နှစ်စဉ်မြင်းအကောင်ရေပေါင်း ၇၀၀၀ သတ်ဖြတ်စားသောက်ခံနေရတဲ့ အခြေအနေကနေ မြင်းများကိုကယ်တင်ဖို့ jockey တစ်ယောက်ရဲ့လှုပ်ရှားမှုစတင်လာ

မြင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့မြင်းတွေဟာ မျိုးကောင်းတဲ့မြင်းတွေဖြစ်ကြပါတယ်။
မြန်မြန်ပြေးနိုင်ဖို့အတွက် အမျိုးမျိုးသောအသစ်ပြုပြင်ခံရပြီးတဲ့သူတို့တွေဟာ ခြေတံကရှည်ရှည်၊ အားကောင်းကောင်းနဲ့တစ်ဟုတ်ထိုးပြေးနေတဲ့ပုံစံက အရမ်းလှပါတယ်။

ဒီမျိုးကောင်းတဲ့မြင်းတွေဟာ အနားယူပြီးတဲ့နောက်မှာ ဘယ်လိုဖြစ်သွားကြလဲဆိုတာ စာဖတ်သူတို့သိကြပါသလား?
၉၀ ရာခိုင်နှုန်းဟာအသတ်ခံရပြီး၊ မြင်းသားအဖြစ်ရောင်းချခြင်းခံရပါတယ်။
ထိုအရေအတွက်ဟာ တစ်နှစ်ပတ်လုံးမှာ အကောင်ရေ ၇၀၀၀ လောက်ရှိပါတယ်။

ချန်ရစ်ထားကြတဲ့မြင်းတွေကတော့ အခြေခံအားဖြင့် ထူးချွန်မှတ်တမ်းရှိကြတဲ့ မြင်းများသာဖြစ်ပါတယ်။
မြင်းရဲ့လျင်မြန်မှု၊ ပြိုင်းပွဲအတွင်းသန်မာမှုဟာ မျိုးရိုးနဲ့လိုက်ပြီး လွှမ်းမိုးမှုအားကောင်းတဲ့အတွက်ကြောင့်၊ ထူးချွန်တွေမြင်းတွေကိုမျိုးဆက်ထားဖို့အတွက် သီးသန့်ချန်ခဲ့ကြပါတယ်။

အဲ့ဒီလိုအသတ်ခံတော့မယ့် မြင်းတွေကိုကယ်တင်ဖို့အတွက် လှုပ်ရှားလာတဲ့လူတစ်ဦးရှိတယ်။

https://gunosy.com/articles/enCdv?s=s

ထိုသူကတော့ မြင်းစီးပြိုင်ပွဲတွေမှာ jockey အဖြစ်အသက်မွေးဝမ်းကြောင်းပြုနေသူ “ မဆုဘရ မဆဖုမိ” ဆိုသူပဲဖြစ်ပါတယ်။
jockey အဖြစ်ကနေအနားယူလိုက်တဲ့ “ မဆုဘရ” ဟာ၊ အသတ်ခံရမယ့်မြင်းတွေကိုလက်ခံပြီး မြင်းစီးခြင်းအတွေ့အကြုံကို ဝန်ဆောင်မှုပေးတဲ့ မွေးမြူရေးခြံတစ်ခုကို ထူထောင်လိုက်ပါတယ်။

ထိုဒေသကလူတွေကလည်း မိမိတို့ရဲ့ကလေးတွေကို မြင်းနဲ့ယဉ်ပါးစေချင်တယ် လို့ဆိုကြတာကြောင့်၊ မြင်းများထားရှိတဲ့တင်းကုပ်ကို အခမဲ့လာရောက်ကြည့်ရှုဖို့ ခွင့်ပြုထားပါတယ်။

ကြိုတင်စာရင်းသွင်းထားမယ်ဆို ယန်း ၅၀၀ ဖြင့်မြင်းစီးနိုင်ပါတယ်။
ဒါပေမဲ့ မြင်းရဲ့ကျန်းမာရေးကဦးစားပေးဖြစ်တဲ့အတွက်၊ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ထက်ကျော်တဲ့အခါ မြင်းကိုအနားပေးပါတယ်။ ပေးမစီးတော့ပါဘူး။
ငယ်ငယ်ကတည်းကပျိုးထောင်ထားတဲ့ ပြိုင်မြင်းတွေကို ဘယ်လောက်တောင်ကရုစိုက်တယ်ဆိုတာ သိနိုင်ပါတယ်။
“ မဆုဘရ” ဟာမြင်းတစ်ကောင်နေမကောင်းဖြစ်ပြီဆိုရင် နေ့ရောညပါစောင့်ကြည့်ပေးတတ်သူဖြစ်ပါတယ်။
သူဟာပြိုင်မြင်း ၁၅ ကောင်ကိုသေဆုံးတဲ့အထိ ကြည့်ရှုပေးခဲ့ဖူးပါတယ်။
ဘဝဟာပြေးဖို့အတွက်ပဲ မွေးဖွားလာကြတယ်ဆိုပေမဲ့၊ မြင်းတွေရဲ့အသက်ကလည်း တန်ဖိုးရှိပါတယ်။
“ မဆုဘရ” လိုချင်တဲ့အရာကတော့ မြင်းတွေကို သက်တမ်းစေ့အသက်ရှင်သွားဖို့ပဲ လို့သိရပါတယ်။
အသက် ၁၆ နှစ်သားအရွယ်ကတည်းက မြင်းပြိုင်ပွဲမှာ jockey အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ “ မဆုဘရ” ဟာ၊ ဒီလိုပုံစံနဲ့မြင်းတွေအပေါ် ကျေးဇူးတုံ့ပြန်လိုက်ပါတယ်။

လူများစွာကို မြင်းတွေနဲ့ပိုပြီးထိတွေ့စေချင်တဲ့ရည်ရွယ်ချက်နဲ့ Camp ကိုဖွင့်လှစ်ထားပါတယ်။
ဒီအပြင် အနီးအနားမှာရှိတဲ့ကလေးထိန်းကျောင်းတွေနဲ့ မူကြိုကျောင်းတွေဆီကိုလည်း မြင်းတွေကိုခေါ်သွားလေ့ရှိပါတယ်။

သက်ရှိသတ္တဝါဆိုတာ အသုံးမလိုတော့ရင် လွှင့်ပစ်လို့ရတဲ့အရာတစ်ခုမဟုတ်ဘူးနော်…
မြင်းနဲ့လူသားတွေရဲ့ဆက်ဆံရေးလည်း ပိုပြီးကောင်းမွန်လာပါစေ။…

https://matsubarastables.webnode.jp

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: