့ နောက်ဆုံးပြိုင်ပွဲကို ကြည့်ရှုခဲ့ကြပါတယ်။
ထိပ်ဆုံးဆိုတဲ့ ပုံရိပ်နဲ့ စင်မြင့်ကို နှုတ်ဆက်ခဲ့ပါတယ်

HONDA တည်ထောင်သူ ဟွန်းဒ ဆိုးတချိရိုးရဲ့ ဆန္ဒအရ ပြိုင်ပွဲကနေတစ်ဆင့် ခေတ်မီနည်းပညာကို မြှင့်တင်ပြီး အဲ့ဒီနည်းပညာကို ဈေးကွက်ထဲမှာ ရောင်းချတဲ့ကားတွေမှာ အသုံးပြုခဲ့ပါတယ်။
1990 ခုနှစ်မှာ Formula 1 ဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်ဖြစ်ပြီး အဲ့ဒီထဲမှာ HONDA ဟာ တောက်ပနေခဲ့ပါတယ်။
NSX ကတော့ အဲ့ဒီကနည်းပညာကို အမြင့်ဆုံးအသုံးပြုပြီး ထုတ်လုပ်ထားတဲ့ကားဖြစ်ပါတယ်။

အထက်တန်းကျောင်းသားတုန်းက ကျွန်တော်ဟာ စိတ်လှုပ်ရှားစွာနဲ့ တီဗီကြည့်ခဲ့တာကို အခုလည်း မှတ်မိနေပါသေးတယ်။
တစ်နေ့နေ့တော့ NSX ကို ဝယ်ရမယ်ဆိုပြီး၊
HONDA ဟာ Ferrari နှင့် အပြိုင် ကားတွေကို ထုတ်လုပ်နိုင်တဲ့ တစ်ခုတည်းသော ဂျပန်ကားထုတ်လုပ်သူဆိုပြီး ကလေးအတွေးနဲ့ တွေးခဲ့ပါသေးတယ်

အဲ့ဒီ HONDA ဟာ နောက်ဆုံးမှာ Formula 1မှာ မယှဥ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Formula 1 ကျော်ကြားတဲ့ခေတ်ဟာ ပြောင်းလဲလာပြီး Formula1 ရဲ့ လူကြိုက်များမှုဟာလည်း ကျဆင်းလာခဲ့ပါတယ်။
ဓာတ်ဆီအင်ဂျင်ကနေ လျှပ်စစ်စွမ်းအင်သုံးမော်တာများသုံးတဲ့ခေတ်ကိုလည်း ပြောင်းလဲလာလျက်ရှိပါတယ်။

အခုခေတ် လူငယ်တွေထဲမှာတော့ မသိတဲ့သူတွေ များကောင်းများနိုင်ပါတယ်။
ဒါပေမယ့် ဒီ Formula 1 ယာဥ်ကို မြင်ဖူးသူ ရှိပါသလား?

https://www.as-web.jp/f1/474679

ဟုတ်ပါတယ်၊ HONDA ရဲ့ အထွတ်အထိပ်ကို ပံ့ပိုးပေးတဲ့ Ayrton Senna နဲ့ Alain Prost တို့ပါတဲ့ ယာဥ်တစ်ခုပါ။
Formula 1 မှာ ယာဉ်မောင်းတစ်ဦးစီ၏ ရလဒ်များအတွက်လည်း ယှဉ်ပြိုင်ရပေမယ့် အဓိကအချက်ကတော့ နှစ်ဦးသားရဲ့ Constructor’s Point နဲ့ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။
ဒါပေမယ့် တစ်သင်းထဲက ပထမနှင့် ဒုတိယနေရာကို လက်ဝါးကြီးအုပ်ထားတဲ့ပြိုင်ပွဲတွေ ဆက်တိုက်ရှိခဲ့ပြီး အသင်းထဲမှာကိုပဲ ၂ ပိုင်းခွဲပြီး ယှဥ်ပြိုင်ရလောက်အောင် HONDA ရဲ့ အားကြီးတဲ့ခေတ်ကို တည်ဆောက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီလိုအကြောင်းလဲ ရှိပါသေးတယ်။
HONDA က ထုတ်လုပ်တဲ့ တာဘိုအင်ဂျင်ဟာ အရမ်းကောင်းမွန်ပြီး ၁၆ ပွဲပြိုင် ၁၅ ပွဲအနိုင်ရရှိဆိုတဲ့ သာလွန်တဲ့စွမ်းရည်ကို ပြနိုင်တဲ့အခါမှာပဲ ဥရောပဦးဆောင်တဲ့ Formula 1 ဟာ တာဘိုအသုံးပြုမှုတားမြစ်ချက်ကို အလျင်အမြန်ကြေငြာခဲ့ပါတယ်။
လွန်စွာမှသာလွန်တဲ့ HONDA ရဲ့ ရိုက်ချက်က အရမ်းပြင်းထန်ပြီး တစ်ကမ္ဘာလုံး တုန်လှုပ်သွားခဲ့တာပါ။
တာဘိုတားမြစ်ကြောင်း အကြောင်းကြားစာကို လက်ခံရှိတဲ့ဝန်ထမ်းက အလွန်စိတ်ဆိုးကြောင်း အကြောင်းကြားတဲ့အခါ
အဲ့ဒီအချိန်မှာ တည်ထောင်သူ ဟွန်ဒါ ဆိုအိချိရိုက ဒီစကားကို ပြောကြားခဲ့ပါတယ်။

HONDA တစ်ခုတည်းကိုပဲ တာဘိုအင်ဂျင် အသုံးပြုခွင့်ပိတ်လိုက်တာလား?
မဟုတ်ဘူးမလား?  တုံးလိုက်တဲ့သူတွေ။
HONDA တစ်ခုတည်းကို ပိတ်ပင်ရင်တော့ တစ်မျိုးပေါ့
အခုတော့ အားလုံးတန်းတူညီမျှ ပိတ်ပင်ခံရတော့ HONDA က အမြန်ဆုံး၊ အကောင်းဆုံး အင်ဂျင်ကို ထုတ်ရမှာမလား
လို့ ပြောခဲ့ပါတယ်။

ယုံကြည်မှုလွန်ကဲတဲ့စကားအပေါ် ထောက်ခံရုံပဲရှိတဲ့အတွက် အားလုံးကတော့ ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။

အခုတော့ HONDA က Formula ကနေ ထွက်ခွာခဲ့ပါပြီ။
ဒါပေမယ့် တစ်နေ့နေ့မှာတော့ ပြိုင်ပွဲတစ်ခုခုမှာ နောက်တစ်ခေါက် မော်ကွန်းအသစ်ကို ရေးထိုးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: