ဂျပန်နိုင်ငံရဲ့ အမှောင်ဘက်ခြမ်း။ နိုင်ငံခြားသားများ ကြောက်ရွံ့ကြသည့် လူဝင်မှုကြီးကြပ်ရေးဌာန

ဂျပန်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးဌာနဆိုတဲ့ အဖွဲ့အစည်းရှိပါတယ်။

အရှည်ကောက်ကတော့ လူဝင်မှုကြီးကြပ်ရေးနှင့်နေထိုင်မှုစီမံခန့်ခွဲရေးဌာနဆိုတဲ့အဖွဲ့အစည်းဖြစ်ပြီး ရည်ရွယ်ချက်က နိုင်ငံခြားသားမကဘဲ တစ်နိုင်ငံလုံးရဲ့ ပြည်ဝင်ပြည်ထွက်နဲ့ နိုင်ငံခြားသားရဲ့ နေထိုင်မှုကို စီမံခန့်ခွဲဖို့ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းကပိုင်ဆိုင်တဲ့အဆောက်အအုံထဲမှာ ထိန်းသိမ်းရေးစခန်းဆိုတာရှိပါတယ်။အခြေခံအားဖြင့်တော့ တရားမဝင်နေထိုင်တဲ့လူတွေကို ထိန်းသိမ်းတဲ့စင်တာဖြစ်ပြီး နေထိုင်ခွင့်ကာလကျော်လွန်နေတဲ့သူနဲ့ တရားမဝင် ဝင်ရောက်လာတဲ့သူတွေ ပြီးတော့ ဒုက္ခသည်လျှောက်ထားဆဲသူတွေကိုလည်း ဒီစင်တာမှာ ထိန်းသိမ်းလေ့ရှိပါတယ်။

နေထိုင်ခွင့်မရှိတဲ့သူကို ဂျပန်နိုင်ငံအတွင်းမှာ လွတ်လွတ်လပ်လပ်မသွားစေလိုတဲ့အကြောင်းပြချက်နဲ့ ထိန်းသိမ်းကြပေမယ့် ဂျပန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးနေရာက အလွန်ဆိုးရွားလွန်းတယ်လို့ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော်ပါတယ်။

ဖိနှိပ်ချုပ်ချယ်ခံရပြီး အရိုးကျိုးသွားတဲ့အမျိုးသား

https://mainichi.jp/articles/20210915/k00/00m/040/152000c

အိုဆာကာလူဝင်မှုကြီးကြပ်ရေးနဲ့နေထိုင်မှုစီမံခန့်ခွဲရေးဌာနမှာ အဖမ်းခံထားရတဲ့ ဂျပန်ပီရူးလူမျိုး အသက် ၄၀ အရွယ် အမျိုးသား။

သူ့ကို ကျွေးတဲ့အစားအစာအပေါ် ညည်းညူတဲ့အခါ ဝန်ထမ်းဖြစ်သူက ခန္ဓာကိုယ်ကို ဖိလိုက်ပြီး လက်နောက်ပြန်လိမ်ကာ လက်ထိပ်ခတ်လိုက်ပေမယ့် အဲ့ဒီအချိန် လက်မောင်ရိုးမှာ အက်ကွဲတဲ့ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် နာရီအတန်ကြာပစ်ထားခံရတဲ့ပုံကိုလည်း ဗီဒီယိုမှာ ရိုက်မိထားပါတယ်။

ဝန်ထမ်းဘက်ကနေ “ပြင်းထန်တဲ့ခုခံမှုကို ချိုးနှိမ်ဖို့အတွက်” လို့ ပြောခဲ့ပေမယ့် ဗီဒီယိုမှာ မြင်ရသလောက်ကတော့ အလွန်အကျွံ ကိုင်တွယ်နေတာဖြစ်ပါတယ်။ဒါ့အပြင် ညနက်ချိန်မှာ သူအိပ်ပျော်နေတုန်း ဝန်ထမ်းဖြစ်သူက အတင်းနိုးပြီး အပေါ်တက်ဖိတာမျိုးလည်းရှိပြီး ဒီနေရာက ထောင်ထက် အများကြီး ပိုဆိုးတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နဂိုယာမှာ ထိန်းသိမ်းခံထားရတဲ့ သီရိလင်္ကာအမျိုးသမီးရဲ့ ကျန်းမာရေးအခြေအနေမကောင်းမှုကို လျစ်လျူရှုခဲ့တဲ့အတွက် သေဆုံးသွားတဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ အိဘရခိစီရင်စုရဲ့ ထိန်းသိမ်းရေးစခန်းမှာ ဆီးချိုရောဂါခံစားနေရတဲ့ အသက် ၄၃ နှစ်အရွယ် ကင်မရွန်လူမျိုးက သူ့ရဲ့ဆေးချိုရောဂါကို ကုသခွင့်ပေးဖို့နဲ့ မကုသပေးရင် အသက်သေဆုံးနိုင်ကြောင်း ဆက်တိုက်တောင်းဆိုခဲ့ပေမယ့် နောက်နေ့မှာလည်း ဆေးရုံကို မခေါ်သွားပေးခဲ့တဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုပြုလုပ်ကြည့်တဲ့အခါ ဂျပန်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေရဲ့ ထိန်းသိမ်းရေးစခန်းမှာ ယခင် နှစ် ၂၀ အတွင်း လူ ၁၂ ဦးဟာ ထိန်းသိမ်းခံရစဥ်အတွင်းမှာ သေဆုံးခဲ့တဲ့ပုံပါပဲ။

ဒါ့အပြင် ပေါ်ထွက်လာခြင်းမရှိတာကတော့ ထိန်းသိမ်းရေးစခန်းမှာ နေမကောင်းဖြစ်ပြီး ဆေးရုံကဆင်းပြီးတဲ့နောက် သေဆုံးသွားတဲ့အမှုတွေပဲဖြစ်ပါတယ်။ဒါအမှုတွေကိုတော့ လိုက်လံမစုံစမ်းနိုင်ပေမယ့် ရှိမယ်လို့ထင်ရပါတယ်။

ဒီလိုအဖြစ်အပျက်တွေ ဖြစ်ပျက်ရတဲ့အကြောင်းအရင်းတစ်ခုကတော့ လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်းတွေက ဆေးဘက်ဆိုင်ရာဆုံးဖြတ်ချက် ချမှတ်ရတဲ့အတွက် ဖြစ်ပါတယ်။ကျန်းမာရေးမကောင်းကြောင်း ပြောထားတဲ့သူတွေကို ဆေးရုံကို ခေါ်သွားမသွားက ဒီဝန်ထမ်းတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ဆေးပညာဗဟုသုတမရှိတဲ့အတွက် အမှားတွေလည်း မကြာခဏလုပ်မိနိုင်ပါတယ်။

ဒါ့အပြင် ထိန်းသိမ်းခံရသူကို လူသားအနေနဲ့မတွေးတဲ့ ဝန်ထမ်းတွေလည်း ရှိနေပြန်ပါတယ်။

ဒါက အကြီးမားဆုံးပြဿနာပါ။

တရားမဝင်နေထိုင်တဲ့နိုင်ငံခြားတွေအနက် ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး ဂျပန်နိုင်ငံကို ဒုက္ခပေးတဲ့သူတွေလည်း အများကြီးရှိပါတယ်။ဒီလိုလုပ်ရပ်ကြောင့် ခွင့်မလွှတ်နိုင်တဲ့ပုံရပါတယ်။

တရားမဝင်နေထိုင်သူ = ရာဇဝတ်သား

ဆိုတဲ့ ခံစားချက်က ပြင်းထန်သွားတယ်လို့ထင်ရပါတယ်။

တကယ့် ရာဇဝတ်သားတွေကို ထိန်းသိမ်းတဲ့ အကျဥ်းထောင်မှာတော့ ဝန်ထမ်းတွေက ပြဿနာဖြစ်စေတဲ့လုပ်ရပ်တွေ မပြုလုပ်အောင် စောင့်ကြပ်ကြပေမယ့် လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်းတွေကတော့ အခုထိ ပြဿနာကြီးကြီးမားမားမတက်ခဲ့ဖူးတဲ့အတွက်ကြောင့် ကောင်းစွာမစောင့်ကြည့်ဘဲ လုပ်ချင်သလိုလုပ်နေကြတယ်မဟုတ်လားလို့ထင်မိပါတယ်။

ဂျပန်လူမျိုးပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် လူသားပါပဲ။

ထိန်းသိမ်းခံရတယ်ဆိုတာက ဘဝမှာ ဒုတိယအရေးအကြီးဆုံးဖြစ်တဲ့ ရပိုင်ခွင့် “ လွတ်လပ်ခွင့်” ကို ဆုံးရှုံးရခြင်းဖြစ်ပါတယ်။စားသောက်ဖို့ပဲဖြစ်ဖြစ်၊ အိမ်သာသွားဖို့ပဲဖြစ်ဖြစ် ခွင့်ပြုချက်လိုအပ်လာပါတယ်။ဖုန်းခေါ်တာတို့၊ အီးမေးလ်ပို့တာတို့၊ ဖေ့စ်ဘုတ်စတာတွေလည်း အသုံးပြုလို့မရပါဘူး။

ဒါက လူသားတွေအပေါ် မှန်ကန်တဲ့ ဆက်ဆံနည်းဟုတ်ပါရဲ့လား?

Over Stay ကတော့ လုံးဝ တရားမဝင်ဘူးဆိုတာတော့ မှန်ပါတယ်။ဒါပေမယ့် တရားမဝင်တဲ့အရာတစ်ခုကို လုပ်ခဲ့တာမို့လို့ သူ့ကိုဘာလုပ်လုပ် ရတယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။

ဥပမာအနေဲ့ ကားနဲ့ ယာဥ်ရပ်နားမှုဥပဒေကို ဖောက်ဖျက်မိခဲ့ရင် ဒါက ဥပဒေချိုးဖောက်မှုမြောက်ပေမယ့် ထောင်နှစ်လချဖို့ မလိုပါဘူး။

Over Stay နေတဲ့သူဟာ ၂ လကြာ လွတ်လပ်ခွင့်ဆုံးရှုံးသင့်တဲ့ရာဇဝတ်သားလို့ မထင်ပါဘူး။ကိုယ်ကျူးလွန်ခဲ့တဲ့အပေါ် မျှတတဲ့ အပြစ်ဒဏ်ပြီးတော့ နောက်တစ်ကြိမ် မကျူးလွန်စေဖို့အတွက် အနိမ့်ဆုံးပြစ်ဒဏ်ကို ချမှတ်သင့်တယ်လို့ထင်ပါတယ်။

ဒီအောက်ကတော့ ဒုက္ခသည်အသိအမှတ်ပြုမှုအပေါ် နိုင်ငံအလိုက် နှိုင်းယှဥ်ချက်ဖြစ်ပါတယ်။

ဘယ်ဘက်ကနေ အစဥ်လိုက် ဂျာမနီ၊ ကနေဒါ၊ ပြင်သစ်၊ အမေရိက၊ အင်္ဂလန်၊ ဂျပန် ဆိုပြီး ရပ်တည်နေတာဖြစ်ပါတယ်။အသိအမှတ်ပြုခံရသူရာခိုင်နှုန်းက ဒုက္ခသည်အနေနဲ့ အသိအမှတ်ပြုနေတဲ့ထဲမှာ ဂျာမနီမှာ ၄၁.၇ ရာခိုင်နှုန်းရှိတဲ့အချိန် ဂျပန်နိုင်ငံကတော့ ၀.၅ ရာခိုင်နှုန်းမှာပဲရှိနေပါတယ်။နိုင်ငံအလိုက် အခြေအနေတွေက ကွဲပြားပေမယ့် ဂျပန်နိုင်ငံရဲ့ အသိအမှတ်ပြုနှုန်းနိမ့်တာက ကမ္ဘာထိပ်တန်းဖြစ်နေတာကတော့ အထီးကျန်စရာပါပဲ။

သေချာကတော့ ဂျပန်နိုင်ငံက အရင်တုန်းက နိုင်ငံခြားသားတွေအပေါ် ဒီလောက်အေးစက်စက်နိုင်တဲ့နိုင်ငံတစ်ခုမဟုတ်ခဲ့ပါဘူး။

ဂျပန်နိုင်ငံအတွင်းမှာရော ပြည်ပမှာပါ ဒီလိုပြဿနာမျိုးကို ခေါင်းစဥ်တစ်ခုအနေနဲ့ ဆွဲထုတ်ပြီး ဆွေးနွေးသင့်တယ်လို့ထင်ပါတယ်။လူတိုင်း စိတ်အေးချမ်းလွတ်လပ်စွာနဲ့ ဂျပန်နိုင်ငံကို လာနိုင်အောင် ဒီသတင်းအကြောင်းအရာကို အသိမိတ်ဆွေတွေကို မျှဝေပေးပါဦးနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: