“ ယာကူဇာဘော့စ်တို့ ထောင်ထဲမှာအထူးအလေးပေးဆက်ဆံခံရခြင်း” (အကြောင်းမှာကြောက်လို့မဟုတ်ပါ)

ဂျပန်နိုင်ငံထဲမှာလည်းတော်တော်နဲ့မှ သွားခွင့်မရှိတဲ့နေရာ၊ အဲ့ဒါထက် မသွားချင်တဲ့နေရာထဲကတစ်ခုကတော့ အကျဉ်းထောင်ဖြစ်ပါတယ်။
အကျဉ်းထောင်ထဲမှာ ဘယ်လိုနေထိုင်ရသလဲဆိုတာကို အရင်က JAPO မှာမိတ်ဆက်ပေးဖူးခဲ့ပေမဲ့ အခြေခံအားဖြင့်
・လူများစွာနဲ့ တန်းတူအညီအမျှနေထိုင်ရခြင်း
・ကိုယ်ပိုင်အသုံးအဆောင်များ ယူဆောင်လာမှုတားမြစ်ခြင်း
・စည်းကမ်းအရ အလုပ်တစ်ခုခုခိုင်စေခြင်း

စတဲ့ အမျိုးမျိုးသောထိန်းချုပ်ခံရမှုရှိတဲ့နေထိုင်မှုဘဝက စောင့်ကြိုနေပါတယ်။

အကျဉ်းထောင်ထဲမှာတော့ အသေးစားပြစ်မှုကျူးလွန်သူကနေ လူသတ်မှုကျူးလွန်သူအထိရှိပါတယ်။
ယာကူဇာလည်းရှိမယ်ဆိုရင်၊ ကြည့်ရုံနဲ့ကြောက်စရာကောင်းတဲ့ လူငယ်တွေလည်းရှိနေပါတယ်။

ဒီလိုထဲမှာအားလုံးက အညီအမျှနေထိုင်မှုပုံစံနဲ့သွားပါတယ်။
သိပ်ပြီးမြင်ယောင်ကြည့်ချင်စရာတော့မကောင်းဘူးနော် …
အကျဉ်းထောင်ထဲမှာတော့ အခြေခံအားဖြင့် အထူးအလေးပေးဆက်ဆံခံရတယ်ဆိုတာမရှိပေမဲ့၊ နာမည်ကြီးယာကူဇာဘော့စ်ရောက်လာတဲ့အချိန်ကိုသာ အထူးဆက်ဆံကြပါတယ်။
စာဖတ်သူတို့သိကြလား?

ရဲဌာနလို့သာပြောပေမဲ့ ယာကူဇာကိုကြောက်လို့ အထူးအလေးပေးဆက်ဆံကြတာပါဆိုတဲ့ ကိစ္စမျိုးမရှိဘူးတဲ့..

ဒါဖြင့်အကြောင်းအရင်းက…
အကျဉ်းထောင်ထဲမှာလည်း ရန်ပွဲမဖြစ်စေရန် ဆိုပြီးဖြစ်ပါတယ်။

ပြိုင်ဘက်ယာကူဇာလည်း အကျဉ်းထောင်တစ်ခုတည်းမှာပဲ အတူတူရှိနေကြပါတယ်။
ဒါကြောင့် ၂ ယောက်သာတွေ့ဆုံတဲ့အခါ ရန်ပွဲဖြစ်လာနိုင်ပါတယ်။
အကျဉ်းထောင်ထဲမှာဖြစ်တဲ့ ရမ်းကားတဲ့အမှု၊ ပြဿနာဖြစ်လာရင် တာဝန်ကျတဲ့ဝန်ထမ်းတွေခေါင်းပေါ်ရောက်လာမှာဖြစ်တာကြောင့်၊ လုံးဝရှောင်လွှဲလို့မရပါဘူး။
ဒါကြောင့်ပဲ ဒီလိုအထူးအလေးပေးဆက်ဆံမှုကို လုပ်ပေးရခြင်းဖြစ်ပါတယ်။

 

သီးသန့်အခန်းကျဉ်းတွင် ထည့်ထားခြင်း

https://www.ohk.co.jp/data/8196/pages/

ပုံမှန်အားဖြင့် အကျဉ်းထောင်ထဲမှာတော့ ၆ ယောက်ကို ၁ ခန်းအဖြစ်နေဖို့ပေးထားပါတယ်။
အဲ့ဒီထဲမှာ ပုံမှန်အထက်အောက်ဆက်ဆံရေးမျိုးဖြစ်သွားတတ်ကြပေမဲ့၊ ယာကူဇာဘော့စ်ကိုတော့ အထူးသီးသန့် အခန်းပေးပါတယ်။
အစကတည်းက အားလုံးနဲ့အတူထားလို့မရပါဘူး။
တစ်ယောက်ခန်း အခန်းကျဉ်းထဲမှာထည့်ပါတယ်။
ဘယ်သူကတော့ ဘယ်လိုအဖမ်းခံရပြီး နောင်တကိုရနေသလဲဆိုပြီး စစ်ဆေးတာမျိုးမလုပ်တဲ့အတွက်၊ အန္တရာယ်ရှိလို့တစ်ယောက်တည်းပဲထားပါတယ်။

 

အလုပ်နေရာတွင် သက်ကြီးပိုင်းများနှင့်အတူထားခြင်း

ထောင်ကျတဲ့လူတွေကို အကျဉ်းထောင်အလုပ်ဆိုပြီးခိုင်းပါတယ်။
タンスလုပ်ခြင်း၊ iPhone များပြန်လည်ပြုပြင်ခြင်း၊ သို့မဟုတ် အကျဉ်းသားအားလုံးရဲ့အဝတ်ကိုလျှော်ဖွတ်ရခြင်း စတဲ့အလုပ်အမျိုးမျိုးကို ခိုင်းပါတယ်။ အကျဉ်းသားတွေဟာ အလုပ်ကိုကျွမ်းကျင်လာရင်း၊ ထောင်ကနေထွက်တဲ့နောက်ပိုင်း ရာဇဝတ်မှုထပ်မကျူးလွန်တော့ဘဲ သမာအာဇီဝနည်းနဲ့ အသက်ရှင်နေထိုင်ကြဖို့အတွက်ဖြစ်ပါတယ်။
ဒီအလုပ်တွေဟာ အကျဉ်းသားအားလုံးအတူ တစ်ချိန်တည်းလုပ်ရပေမဲ့၊ ယာကူဇာဘော့စ်တွေကိုအထူးသီးသန့် စဉ်းစားပေးမှုရှိပါတယ်။
တစ်ယောက်တည်းနဲ့အလုပ်လုပ်ရမယ်ဆိုတာတော့ မဖြစ်နိုင်ပေမဲ့၊ ယာကူဇာဘော့စ်ကိုတော့ ဦးလေးကြီးတွေနဲ့ပဲတွဲပေးပါတယ်။

အလုပ်လုပ်နေချိန်မှာလည်း တီးတိုးပြောခြင်းကိုတားမြစ်ထားပေမဲ့၊ အလုပ်ထဲမှာတစ်နည်းနည်းနဲ့ ပစ္စည်းကိရိယာကိုယူထားတတ်ကြပါတယ်။

အဲ့ဒါတွေနဲ့ တစ်ယောက်ကိုတစ်ယောက်ထိုးကြရင်တော့ ဒုက္ခရောက်ကုန်ပါ့မယ်
ဒါကြောင့် ပြန်ပြီးမတိုက်ခိုက်နဲ့တဲ့ဦးလေးကြီးတွေနဲ့အတူထားခြင်းဖြစ်ပါတယ်။

 

လမ်းလျှောက်နေတဲ့ပုံကိုမပြခြင်း

အကျဉ်းထောင်တစ်ခုတည်းအတွင်းမှာပဲ “ အဲ့ယာကူဇာရောက်နေတယ်” ဆိုပြီးတစ်ဆင့်စကားတစ်ဆင့်နားထဲကိုရောက်သွားရင် ပြဿနာဖြစ်လာဖို့ လမ်းစဖြစ်လာနိုင်တာကြောင့်၊ ပုံမှန်အားဖြင့်သိုသိုဝှက်ဝှက်နဲ့လုပ်ကြပါတယ်။

ယာကူဇာဘော့စ်တစ်ယောက် စင်္ကြန်မှာလျှောက်နေတဲ့အချိန် အခြားဝန်ထမ်းတစ်ယောက်က အကျဉ်းသားအားလုံးကို ခေါင်းငုတ်ထားခိုင်းပါတယ်။

မျက်လုံးချင်းဆုံမိရုံနဲ့ သူဘာကောင်လဲ၊ကိုယ်ဘာကောင်လဲဆိုပြီး ရန်ဖြစ်ချင်နေကြတဲ့ လူတွေချည်းရှိတဲ့နေရာဆိုတော့လည်း ဒီလိုကိစ္စလေးတွေက အရေးကြီးပါတယ်။

ဒါကြောင့် ယာကူဇာဘော့စ်ကိုကြောက်လို့အထူးအလေးပေးဆက်ဆံနေခြင်းမဟုတ်ဘဲ၊ ပြဿနာထပ်မဖြစ်ရအောင် အထူးကိုင်တွယ်နေခြင်းမျိုးပဲဖြစ်ပါတယ်။ အထူးဆက်ဆံတယ်ဆိုပြီး အရက်တို့ဆေးလိပ်တို့ကိုသွားပေးတာမျိုးလည်းမဟုတ်သလို၊ လွတ်လပ်ခွင့်ပေးတာမျိုးလည်းမဟုတ်ပါဘူး။

ဖြစ်နိုင်မယ်ဆိုရင်တော့ ထောင်ထဲမှာတစ်သက်လုံး ဘယ်သူမှနေချင်မှာမဟုတ်ဘူးနော်…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: