ဟိုတယ်မှာတည်းခိုရင်း ရထားနှင့်လေယာဉ်မောင်းနိုင်မည့် အခွင့်အရေး (သင်ဟာရထားချစ်သူလား? လေယာဉ်ချစ်သူလား?)

ဂျပန်မှာတော့ ကျန်ခဲ့တဲ့ရသတ္တပတ်တွေမှာ ကိုရိုနာကူးစက်သူလူဦးရေ သိသိသာသာလျော့နည်းလာပြီး၊ စည်းမျဥ်းစည်းကမ်းတွေကိုလည်း တစ်ဖြည်းဖြည်းဖြေလျော့လာပါတယ်။
အပြင်ထွက်ချင်ပေမဲ့လည်း မသွားနိုင်ခဲ့တဲ့လူတွေက တစ်ချိန်တည်းမှာပဲ လှုပ်ရှားသွားလာကြတယ်။
နိုင်ငံခြားကနေ လာရောက်လည်ပတ်မယ့်နိုင်ငံခြားသားခရီးသွားတွေကိုလည်း မကြာခင်ပြည်ဝင်ခွင့်ပြုမယ်လို့လည်းထင်ရပါတယ်။

ကဲဒါဆို စာဖတ်ပရိသတ်တို့အားလုံးပဲ
ဂျပန်ကိုလာရောက်လည်ပတ်ဖို့ရော အအစီအစဉ်ဆွဲနေကြပြီလား?
ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ ယာဉ်မောင်းတစ်ယောက်လို ခံစားရစေမယ့် စိတ်ဝင်စားဖွယ်ဟိုတယ်များအကြောင်းပဲဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်တည်းခိုမယ်ဆိုရင် ဒီလိုဟိုတယ်ကပျော်ဖို့ကောင်းတယ်မှာပါ?

ရထားမောင်းသူတစ်ယောက်လိုခံစားနိုင်မယ့် ဟိုတယ်

ခရီးသွားတွေကိုဆွဲဆောင်ထားတဲ့နေရာ Asakusa မှာရှိတဲ့ Asakusa Tobu Hotel
ဒီဟိုတယ်မှာတော့ ရထားမောင်းသူတစ်ယောက်လိုခံစားနိုင်မယ့် အခန်းကိုပြင်ဆင်ထားပါတယ်။
ဒီဟိုတယ်ကိုစီမံအုပ်ချုပ်တဲ့ Tobu Group ဟာ Tobu Railway ဆိုတဲ့ရထားကုမ္ပဏီရဲ့ လုပ်ငန်းရှင်ဖြစ်ပါတယ်။
ဒါကြောင့် ထိုအထူးအခန်းရဲ့ ထူးခြားချက်က တော်တော်လေးဇိမ်ကျပါတယ်။

ဒီလိုအခန်းပုံစံဖြစ်ပါတယ်။

https://www.tobuhotel.co.jp/asakusa/cms/おすすめ/9764

ရထားချစ်သူတွေ သဘောကျမယ့်အရာ များစွာရှိပါတယ်။
ဘူတာရုံဆိုင်းဘုတ်၊ အထူးတွဲရဲ့ဆိုင်းဘုတ်၊ လမ်းမြေပုံ စတဲ့တကယ့်အစစ်တွေကို အခန်းထဲမှာအလှဆင်ထားပေးပါတယ်။
ရထားချစ်သူတွေ ဒီလိုရထားထဲရောက်သွားရင် အိပ်ပျော်တော့မှာတောင်မဟုတ်ဘူးမလား?

သို့သော် ဒါတင်ပဲမကသေးပါဘူး။ ဒီအခန်းရဲ့ အံ့သြစရာအကောင်းဆုံးပစ္စည်းကတော့ ဒီမှာပါ။

တကယ့်ယာဉ်မောင်းတစ်ယောက်က လေ့လာနေတဲ့ ပြည့်စုံကောင်းမွန်တဲ့ Simulator တစ်ခုကိုတပ်ဆင်ထားပါတယ်။
မော်နီတာထဲမှာပေါ်နေတဲ့ပုံရိပ်နဲ့အတူ ကိရိယာတွေကလည်း ကောင်းစွာလှုပ်ရှားနေပါတယ်။
ဒါကလည်း တကယ့်အစစ်ပါ။ မဟုတ်သေးဘူး simulator ဆိုပေမဲ့

ရထားကိုလုံးဝစိတ်မဝင်စားတဲ့လူကတော့ ဘယ်လိုလှုပ်ရှားရမလဲသိမှာမဟုတ်ပါဘူး။ ဒါပေမဲ့၊ ရထားချစ်သူကတော့ စိတ်လှုပ်ရှားလွန်းလို့အိပ်မပျော်နိုင်ဖြစ်သွားပါလိမ့်မယ်။

လေယာဉ်သဘောကျတဲ့သင့်အဖို့ကတော့ ဒီမှာပါ။

https://www.tokyuhotels.co.jp/haneda-e/information/201907cockpitroom/index.html

Haneda Excel Hotel Tokyu ဟိုတယ်အိပ်ခန်းမှာတော့ Boeing 737-800 ဆိုတဲ့ လေယာဉ် simulator တစ်ခုပါပါတယ်။
ဒါကဘာကြီးလဲ၊ အခန်းဖွဲ့စည်းပုံကတောင် ပြောင်းလဲသွားတယ်။
လေယာဉ်ကိုအတော်လေးသဘောကျတဲ့ကျွန်တော်တောင် စိတ်လှုပ်ရှားလွန်းလို့နှာခေါင်းသွေးလျှံလုမတတ်ပါပဲ..

သင်လည်းလေယာဉ်ကြိုက်သူတစ်ယောက်ဆိုရင် ဒီဓါတ်ပုံကိုကြည့်ပြီး စိတ်လှုပ်ရှားကြည့်ပါ။


ဒါပါပဲ..
မသိတဲ့လူကတော့ လုံးဝသိမှာမဟုတ်ဘူး။ ဒါပေမဲ့ အရမ်းကြိုက်တဲ့လူအတွက်တော့ စိတ်လှုပ်ရှားလွန်းလို့ အိပ်ပျော်မယ်လို့တောင်မထင်ပါဘူး။
ဒါပေမဲ့ တစ်ခါလောက်တည်းဖူးချင်တယ်!လေယာဉ်ကိုကိုယ်တိုင်မောင်းကြည့်ချင်တယ်။!
ဒါဆို သေချာပေါက် ဒီဟိုတယ်တွေမှာတည်းကြည့်ပါ…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: