နည်းပညာသင်အလုပ်သမားများနဲ့အတူ ယာစိုက်ကြမယ်။ ကိုရိုနာကပ်ရောဂါအတွင်း နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေကြားက ဆက်ဆံရေး

တိုင်းတစ်ပါးမှာ အလုပ်လုပ်ရတယ်ဆိုတာ အနည်းနဲ့အများ စိုးရိမ်ပူပန်မှုတွေတော့ ရှိတတ်ပါတယ်။
ဒီတစ်ခေါက် အဲ့ဒီလိုစိုးရိမ်မှုထဲမှာ အသစ်အစပြုလိုက်တဲ့၊ နည်းပညာသင်အလုပ်သမားနဲ့ ဒေသခံတွေရဲ့ကြား နွေးထွေးတဲ့ ဖလှယ်မှုအကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ၂၀၁၁ ခုနှစ်မှာ ဂျပန်ကနေ ဗီယက်နမ်ကိုပြောင်းလာတဲ့အချိန် အရမ်းစိုးရမ်ခဲ့တယ်။
ဆံပင်ညှပ်ဖို့ကို ဘယ်လိုပြောရမလဲမသိလို့ ဆံပင်ညှပ်လာတယ်၊ ကပ်ကြေးတွေပါဆောင်ပြီး ဗီယက်နမ်ကိုလာခဲ့တယ်။ Miso တို့ ပဲငံပြာရည်တို့တောင် ယူလာခဲ့သေးတယ်။
သေချာတာပေါ့ အလုပ်အကိုင်ရော နေထိုင်ရေးမှာရော ဘာမှန်းမသိသေးလို့ အစစအရာရာ စိုးရိမ်ပူပန်ခဲ့ရတယ်။
ဒါပေမဲ့ ရောက်လာတော့ အထင်နဲ့တခြားစီပါပဲ..

နည်းပညာသင်အလုပ်သမားအဖြစ်နဲ့ ဂျပန်ကိုလာတဲ့လူတွေလည်း အများစုက နိုင်ငံခြားမှာပထမဦးဆုံးနေထိုင်မယ့်လူတွေဖြစ်ပါတယ်။
ဂျပန်ကိုလာတဲ့ကာယကံရှင်ကိုယ်တိုင်က ပထမဆုံးပဲ ဆိုတဲ့လူတွေ အများကြီးရှိမှာသေချာပါတယ်။
ကျွန်တော်ခံစားမိတဲ့ စိုးရိမ်းစရာတွေနဲ့ နှိုင်းယှဉ်လို့မရအောင်ကို စိုးရိမ်ကြမှာအမှန်ပါ။

အဲ့ဒီလိုသူတို့တွေကို စောင့်ကြိုနေတာက ကိုရိုနာကပ်ရောဂါဆိုးကြီးပဲဖြစ်ပါတယ်။
ရောဂါကိုကြောက်ရ၊ ကာကွယ်ဆေးကလည်း ထိရောက်မှုရှိပါ့မလား? အပြင်ထွက်လို့ရပါ့မလား?
အသိဂျပန်လူမျိုးတွေကိုမေးကြည့်ပေမဲ့လည်း အားလုံးဟာ ကိုရိုနာကိုပထမဆုံး ကြုံတွေ့ရတာမို့လို့ မသိကြတဲ့လူတွေချည်းပါပဲ။
အလုပ်သင်ကုမ္ပဏီကလည်း လုပ်ငန်းကြပ်တည်းမှုကြောင့် ကုမ္ပဏီအတွင်း အခြေအနေဆိုးရွားနေတယ်။

အလုပ်သင်ကာလပြီးသွားလည်း တိုင်းပြည်ပြန်ဖို့မဖြစ်နိုင်တဲ့လူတွေဟာလည်း သောင်းနဲ့ချီရှိနေတယ်။
ဂျပန်အစိုးရဟာ အထူးအစီအစဉ်အဖြစ် နေထိုင်ခွင့်သက်တမ်းကိုတိုးပေးခဲ့ပေမဲ့၊ စိုးရိမ်စရာတွေက ရှိနေအုံးမယ်ထင်ပါတယ်။

ဒီလိုစိုးရိမ်မှုထဲမှာ၊ Kagoshima စီရင်စု Osaki မြို့မှာ နွေးထွေးပျူငှာနဲ့ လှုပ်ရှားမှုပေါ်ထွက်လာပါတယ်။
Osaki မြို့ရှိကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ ဗီယက်နမ်လူမျိုး နည်းပညာသင်အလုပ်သမားတွေဟာ ကုမ္ပဏီကပေးထားတဲ့ အဆောင်အနီးမှာ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးခဲ့ကြပါတယ်။
ဒါပေမဲ့ ဘယ်လိုစိုက်ရမလဲ ကောင်းကောင်းမသိကြဘူး။
ဒါကြောင့် စိုက်ပျိုးရေးကျွမ်းကျင်တဲ့ဒေသခံတွေက လာပြီးသင်ပေးကြတယ်တဲ့..

https://news.yahoo.co.jp/articles/

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်၊ ဆလတ် စတဲ့ဟင်းသီးဟင်းရွက် ၁၀ မျိုးနီးပါးကို စိုက်ပျိုးကြပြီး၊ အားလုံးအတူ ရိတ်သိမ်းဖို့အတွက် စောင့်မျှော်နေကြတယ်။

ဒီကုမ္ပဏီအဆောင်မှာနေထိုင်တဲ့ အလုပ်သမား ၈ ဦးထဲက ၄ ဦးပါဝင်တဲ့ ဒီစီမံကိန်းမှာ ဒေသခံတွေဆီကနေ လယ်မြေများ ငှားရမ်းထားကြောင်းသိရပါတယ်။
လယ်ကွက်အကျယ်မှာ 15㎡ဖြစ်ပါတယ်။
ပျိုးပင်နဲ့မြေသြဇာ ဒီအပြင် ရိုးရှင်းတဲ့လယ်ယာသုံးကိရိယာတွေကို ထောက်ပံ့ပေးဖို့ရန် ဒေသဆိုင်ရာ ပြည်သူ့ခန်းမက Kagoshima စီရင်စုကိုတောင်းဆိုပေးခဲ့ပါတယ်။
နောက်ပြီး စိုက်ပျိုးနည်းကိုလည်း လမ်းညွှန်ပေးပါတယ်။

ဂျပန်မှာတော့ သိပ်ပြီးမကျွမ်းကျင်ဘူး။ ဒါပေမဲ့ ချက်ပြုတ်တဲ့အခါ ထည့်ချင်တဲ့ စပါးလင်ကိုပါ စိုက်ပျိုးကြတယ်။
ဒီနေရာမှာခူးလာတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ပြုတ်ရတာကလည်း ပျော်ရွှင်မှုတစ်ခုပါ။

မြေဆီလွှာနဲ့ထိတွေ့ခြင်းဟာ စိတ်ဖိစီးမှုကိုသက်သာစေတယ်လို့ ပြောကြပါတယ်။
ကိုရိုနာကြောင့် ဖြစ်လာတဲ့စိုးရိမ်ပူပန်မှုတွေကို ဖြေလျှော့ဖို့ အကောင်းဆုံးပဲမဟုတ်ပါသလား?

နိုင်ငံခြားသားမဟုတ်တဲ့ ဂျပန်လူမျိုးတွေဘက်ကနေကြည့်ရင်
အထူးသဖြင့် ကျေးလက်ဒေသမှာရှိတဲ့ သက်ကြီးရွယ်အိုတွေဟာ နိုင်ငံခြားသားကိုမကြိုက်ကြတာမဟုတ်ဘဲ၊ စကားမပြောနိုင်မှာကို ကြောက်လို့သာ
အများစုကထွက်ပြေးကြတာဖြစ်ပါတယ်။
အဲ့ဒီအထဲမှာ၊ ဒီလိုပူးတွဲနေထိုင်ခြင်းဟာ၊ ဂျပန်လူမျိုးတွေအတွက်သော်လည်းကောင်း၊ နည်းပညာသင်အလုပ်သမားတွေအတွက် သော်လည်းကောင်း
သတင်းကောင်းတစ်ခုပါပဲ။
ဒီလိုအံ့သြစရာကောင်းတဲ့ အတူတကွနေထိုင်မှုက ဂျပန်နိုင်ငံတစ်ဝှမ်းလုံးမှာလည်း ပျံ့နှံ့ဖို့ မျှော်လင့်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: