Zairyu card အပါအဝင် ယာဉ်မောင်းလိုင်စင်အတုများ ထုတ်လုပ်ခဲ့တဲ့ တရုတ်နိုင်ငံသားထပ်မံဖမ်းဆီးခံရ

Zairyu card အပါအဝင် ယာဉ်မောင်းလိုင်စင်အတုများ ထုတ်လုပ်ခဲ့တဲ့ တရုတ်နိုင်ငံသားထပ်မံဖမ်းဆီခံရ။

https://news.yahoo.co.jp/

Saitama စီရင်စုရဲတပ်ဖွဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးဌာနဖြစ်သော Ageo ရဲစခန်းဟာ ၈လပိုင်း ၁၇ ရက်နေ့က၊ လူဝင်မှုကြီးကြပ်ရေး ဒုက္ခသည်ဥပေဒ ချိုးဖောက်မှုဖြင့် Zairyu card အတုထုတ်လုပ်တဲ့သံသယနဲ့ မီယာရှီရိုမြို့ Nishikumehara တွင်နေထိုင်သူ တရုတ်နိုင်ငံသားအလုပ်လက်မဲ့ (၃၆နှစ်) အမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။
ဒီအမျိုးသားဟာ ဥပဒေချိုးဖောက်ပြီး Zairyu card အတုပြုလုပ်မှုကြောင့် တရားစွဲခံထားရသူဖြစ်ပြီး၊ ယခုတစ်ကြိမ်က ထပ်မံဖမ်းဆီးခြင်းခံရတာဖြစ်ပါတယ်။

ပြန်လည်ဖမ်းဆီးခြင်းခံရတယ်ဆိုတာက ဇွန်လလယ်လောက်က၊ အမည်မသိသူများနှင့် ပူးပေါင်းကြံစည်ပြီး Miyashiro မြို့နေအိမ်မှာ ကွန်ပျူတာဖြင့် Chiba စီရင်စုရှိ အသက် ၂၀ အရွယ် ဗီယက်နမ်မိန်းကလေးရဲ့ နာမည်နဲ့မွေးသက္ကရာဇ်၊ နေထိုင်ခွင့်အထောက်အထားများ စသည်တို့ကို ရိုက်နှိပ်ခဲ့ပြီး Zairyu card အတု ၁ ကတ်ကိုထုတ်ခဲ့တဲ့သံသယဖြစ်ပါတယ်။
ဒီအမျိုးသားကလည်း ဟုတ်မှန်ကြောင်း ဝန်ခံထားပါတယ်။

ဇွန်လ ၃၀ ရက်နေ့က နေအိမ်အတွင်းရှာဖွေခြင်းအရ၊ တာတာမိဖျာ ၆ ချပ်စာသာရှိတဲ့ထုတ်လုပ်တဲ့နေရာကနေ ကွန်ပျူတာ ၂ လုံး၊ ပရင်တာ ၃ လုံး၊ စမတ်ဖုန်း ၃ လုံး၊ ပလတ်စတစ်ကတ်အလွတ်ပေါင်း ၂၇၀၀ ကတ်ခန့်၊ မပြီးစီးသေးတဲ့ကတ်များအပါအဝင် Zairyu card အတုပေါင်း ၂၂ ကတ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ထိုZairyu card အတုများထဲက ၁ ကတ်မှာ ဗီယက်နမ်လူမျိုးမိန်းကလေးရဲ့ကတ်ဖြစ်ပါတယ်။

ထိုအမျိုးသားဟာ အဖွဲ့ဝင်လဲလှယ်ရေးဆိုက် (SNS) ကနေတဆင့်သိကျွမ်းခဲ့တဲ့ ညွှန်ကြားသူတရုတ်လူမျိုးကနေ ပေးပို့လာတဲ့အချက်အလက်များကိုအခြေခံပြီး Zairyu card အတုများကိုထုတ်လုပ်ခြင်းဖြစ်ပါတယ်။ ယခုနှစ် ၁ လပိုင်းကနေစပြီး ကတ်အတုများထုတ်လုပ်ခဲ့ရာ၊ နိုင်ငံခြားသားများအတွက် Zairyu card အပါအဝင်၊ ယာဉ်မောင်းလိုင်စင်များနှင့်ကျောင်းသားကတ်၊ နေထိုင်မှုကတ် စတဲ့ကတ်အတုပေါင်း ၁ ထောင်ကျော်ကို ထုတ်လုပ်ခဲ့ပါတယ်။ ထိုအထဲမှာ ၈၀ ရာခိုင်နှုန်းဟာ ဗီယက်နမ်လူမျိုးများအတွက်ဖြစ်ပြီး၊ ပိုက်ဆံကြောင့် ထုတ်လုပ်ခြင်းဖြစ်ကြောင်းကိုလည်း ဝန်ခံထားပါတယ်။

ခရိုင်ရဲတပ်ဖွဲ့ဟာ၊ စီရင်စုအတွင်း ကတ်အတုပြုလုပ်တဲ့ အခြားစက်ရုံများ ရှိနိုင်တယ်လို့သုံးသပ်ပြီး အခြေအနေမှန်အားရှင်းလင်းမှုကို ဆက်လက်ဆောင်ရွက်ကြောင်း သိရပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: